ရောဂါတစ်ခုပြင်းထန်စွာခံစားနေရပြီဆိုလျှင်

ရုပ် ရှိရင် ရောဂါရှိမယ်
နာနေတာ ကျင်နေတာ ကိုက်နေတာတွေဟာ
ရုပ် ရဲ့ သ ဘော ဖောက်ပြန်နေတာပဲဆိုတာကို
သိထားရမယ်
အဲဒီဖောက်ပြန်မူကို စိတ်ကသိနေတယ်
နာမ်ကသိနေတယ်
ရုပ် ရဲ့ ဖောက်ပြန်မူကို စိတ်နဲ့ ယှဉ်တွဲပြီးဖြစ်နေ
တဲ့ စေတသိတ် လို့ ခေါ်တဲ့ ဝေဒနာက ခံစားတယ်
အဲလို ရုပ်ကိုရုပ်မှန်းသိတယ်
နာမ်ကိုနာမ်မှန်းသိတယ်
ဝေဒနာကိုဝေဒနာမှန်းသိတယ် ဆိုရင်
ငါနာတယ် ငါကိုက်တယ် ငါသိတယ်
ငါခံစားတယ်ဆိုတဲ့ မှားယွင်းတဲ့အယူတွေမလာတော့ပဲ
ဒါဟာရုပ်သ ဘောပဲ
ဒါဟာနာမ်သ ဘောပဲ
ဒါဟာဝေဒနာသ ဘောပဲ လို့ မှန်ကန်စွာဆုံးဖြတ်
နိုင် လျှင် ငါစွဲမစွဲတဲ့ အတွက်
မှန်ကန်တဲ့ အယူဝါဒကိုလက်ကိုင် ထားတဲ့ အတွက်
ခံစားရတဲ့ ဝေဒနာလည်းသက်သာနိုင် တဲ့ 
ဘုရားဆေးကိုသောက်သုံးတာပါ