“ အညာသိ ကောဏ္ဍည ရှင်ရဟန်းအဖြစ် တောင်းပုံ ”

- အာယသာ အညာသိကောဏ္ဍညော - အညာသိ ကောဏ္ဍညထေရ်သည်
- ဒိဌဓမ္မော - သစ္စာကို ကောင်းစွာသိမြင်ပြီး

(သစ္စာလေးပါး၌ ကြောင်းကျိုးလျော်ကန်စွာ သိမြင်ခြင်း)

- ပိတ္တဓမ္မော - သစ္စာကို ကိုယ်တိုင် ဆိုက်ရောက်ပြီး

(ဤကားဒုက္ခ၊ ဤကားဒုက္ခဖြစ်ကြောင်း၊ ဤကားဒုက္ခချူပ်ရာ အကျင့်ဟူ၍ ခန္ဓာဥာဏ်ဆိုက် သိမြင်ခြင်း)

- ၀ိဒိတဓမ္မော - သစ္စာကို ထိုးထွင်းသိမြင်ပြီး

(ဒုက္ခကို ပိုင်းခြားသိရမည်၊ ဒုက္ခဖြစ်ကြောင်းကို ပယ်သတ်ရမည်၊ ဒုက္ခချူပ်ရာကို မျက်မှောက်ပြုရမည်၊ ဒုက္ခချူပ်ရာ အကျင့်ကို ပွားများရမည်ဟု သိခြင်း)

- ပရိယောဂါဌဓမ္မော - သစ္စာကို ဥာဏ်သက်ဝင်၍ သိပြီး

(ဒုက္ခချူပ်ရာ အကျင့်စခန်း မဂ္ဂင်လမ်း၌ ကွဲပြားစွာသိခြင်း)

- တိဏ္ဏ၀ိစိကိစ္ဆော - သစ္စာ၌ ယုံမှားခြင်း ကင်းစင်ပြီး

(ဆင်းရဲချူပ်ငြိမ်းရာ နိဗ္ဗာန်စခန်းသို့ မဂ္ဂင် လမ်းဖြင့် လျှောက်လှမ်းရာတွင် ထို မဂ္ဂင်လမ်း၌ ယုံမှားမူကင်းစင်ခြင်း)

- ၀ိဂတကထံကတ္တော - သစ္စာ၌ သံသယ ကင်းစင်ပြီး

(မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်သို့ ရောက်မှရောက်ပါမည်လားဟု သံသယ ကင်းစင်ခြင်း)

- ဝေသာရဇ္ဇပ္ပတ္တော - သစ္စာ၌ ရဲရင့်ခြင်းသို့ ရောက်၍

(မိမိကိုယ်တိုင် သိရှိပွားများထားသော ဤ မဂ္ဂင်တရားကို ပရိတ်သတ်အလယ်၌ မကြောက်မရွံ ပြောကြားနိုင်ခြင်း)

- အပရပ္ပစ္စယော - သူတပါးကို အားကိုးမူ မပြု၍

(ဆင်းရဲမှ လွန်မြောက်ရန် မိမိကိုယ်တိုင် မိမိအစွဲကို ဖြုတ်ရမည်ဖြစ်၍ သူတပါးကို အားကိုးရန် မလိုအပ်ခြင်း)

*****

- ဘဂ၀န္တံ - အရှင်ဘုရား
- အဟံ - အကျွန်ုပ်သည်
- ဘဂ၀တော - မြတ်စွာဘုရား၏
- သန္တိကေ - အထံတော်၌
- ဥပသမ္ပဒံ - ပဉ္စင်းအဖြစ်ကို
- လဘေယျံ - ရချင်ပါ၏ ဟု လျှောက်၏ …။

*****

- ဘိက္ခူ - ရဟန်း
- ဧဟိ - လာလှည့်
- ဒုက္ခဿ - ၀ဋ်ဆင်းရဲ၏
- အန္တကိရိယာထ - အဆုံးတိုင်အောင်
- သမ္မာ - ကောင်းစွာ
- ဗြဟ္မစရိယံ - အထက်မဂ် ၃ ပါးကိုရအောင်
- စရ - ကျင့်လော့ ဟု
- ဘဂ၀ါ - မြတ်စွာဘုရားသည်
- အဝေါစ - မိန့်တော်မူသည် ရှိသော်
- တဿ အာယသ္မတော - ထို အရှင်အညာသိ ကောဏ္ဍည သည်
- သာဝ ဥပသမ္ပဒါ - ပဉ္စင်းအဖြစ်သို့
- ဟောတိ - ရောက်လေ၏ …။

*****

ဝါဆို လပြည့်ကျော် ၁ ရက်၌ ၀ပ္ပထေရ်

ဝါဆို လပြည့်ကျော် ၂ ရက်၌ ဘဒ္ဒိယထေရ်

ဝါဆို လပြည့်ကျော် ၃ ရက်၌ မဟာနာမ်ထေရ်

ဝါဆို လပြည့်ကျော် ၄ ရက်၌ အဿဇိထေရ် တို့သည် သောတပန် တည်၍ ပဉ္စင်းအဖြစ်သို့ ရောက်ကြလေကုန်သတည်း …..။

(ဓမ္မစက္ကပ၀တ္တနသုတ်)
အရှင်အရိယဓမ္မ