~~~~~~~~~~~~~~~~~~~~~~
အမေ...

☆ အိုနာသေအပါအဝင် ရုပ်ဖြစ်ပျက်တွေဆိုတာက မြင်နေရတယ်။ ကြည့်လို့
မြင်ရင် မြင်ပြီးတော့ ဆင်ခြင်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဆင်ခြင်တုံတရား အား
နည်းသွားလောက်အောင် မေ့မေ့ကြီးနဲ့ အာရုံခံစားနေကြတာကိုပဲ အပ်
ကြောင်းထပ်ရဦးတော့မှာပါပဲ။

☆ ဆရာတော်ဘုရားကြီးအတွက် ကျောင်းကြီးတစ်ဆောင် ဆောက်လှူတယ် ဆိုပါစို့။

ဒီကနေ့ကျောင်း၊ မနက်ဖြန်အဟောင်း။

ဟောင်းရာက ဆွေးပြီး ပျက်ရဦးတော့မယ်။

☆ စပါးက ပျက်လာတော့ထမင်း၊ ထမင်းက ပျက်လာတော့ ဝါးဖတ်၊ ဝါးဖတ်က
ပျက်လာတော့ အစာ၊ အစာက ပျက်လာတော့ မစင်၊ အိမ်သာထဲမှာ မစင်ရဲ့ သတ္တိပျက်သွားတာနဲ့ မြေဘဝပြန်ရောက်သွားပါလေရောတဲ့။ ရုပ်ဆိုတာလည်း
ဖြစ်ပျက်သံသရာထဲမှာ။

☆ လမ်းသွားတဲ့ ဥပမာနဲ့ ဆရာတော်ဘုရားကြီးက ဆက်ပြီး ဟောပါတယ်။

☆ ဘယ်လှမ်းရင် ညာပျက်တယ်။ ညာလှမ်းရင် ဘယ်ပျက်တယ်။ ခြေလှမ်းတစ်
လှမ်းရဲ့ ဖြစ်ပျက်တည်နေမှုဟာ ဘယ်လောက်ကြာလို့တုံး။ မပျက်ခင် ဘေး
တင်နေတဲ့ ခဏကလေးမျှသာ၊ တကယ့်အနှစ်သာရက အပျက်မှ အပျက်သို့ သာ သွားနေတယ်တဲ့။ ဒါပေမဲ့ပျက်နေပါတယ်လို့ ပြောရင် လူတွေက လိုလိုချင်
ချင် လက်မခံကြပါ။ အနိဋ္ဌာရုံတစ်ခုလို ရှောင်ကွင်းချင်ကြတယ်။

☆ ဖြစ်နေတယ်ဆိုတဲ့ လှည့်စားမှုမှာ သာယာတပ်ငြိဖွယ် အာရုံတွေ လိမ်းခြယ်
မွမ်းမံထားတော့ အာရုံရဲ့တိုက်ဆွဲ ဆွဲရာဆီကြိုက်စွဲနဲ့ လိုက်ပါသွားကြပါတယ်။
စိတ်သွားရာ ကိုယ်ပါပြီး ကာယကံမှုတွေ ပြုလာကြပြီနော်။ ခံစားရာ အာရုံတွေ
လည်း မမြဲပါဘူး၊ ဖြစ်ခဏကလေးမှာ သာယာနေကြတာပါဆိုရင်လည်း လူ
တွေက လွယ်လွယ်နဲ့ လက်ခံဦးမှာ မဟုတ်ပါ။ ရုပ်ဝတ္ထုကာမ စည်းစိမ်တွေသာ
လောက တန်ဘိုး၊ ဘဝတန်ဘိုးဖြစ်နေတော့ ဒီတန်ဘိုး ဒီစံနှုန်းတွေ မြဲတယ်၊
မြင့်တယ်လို့ထင်နေကြဆဲပါပဲ။

☆ မြဲတယ်ဆိုတဲ့ ရုပ်ဝတ္ထုတွေရဲ့ ဖြစ်တည်မှုဆိုတာ...

☆ ခဲတစ်လုံးကို လေဟာနယ်ထဲ ပစ်တင်လိုက်ပါ။ အောက်ပြန်ကျမလာမီ အဲဒီ
လေထဲမှာ ခဏလေး‘ရောက်၊ တန့်’သွားတဲ့အချိန်ကလေးသာ‘ဖြစ်တယ်’၊‘မြဲ
တယ်’ဆိုရပါတယ်တဲ့အမေ။ ကျန်တာတွေက အပျက်ချည်းပဲပေါ့။ အဲဒီမပျက်မီ
ခဏလေးဖြစ်စဉ်တည်နေတာကိုပဲ မြဲတယ်ထင်နေကြတာပါ။

☆ ဒါက မြင်ရတဲ့ရုပ်အပေါ်ရှုမြင်ဆင်ခြင်ပုံမျှသာဖြစ်ပါသေးတယ်။

☆ မမြင်ရတဲ့ စိတ်ဖြစ်ပျက်သဘောကား ဆိုဖွယ်ရာ မရှိပြီ။

☆ စိတ်ရဲ့ ချုပ်ပျက်နှုန်းက တစ်စက္ကန့်မှာကုဋေတစ်သိန်းတဲ့အမေ။

☆ အဲဒီလောက်မြန်တဲ့စိတ်ဟာ ဘယ်ကိုသွားပြီး ပျော်ပါးနေတတ်သလဲဆို
တော့ ‘မကောင်းမှု’ဒုစရိုက်တွေဆီပဲ သွားနေတာတဲ့။ ဘုရားရှင်ကိုယ်တော်
တိုင်က‘စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်၏’လို့ ဟောတော်မူခဲ့ပါတယ်။
အဲဒီတော့ စိတ်သွားရာ ကိုယ်ပါတဲ့သူတွေသွားနေတာ မကောင်းမှုတွေဆီသို့
သာ။ လောဘ ဒေါသ မောဟ တဏှာ မာန ဒိဋ္ဌိ...စတဲ့ ကိလေသာတွေဆီ သွားနေတာပါတဲ့။ စိတ်သွားသလောက် ကိုယ်ပါတော့လည်း စိတ်ထောင်းသ
မျှ ကိုယ်ကြေဖြစ်ရတာပေါ့အမေ။

☆ ဒါတောင် စိတ်ရဲ့ရုပ်နဲ့ဖြစ်ပျက်နှုန်းက မတူကြ။

☆ စိတ်ရဲ့ ချုပ်ပျက်နှုန်းက တစ်စက္ကန့်မှာ ကုဋေတစ်သိန်း။

☆ ရုပ်ရဲ့ချုပ်ပျက်နှုန်းက တစ်စက္ကန့်မှာ ကုဋေခြောက်ထောင်။

☆ ရုပ်တစ်ချက်မှာ စိတ်က ၁၇ ချက် ပျက်နေပြီ။ ဒါကို သေသေချာချာ စောင့်မ
ကြည့်ဘဲ ဘယ်လိုလုပ်မြင်နိုင်ပါ့မလဲအမေ။ တစ်စက္ကန့်ကို ကုဋေတစ်သိန်း
အားနဲ့သွားနေတဲ့စိတ်နောက်လိုက်ပြီး စီးပွားရှာကြ၊ ကာမဂုဏ်အာရုံခံစား
လုပ်နေကြတာ ဒီကိုယ်ကြီးမမောခံနိုင်ရိုးလား၊ မပန်းခံနိုင်ရိုးလား၊ မနာခံနိုင်
ရိုးလားအမေ။

☆ ဒါ့ကြောင့်စိတ်ဟာ မညှာမတာ ခိုင်းတတ်တဲ့ အလုပ်ရှင်၊ စိတ်ကသခင်၊ ရုပ်
က ကျွန်လို့ ဆရာတော်ဘုရားက မကြာခဏဖွင့်ချလေ့ရှိပါတယ်။ အဲဒီတော့
စိတ်စေရာ ဘာလို့ ကိုယ်ပါနေသလဲဆိုတော့ စိတ်နဲ့ကိုယ်ကြား သတိကလေး
ခြားမထားဘဲ မေ့အားကြီးနေလို့ပေါ့အမေ။

☆ ကြည့်ချင်တယ်၊ ထိချင်တယ် ဆိုတာတွေက ပထမစိတ်၊ အဲဒီ ပထမစိတ်
နောက်မှာ သတိဆိုတဲ့‘ဒုတိယစိတ်’ကလေး လိုက်ပေးရမယ်။ တစ်နည်းအား
ဖြင့် ရှေ့စိတ်နောက်, နောက်စိတ်ကလေး လိုက်ပေးရမယ်။ လုပ်ချင်တာလုပ်
နေတာတွေအပေါ်မှာ သတိကလေး ကပ်ပြီး တင်ထားပါလို့ ဆိုလိုတာပါပဲ။ အဲ
ဒီသတိဆိုတဲ့နောက်က လိုက်ထိန်းတဲ့ စိတ်သာမပါရင် ရှေ့ကစိတ်ကလေးဟာ
သွားချင်ရာ သွား ရောက်ချင်ရာရောက်ပြီး မွှေချင်ရာ မွှေပြီပေါ့ အမေ။

☆ နွားကျောင်းသား မပါတဲ့ နွားအုပ်လို သွားချင်ရာသွား၊ စားချင်ရာ စားရင်
ဒုက္ခများကုန်မှာပေါ့ အမေ။ ပြီးတော့ တစ်စက္ကန့်မှာကုဋေတစ်သိန်းအား ချုပ်
ပျက်နေတဲ့ ဒီစိတ်တစ်ခုချင်းရဲ့နောက်မှာစေတနာတစ်ခု မျိုးစေ့တစ်ခုကျစီ ကပ်ပါလာပြီးသားတဲ့ အမေ။

☆ မသာယာစိတ်ကလေး တစ်ခုသည် ပြိတ္တာမျိုးစေ့တစ်ခု ပြိတ္တာတစ်ဘဝ။

☆ မသာယာစိတ်ကလေး တစ်ခုသည် ငရဲမျိုးစေ့ ငရဲတစ်ဘဝ။

☆ မသိစိတ်ကလေး တစ်ခုသည် တိရစ္ဆာန်မျိုးစေ့တိရစ္ဆာန်တစ်ဘဝ။

☆ စိတ်နဲ့အတူလိုက်ပါလာတဲ့ စေတနာအကျိုးပေးရာ ဘဝတွေဆီသွားရောက်
ကျင်လည်ရပါတယ်။ စိတ်ရဲ့ မူလသဘောဟာလည်း မကောင်းမှုမှာသာ မွေ့
လျော်တတ်စပြဲဆိုတော့ စေတနာကလည်းမကောင်း စေတနာ၊ မျိုးစေ့က
လည်း မကောင်းမျိုးစေ့၊ သွားရမှာကလည်း မကောင်းဘုံ။

☆ စိတ်လောက် ကြောက်စရာကောင်းတာ မရှိပြီ။

☆ တစ်စက္ကန့်မှာ ကုဋေတစ်သိန်း ချုပ်ပျက်နေတဲ့ သူ့အင်အားက နည်းနည်း
နောနောမဟုတ်။ စိတ်စွမ်းအင်ကို အဏုမြူစွမ်းအား လိုက်မမီပြီ။ စိတ်စွမ်းအား
သဘောကို ဘုရားဟောရှိခဲ့တာကတော့ ဒီလိုပါအမေရယ်။

☆ တစ်ခါက မထင်မရှား နတ်သားတစ်ပါးက ဘုရားရှင်ကို မေးလျှောက်ပါ
တယ်။

☆ ‘အရှင်ဘုရား... လောကကြီး ဘယ်သူ့ အလိုကို လိုက်နေရပါသလဲ’

☆ ‘စိတ်အလိုကို လိုက်နေရတယ်’မြတ်စွာဘုရား ဖြေတော်မူတယ်။

☆ ‘ဘုန်းတော်ကြီးသော မြတ်စွာဘုရားလောကကြီး ဘယ်လိုဖြစ်ပေါ်နေပါသ
လဲ’

☆ ‘စိတ်အလိုအတိုင်း ဖြစ်ပေါ်နေရတယ်’လို့ ဘုရားရှင် ဖြေတော်မူပါတယ်။
စိတ်ဟာ အဲဒိလောက် တန်ခိုးကြီးတာနော်။ ဒီစိတ်တန်ခိုးကို မကောင်းမှုတွေ
မှာပဲ အသုံးချနေကြလို့ အဆိုးသံသရာက မလွတ်နိုင်ကြသေးတာ။ အဏုမြူ ဗုံး
ကို ပိတ်ပင်တားဆီးလို့ ရပေမယ့် စိတ်သွားနေတာကို မတားဆီးနိုင်ကြပဲ ဖြစ်
နေကြပါတယ် အမေ။

☆ ဒါ့ကြောင့် ကိုယ့်စိတ်ကိုယ်နိုင်ရင် လောကကြီးကို နိုင်ပြီလို့ ဆိုရတာပါ။

☆ စိတ်ကို နိုင်တာ သတိတစ်လုံးပဲ ရှိတယ်။

☆ ဒီသတိတစ်လုံးနဲ့စိတ်ကို စောင့်ကြည့်၊ စောင့်ထိန်းနေတာ တရားအလုပ်ပဲ။
သတိနဲ့စောင့်မကြည့်နိုင်တဲ့စိတ်၊ မထိန်းသိမ်းနိုင်တဲ့ စိတ်ဟာ တစ်စက္ကန့် ကု
ဋေတစ်သိန်းနှုန်းနဲ့ မကောင်းမှုတွေ ပြုခဲ့လိမ့်မယ်။ စိတ်အပြစ်တွေ၊ စိတ်အ
ညစ်တွေ ဘယ်လောက်များခဲ့ပါပြီလဲ။

☆ တကယ်လို့သာ ဒီစိတ်ကလေးကို တစ်စက္ကန့်သာ ထိထိမိမိစောင့်ကြည့်ထိန်း
သိမ်းနျိုင်မယ်ဆိုရင် အဲဒီ တစ်စက္ကန့်အတွင်းမှာ ‘သန့်စင်စိတ်ပေါင်း ကုဋေတစ်
သိန်း’ရနိုင်ပါလိမ့်မယ် အမေ။ စိတ်တစ်ချက်မှာ စေတနာ တစ်ချက်ပါပြီးဖြစ်လို့
‘ကောင်းကျိုးမျိုးစေ့ပေါင်း ကူဋေတစ်သိန်’ရပြီလို့လည်း မှတ်သားအပ်ပါတယ်
အမေ။

☆ မိမိရဲ့ သတိပါတဲ့အလုပ်(ကမ္မဋ္ဌာန်းအလုပ်)ကြောင့် သန့်စင်အေးမြဖြူစင်နေ
‘ဓမ္မဓာတ်’တို့ဟာ တစ်ထိုင်တစ်သိအတွင်းမှာပဲ ကုဋေပေါင်း မြောက်မြားစွာ
ကမ္ဘာသို့ အအေးဓာတ် လွှမ်းခြုံပေးနေကြောင်း သဘောပေါက်ပါလေလို့ ဆ
ရာတော်ဘုရားကြီးက အလေးအနက် မှာကြားလိုက်ပါတယ် အမေ။

☆မဟာဗောဓိမြိုင်ဆရာတော်ကြီး☆