ဝိပဿနာအားထုတ်သူ အတွက် တရားရစေသော တရား အကျဉ်း တစ်ပုဒ်...

ဇေတဝန်ကျောင်းတော်တွင် မြတ်စွာဘုရား သီတင်းသုံးနေတော်မူခိုက်တွင် ရဟန်းတစ်ပါးအား ရှေးဦးအစ ယခုမှ စတင် အားထုတ်သူအတွက် တရားရစေသော တရားအကျဉ်း တစ်ပုဒ်ကို ဤသို့ ဟောကြားတော်မူလေသည်။

"တရားရလိုလျှင် သင်သည် ကုသိုလ်တရားတို့၌ ဦးစွာအစ စင်ကြယ်အောင် သုတ်သင်ရမည်။ ကုသိုလ်တရားတို့၏ ဦးစွာအစ ဆိုသည်ကား အဘယ်နည်း။
၁) သီလ စင်ကြယ်ရခြင်း
၂) အယူ ဖြောင့်မှန်ခြင်း တို့ ဖြစ်သည်။
သီလ အလွန် စင်ကြယ်၍ အယူလည်း ဖြောင့်မှန်ပြီ ဆိုလျှင် သီလကို အမှီပြု၍ သီလကို စောင့်ထိန်းပြီး သတိပဋ္ဌာန် တရား လေးပါး ကို ပွားများ အားထုတ်ရာ၏။ ဤသို့ ပွားများ အားထုတ်လျှင် ကုသိုလ် တရားတို့၌ တိုးတက်ဖို့သာ ရှိတော့သည်။ ဆုတ်ယုတ်ဖို့ မရှိတော့ချေ။"

ဝိပဿနာအားထုတ်သူ ယောဂီတို့သည်
၁) သီလ စင်ကြယ်ရမည်
၂) အယူဖြောင့်မှန်ခြင်း (ဝါ) ဒိဋ္ဌိအယူကို ပယ်ရမည်။