စိတ်သည် ပကတိအားဖြင့် သန့်ရှင်းဖြူစင်၍နေ၏ ။
ညစ်နွမ်းစေတတ်သော အကြောင်းများကြောင့်သာလျှင်
ညစ်နွမ်းလာကြရ၏ ။ ညစ်နွမ်းစေတတ်သော အကြောင်း
ဟူရာတွင်လည်း ကြံစည်တွေးတောတတ်သော အဇ္ဈျတ္တ
စိတ်သာလျှင် အဓိက အကြောင်းအရင်း ဖြစ်၏ ။ သူ့အလို
လို ညစ်နွမ်းလာရသည်မဟုတ် ။ သူ့အလိုလို ညစ်နွမ်းစရာ
အကြောင်းများ ပေါ်လာရသည်မဟုတ် ၊ ညစ်နွမ်းစေတတ်
သော အကြောင်းများကို ပြုလုပ်ပေး ဖန်တီးပေး တွေး
တောပေးခြင်းတို့ကြောင့်သာ ညစ်နွမ်းလာရပေသည်။

အာရုံနှင့်ဒွါရ အကြောင်းစုံလို့ ပေါင်းဆုံဖြစ်ပေါ်လာ
သောအခါ အမှန်ကိုအမှန်အတိုင်းတိုင်း မသိမမြင်သော
"အဝိဇ္ဇာ"ဦးစီးထားပါက ရပ်၍မနေတော့ပဲ ဝေဒနာမှသည်
တဏှာအထိ ကူးစက်သွားပြီးလျှင် အဆက်ဆက်သော
အကျိုးတရားတို့ ဖြစ်ပေါ်လာရလေ၏။
မြင်,ကြား,နံ,စား စသည်တို့အပေါ်၌ ဝေဒနာတွင်
မနေတော့ပဲ သုခဝေဒနာဖြစ်သော် ယင်းသုခဝေဒနာ၌
လိုချင်တတ်မက်သော အလိုနှင့်တကွခံစားခြင်း
လောဘဖြစ်၏။ ဒုက္ခဝေဒနာဖြစ်သော် ၎င်းဝေဒနာ၌
အလိုမကျသောစိတ်နှင့်တကွ ခံစားခြင်း ဒေါသဖြစ်၏။

ထို ဒုက္ခ သုခ ဝေဒနာတို့၌
လောဘဖြစ်၍လည်း ဖြစ်မှန်းမသိ ၊ ဒေါသဖြစ်၍လည်း
ဖြစ်မှန်းမသိ ၊ လောဘ, ဒေါသတို့ ချုပ်၍လည်း
ချုပ်မှန်းမသိပဲ အမှုမဲ့အမှတ်မဲ့ နေလျှင် မောဟဖြစ်၏။

အလိုကျမှု မကျမှုတို့နှင့် တွေးတောကြံစည်ပေးလျှင်
လောဘနှင့်ဒေါသ ကိလေသာတို့ဖြစ်၍ ထိုသို့တွေးတော
ကြံစည်ခြင်းလည်းမပြု(ပညာယှဉ်၍ုငြိမ်းနေပါကလားဟူ
၍လည်းမသိပဲ) အမှုမဲ့အမှတ်မဲ့နေခြင်းသည်လည်း
မောဟကိလေသာ တို့သာဖြစ်၏။

မျက်စိနှင့်အဆင်းတို့ တိုက်ဆိုင်သည့်အခါတွင်(ဝါ) မြင်
သည့်အခါတွင်
မသင့်သည်ကို နှလုံးသွင်းသော(အယောနိသော မနသိ
ကာရ) အခါတွင်သာ ကိလေသာ ဖြစ်သည်။
သင့်တင့်စွာနှလုံးသွင်းသော(ယောနိသော မနသိကာရ)
အခါတွင် ကိလေသာ မဖြစ်။
ပုဂ္ဂလအားဖြင့် ပြောရလျှင်
"အယောနိသော မနသိကာရ" ရှိသူတို့သာ
ကိလေသာ ဖြစ်သည်။
"ယောနိသော မနသိကာရ" ရှိသူတို့မှာ
ကိလေသာ မဖြစ်ပေ။

တနည်းပြောရလျှင်
ချုပ်ငြိမ်းရာ,ချုပ်ငြိမ်းကြောင်း အကျင့်ဖြင့် နေသူတို့မှာ
ကိလေသာ မဖြစ်ဘဲ၊
ချုပ်ငြိမ်းရာ,ချုပ်ငြိမ်းကြောင်း အကျင့်ဖြင့် မနေသူတို့မှာ
ကိလေသာ ဖြစ်လေသည်။

ထိုသို့ မဖြစ်ကြစေရန်
မမြင်အပ် ၊ မကြားအပ် ၊ မနံအပ်သော တရားတို့ကို
(ဝိဇ္ဇာဥာဏ်ဦးစီးထားခြင်းဖြင့်) မမြင်ပဲ။
မြင်အပ် ၊ ကြားအပ် ၊ သိအပ်ကုန်သော တရားတို့ကို
သာလျှင် မြင်ကာမျှ ၊ ကြားကာမျှ သာလျှင်
အလိုတဏှာ မပါသော , အလိုတဏှာတည်းဟူသော
ကိလေသာမပါသေးလျှင် မပါသေးသည့်အတိုင်းတိုင်း ,
ငြိမ်းလျှင် ငြိမ်းနေသည့်အတိုင်းတိုင်း ,
မြင်လျှင် မြင်ကာမျှ ၊ ကြားလျှင်ကြားကာမျှ သာလျှင်
ကျင့်သုံး၍နေရန် မြတ်စွာဘုရားရှင်သည် မာလုကျပုတ္တ
အား ဟောကြားတော်မူခဲ့လေသည်။

အလားတူ တရားတော်ကို ဗာဟိယဒါရုစိရိယပရိဗိုဇ်
ကိုလည်း ဟောကြားတော်မူခဲ့လေသည်။
ချစ်သားဗာဟိရဒါရုစိရိယ ကိလေသာတို့၏ အေးငြိမ်း
ရာသို့ (သမုစ္ဆေဒအားဖြင့်) ခိုလှုံလိုသည်ရှိသော် ငါဘုရား
ညွှန်ပြသော နည်းလမ်းအတိုင်းသာလျှင် ကျင့်အပ်၏။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ ၊
သုတေ သုတမတ္တံ ဘဝိဿတိ ၊
မုတေ မုတမတ္တံ ဘဝိဿတိ ၊
ဝိညာတေ ဝိညာတမတ္တ ဘဝိဿတိ ။
မြင်သည်ရှိသော်...၊ မြင်ကာမတ္တမျှသာ ဖြစ်ရာ၏။
ကြားသည်ရှိသော်...၊ ကြားကာမတ္တမျှသာ ဖြစ်ရာ၏။
တွေ့ထိသည်ရှိသော်...၊ တွေ့ထိကာမတ္တမျှသာ
ဖြစ်ရာ၏။
သိသည်ရှိသော်... ၊ သိကာမတ္တမျှသာ ဖြစ်ရာ၏။

"ချစ်သားဗာဟိယဒါရုစိရိယ ...
မြင်သောအခါ ၊ ကြားသောအခါ ၊ တွေ့ထိသောအခါ ၊
သိသောအခါ တို့၌
စိတ်သည် ရှေ့သို့ဆက်မသွားပဲ (ဝါ) ရှေ့သို့ ဆက်၍
တွေးတောကြံစည်ခြင်းအမှုကို ပြုမပေးပဲ (အယောနိသော
မနသိကာရအားဖြင့် သင်္ခါရအမှုကို ပြုမပေးပဲ)
မြင်သည့် ၊ ကြားသည့် ၊ တွေ့ထိရသည့် ၊ သိရှိရသည့်
အပေါ်တို့၌ မြင်ကာမျှ ၊ ကြားကာမျှ ၊ တွေ့ထိကာမျှ ၊
သိကာမျှ သာလျှင် ကျင့်သုံးပေးရမည်။" ဟု
ဟောတော်မူခြင်း ဖြစ်ပါသည်။

ကျေးဇူးရှင် ကျောက်သင်္ဘောဆရာတော်ဘုရားကြီး
ဟောကြားတော်မူလေ့ရှိသော စကားတို့ဖြင့် ဆိုရသော်

- "မြင်သည်ရှိသော်...၊ မြင်ကာမတ္တမျှ - မြင်သည့်စိတ်
အတိုင်းတိုင်းသာ ။ မြင်သည့်အပေါ်၌ ဘာဘာညာညာ
ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော အလိုတဏှာတို့
နှင့်တကွ အလိုကျမှု ၊ အလိုမကျမှုတို့ကို ကြံစည်မပေး
နှင့် ၊ တွေးတောမပေးနှင့်" ။

- "ကြားသည်ရှိသော်...၊ ကြားကာမတ္တမျှ -
ကြားသည့်စိတ်အတိုင်းတိုင်းသာ ။
ကြားသည့်အပေါ်၌ တောင်တောင် ဤဤ အလီလီ
သော အလိုတဏှာတို့နှင့်တကွ၊ သာယာ မုန်းထား၊
ပြစ်မှားမှုတို့ကို ကြံစည်မပေးနှင့်၊ တွေးတောမပေးနှင့်"။

- "တွေ့သည်ရှိသော်...၊ တွေ့ကာမတ္တမျှ -
တွေ့သည့်စိတ်အတိုင်းတိုင်းသာ ။
တွေ့သည့်အပေါ်၌ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုး
သော အလိုတဏှာတို့နှင့်တကွ၊သဘောကျမှု၊ မကျမှု
တို့ကို ကြံစည်မပေးနှင့် တွေးတောမပေးနှင့်"။

- "သိသည်ရှိသော်...၊ သိကာမတ္တမျှ -
သိသည့်စိတ်အတိုင်းတိုင်းသာ ။
သိသည့်အပေါ်၌ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုး
သော အလိုတဏှာတို့နှင့်တကွ ၊ အလိုကျမှု ၊ မကျမှု
တို့ကို ကြံစည်မပေးနှင့် တွေးတောမပေးနှင့်"။

"တွေးတောမပေးပါက အလုံစုံသော ကိလေသာတို့မှ
လွတ်နေပါတကားဟု အသိဥာဏ်ယှဉ်ပြီးလျှင်
လွတ်လျှင် - လွတ်သည့် စိတ်အတိုင်းတိုင်း ၊
ကိလေသာ ဖြစ်ရာဖြစ်ကြောင်းတို့ကို ထူထောင်မပေးနဲ့ ၊
အားထုတ်မပေးနဲ့ ၊ ပြုလုပ်မပေးနဲ့ "

"မြင်ခြင်းကြားခြင်း စသည်ကို စွဲမှီ၍ ဖြစ်ပေါ်လာသော
ဝေဒနာ၏နောက်ကို အစဉ်မလိုက်ကြလေနဲ့ ၊
အစဉ်လိုက်ခဲ့သော် တဏှာချောက်တွင်းကျမယ်"
လို့ ဆရာတော်ကြီးက ဟောကြားဆုံးမတော်မူခဲ့ပါတယ်။
........

"စိတ် - စိတ်အတိုင်းတိုင်း" ဆိုတာ
တဏှာ၊ မာန၊ ဒိဌိ တို့ မမှီသောစိတ်၊ ကိလေသာတို့နှင့်
မယှဉ်သောစိတ် လို့ အဓိပ္ပါယ်ရပါတယ်။
ပကတိ သန့်ရှင်းသောရေသည် ကြည်လင်အေးမြဘိသ
ကဲ့သို့ လောဘ ဒေါသ မောဟ မာန ဒိဌိ ဝိစိကိစ္ဆာ ထိန
ဥဒ္ဓစ္စ အဟီရိက အနောတ္တပ္ပ တည်းဟူသော ကိလေသာ
တို့နှင့် မယှဉ်သောစိတ် ၊ ကိလေသာမပါသောစိတ်၊၊
ထိုကိလေသာတို့မှ ကင်းလွတ်လျက်ရှိသောစိတ်သည်
ပကတိဖြူစင်သန့်ရှင်းနေသောကြောင့် ထိုစိတ်တွင်
ကိလေသာတို့ ပူးယှဉ်စေရန် အကြောင်းတို့ကို ပြုလုပ်
မပေးတော့ဘဲ (ဝါ) အယောနိသောမနသိကာရအားဖြင့်
သင်္ခါရအမှုတို့ကို ပြုလုပ်မပေးတော့ပဲ
ဖြူစင်သန့်ရှင်းနေသည့်အတိုင်းတိုင်း (ဥာဏစရိယ)
ဥာဏ်နဲ့ယှဉ်၍ နေခြင်းကို ဆိုခြင်းဖြစ်ပါတယ်။

တနည်းပြောရသော် ပညာဝိမုတ္တ တည်းဟူသော ဝိဇ္ဇာ
ဥာဏ်ယှဉ်လျက် နေထိုင်ကျင့်သုံးရန် ဖြစ်လေသည်။
ပင်ကိုယ်ပကတိက ကိလေသာတို့မှ အလိုလို ကင်းလွတ်
လျက်ရှိသော ပကတိအဇ္ဈျတ္တစိတ်ကို အမှီပြု၍
လိုချင်မှု တပ်မက်မှုတည်းဟူသော၊ ဆန္ဒရာဂတည်းဟူ
သော အကြောင်းတို့ဖြင့် ကြံစည်တွေးတောခြင်းတို့
ကြောင့်သာ ဗဟိဒ္ဓအာရုံတည်းဟူသော ဥပါဒါနက္ခန္ဓာ
ငါးပါးတို့ ဖြစ်ကြရ၏။ ယင်းကိုစွဲ၍ ဥပါဒါန်အစွဲ ဝိညာဏ်
တို့ ဖြစ်ကြရ၏။

ဤသို့သော အကြောင်းများကို ပြုမပေးမီက စိတ်သည်
ကိလေသာတို့မှ ကင်းလျက်လွတ်လျက်ရှိ၏။
ယင်းကိလေသာတို့ ကင်းရာလွတ်ရာကို မြင်ပြီးသကာလ
ပကတိဖြူဖွေးစင်ကြယ်သော စိတ်ကိုအမှီပြု၍ ၊ ဆန္ဒ-ရာဂ
တည်းဟူသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်
သော ဥပါဒါနက္ခန္ဓာငါးပါးနှင့်တကွ ဥပါဒါန်တည်းဟူသော
ကိလေသာတို့သည် ငါ့အားမဖြစ်စေရ။ ဖြစ်စေရန်
ထူထောင်မပေးနှင့်၊ အားထုတ်မပေးနှင့်၊ကြံစည်၊တွေး
တောမပေးနှင့်။ငြိမ်းနေသည်ကို ငြိမ်းနေသည့် အတိုင်း
တိုင်း၊အေးနေသည်ကို အေးနေသည့်အတိုင်း ကျင့်သုံး
ပွားများကြပါ" ဟူ၍ ဆုံးမတော်မူခြင်း ဖြစ်ပါသည်။

"စိတ် - စိတ်အတိုင်းတိုင်း"ဟူသည် ထိုအစွန်းနှစ်ဖက်မှ
လွတ်၍နေသော ဥာဏ်ပညာတည်းဟူသော အသိဥာဏ်
ဦးစီး၍နေသော စိတ်ကိုသာဆိုသည်။

ပရမတ္ထတရားတို့၏ နိယာမသဘောကို ယထာဘူတ
ကျကျ သိမြင်နေခြင်းကြောင့် အကျိုးတရားတို့ အပေါ်၌
နောက်ထပ်တဖန် ထပ်မံ၍ အကြောင်းတရားတို့ ပြုလုပ်
မပေးတော့ပဲ သင်္ခါရတရားတို့၏လွတ်ရာ
(ဝါ) ကိလေသာတရားတို့မရှိရာ ၊ ကင်းရာ ၊ ကုန်ရာ ၊
ချုပ်ငြိမ်းရာကို မြင်လျက် ချုပ်ငြိမ်းသည့်အတိုင်းတိုင်း ၊
လွတ်သည့်အတိုင်းတိုင်း ၊
(လွတ်နေပါကလားဟု ဥာဏ်ယှဉ်လျက်)
*"အသိဥာဏ်ယှဉ်လျက် - ယှဉ်လျက် ၊
သိလျက် - သိလျက် ကျင့်သုံးနေထိုင်ခြင်း"*
ကိုသာလျှင် ဆိုလိုခြင်း ဖြစ်ပါသည်။

ပူပန်မှုမရှိသောစိတ်သည် ပူပန်မှုငြိမ်းအေးရာနှင့်နေရ၏။
(ဝါ) နိဗ္ဗာန်နှင့်နေရ၏။
ကြောင့်ကျမှုမရှိသောစိတ်သည် ကြောင့်ကျမှု
ငြိမ်းအေးရာနှင့် နေရ၏။(ဝါ) နိဗ္ဗာန်နှင့်နေရ၏။
ကပ်ငြိမှုမရှိသောစိတ်သည် ကပ်ငြိမှု
ငြိမ်းအေးရာနှင့် နေရ၏။(ဝါ) နိဗ္ဗာန်နှင့်နေရ၏။
ခက်ထန်မှုမရှိသောစိတ်သည် ခက်ထန်မှု
ငြိမ်းအေးရာနှင့် နေရ၏။(ဝါ) နိဗ္ဗာန်နှင့်နေရ၏။
တွေဝေငေးမောမှုမရှိသောစိတ်သည် တွေဝေငေးမောမှု
ငြိမ်းအေးရာနှင့် နေရ၏။(ဝါ) နိဗ္ဗာန်နှင့်နေရ၏။
ငြိမ်းအေးရာနှင့် နေရသောစိတ်(ဝါ) နိဗ္ဗာန်နှင့်နေရသော
စိတ်ကို နိရောဓနိဿိတ ၊ ဝိရာဂနိဿိတ ဟူ၍
ဟောတော်မူလေသည်။

- ( ငြိမ်းချမ်းရေးတရားတော်များ ) မှ