•••••••••••••••••••••••••••••••••••••••
❖စိတ်မြင့်တယ်ဆိုတာ ဘဝင်မြင့်မောက်မာတာကို
မဆိုလိုပါ။ မေတ္တာ၊ကရုဏာ၊မုဒိတာ၊
ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်စိတ်ကိန်းနေတာကို
ဆိုလိုတာပါ။ ထိုမြင့်မြတ်တဲ့စိတ်မွေးဖို့ဆိုတာ
လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။
အဖန်တလဲလဲ လေ့ကျင့်ယူရပါတယ်။ လောဘ၊ဒေါသ၊
မာန်မာန ဣဿာမစ္ဆရိယစတဲ့ စိတ်ရိုင်းတွေ ဝင်လာရင်
လက်မခံဘဲ ဗြဟ္မစိုရ်စိတ်ဓာတ်လေးတွေ
အစားထိုး မွေးမြူပေးရပါမယ်။

❖ဘုရားလောင်းဟာ လူဘဝ၊တိရိစ္ဆာန်ဘဝ၊နတ်ဘဝ
စသည် ကျင်လည်ခဲ့ပါတယ်။
ဖြစ်ခဲ့တိုင်းသောဘဝတွေမှာ
စိတ်ဓာတ်မြင့်မားနေတာကို တွေ့ရပါတယ်။
ဘာလို့လဲဆိုရင် မြင့်မြတ်တဲ့ပါရမီတွေ
လေ့ကျင့်ဖြည့်ဆည်းခဲ့လို့ပါပဲ။
တိရိစ္ဆာန်ဘဝပင် ဖြစ်လင့်ကစား
တိရိစ္ဆာန်စိတ်ဓာတ် အပြည့်မရှိပါဘူး။
လူတွေထက်တောင် စိတ်ဓာတ်မြင့်နေတာကို
တွေ့ရတယ်။

❖ရေမြင့်ရင် ကြာတင့်ဆိုသလို စိတ်မြင့်ရင်လည်း
ဘဝတင့်ပါတယ်။ ဒါကြောင့် မိမိတို့ဘဝမြင့်ဖို့ဆိုရင်
ဗြဟ္မစိုရ်စိတ်ဓာတ်မြင့်အောင် မွေးမြူဖို့ လိုအပ်ပါတယ်။
-【ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ】