“ဒိဋ္ဌိကြိုးဖြတ်မှ လွတ်လပ်ရေးရမယ်”
••••••••••••••••••••••••••••••••••••••••
အ၀ိဇ္ဇာလက်အောက်မှာ
သူစီမံသလိုလုပ်တဲ့ကုသိုလ်လည်း
“အိုဘေး၊ နာဘေး၊ သေဘေး”မှာ လမ်းဆုံးတယ်။
မသာဖြစ်အောင်လုပ်တဲ့ကုသိုလ်ဖြင့်
ဘယ်ကောင်းမှာလဲ။
ဘုန်းကြီးက ဒါန ပယ်တာမဟုတ်ဘူး။
ဝဋ်ကုသိုလ်မလုပ်ပါနဲ့။ နိဗ္ဗာန်ရောက်ချင်လို့
ခန္ဓာကြီးရွံ့မုန်းလို့ လှူပါတယ်၊ တန်းပါတယ်ဆို
ခန္ဓာကို ပေါင် လုပ်ပါ၊ နို့မို့ရင် ဒီမသာ မချရသေးဘူး၊
နောက်မသာ ဆုတောင်းတာက စောနေတယ်။

ဒီအသိဉာဏ်ရှိတဲ့ဘ၀မှာ “ဉာဏ်ဓား”ကို
“သမာဓိကျောက်ဖျာ” ပေါ်တင်ပြီး
“၀ီရိယ”တည်းဟူသောလက်နဲ့ မြဲမြဲကိုင်သွေးလိုက်ရင်
ထက်လာပါလိမ့်မယ်။
ဒီဉာဏ်ဓားနဲ့ ဒိဋ္ဌိကြိုးဖြတ်လိုက်ရင် လွတ်လပ်ရေးရပြီ။
လောကုတ္တရာမဂ်ဓားကိုရမယ်ဆိုရင်
တစ်သံသရာလုံး ချည်ထားတာကို
တစ်နေ့တည်းနဲ့ တစ်စက္ကန့်တည်းနဲ့ ပြတ်တယ်။
ဒီတစ်ခါ ဖြတ်လိုက်လို့ရှိရင် နောက်
ဘယ်တော့မှ မဆက်မိတော့ဘူး။

ဒီဒုက္ခသစ္စာတွေကို မလှူခင်
အရင်ကြည့်လိုက်ပြီး
ဒီဒုက္ခမှ လွတ်ရပါလို၏လို့ဆိုပြီး လှူပါ။
ကိုယ်တိုင်မြင် တဲ့ဒုက္ခကြီးမှ ကျွတ်လွတ်ခြင်းကို
အလိုရှိ၍ လှူဒါန်းပါ၏ဆိုတော့
ဒုက္ခကြောက်လို့ လှူတဲ့ အလှူ
မဂ္ဂသစ္စာနဲ့ လှူတာဖြစ်လို့ နိရောဓသစ္စာ။
မသိလို့ လှူတာက သမုဒယသစ္စာ၊
ရတာက ဒုက္ခသစ္စာ၊
ဒါနက သံသရာမရှည်ဘူး။
သိ၊မသိ သာ လိုရင်းဖြစ်တယ်။
-【အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး】
Posted by►
www.facebook.com/youngbuddhistassociation.mm