■ (၁)။ ငါဟာ အသက်ရှင်ချင်တယ်။
မသေချင်၊ ချမ်းသာကို လိုလားတယ်၊
ဆင်းရဲကို ရွံမုန်းတယ်။
သူတစ်ပါးတွေလည်း ငါလိုပါပဲ။
ငါဟာ အသက်ခံရမှာကို မကြိုက်သလို၊
သူတစ်ပါးတွေလည်း မကြိုက်။
ဒါကြောင့် ငါဟာ သူတစ်ပါးကို မသတ်သင့်လို့
စဉ်းစားပြီး၊ကိုယ်တိုင်လည်း မသတ်ရ။
သူတစ်ပါးကိုလည်း မသတ်ခိုင်းရ။
မသတ်တာရဲ့ ဂုဏ်ကိုလည်း ပြောပြရမယ်။

■ (၂)။ ငါ့ပစ္စည်းကို အခိုးခံရရင် ငါမကြိုက်သလို၊
ငါက သူတစ်ပါးပစ္စည်းကို ခိုးယူရင်လည်း
ငါ့ကို သူတစ်ပါးက မကြိုက်။
ဒါကြောင့် ငါဟာ မခိုးသင့်လို့ စဉ်းစားပြီး၊
ကိုယ်တိုင်လည်း ခိုးတာ ရှောင်ရမယ်။
သူတစ်ပါးကိုလည်း ရှောင်ခိုင်းရမယ်။
ရှောင်တာရဲ့ ဂုဏ်ကိုလည်း ပြောပြရမယ်။

■ (၃)။ ငါ့မယားကို စော်ကားခံရရင် ငါမကြိုက်။
ငါက သူတစ်ပါး မယားကို စော်ကားရင်လည်း၊
သူတစ်ပါးက ငါ့ကို မကြိုက်။
ဒါကြောင့် ငါဟာ သူတစ်ပါးမယားကို
မစော်ကားသင့်လို့ စဉ်းစားပြီး၊
ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးမယားကို
စော်ကားတာကို ရှောင်ရမယ်။
သူတစ်ပါးကိုလည်းရှောင်ခိုင်းရမယ်။
ရှောင်တာရဲ့ ဂုဏ်ကိုလည်း ပြောပြရမယ်။

■ (၄)။ လိမ်ညာပြီး ငါ့အကျိုးပျက်အောင် လုပ်လာရင်
ငါမကြိုက်၊ ငါက လိမ်ညာပြီး၊ သူတစ်ပါးအကျိုးပျက်အောင်
လုပ်ခဲ့ရင်လည်း ငါ့ကို သူတစ်ပါးက မကြိုက်။
ဒါကြောင့် ငါဟာ သူတစ်ပါးအကျိုးပျက်အောင်
မလိမ်ညာသင့်လို့ စဉ်းစားပြီး ကိုယ်တိုင်လည်း
လိမ်ညာတာကို ရှောင်ရမယ်။
သူတစ်ပါးကိုလည်း ရှောင်ခိုင်းရမယ်။
ရှောင်တာရဲ့ ဂုဏ်ကိုလည်း ပြောပြရမယ်။

■ (၅)။ ကုန်းတိုက်ပြီး ငါ့မိတ်ဆွေတွေနဲ့
စိတ်ဝမ်းကွဲအောင် လုပ်လာရင် ငါမကြိုက်။
ငါက ကုန်းတိုက်ပြီး သူတစ်ပါးမိတ်ဆွေတွေနဲ့
စိတ်ဝမ်းကွဲအောင် လုပ်ခဲ့ရင်လည်း
ငါ့ကို သူတစ်ပါးက မကြိုက်။
ဒါကြောင့် ငါဟာ သူတစ်ပါးမိတ်ဆွေတွေနဲ့
စိတ်ဝမ်းကွဲအောင် မလုပ်သင့်လို့ စဉ်းစားပြီး၊
ကိုယ်တိုင်လည်း၊ကုန်းတိုက်တာကို ရှောင်ရမယ်။
သူတစ်ပါးတွေကိုလည်း ရှောင်ခိုင်းရမယ်။
ရှောင်တာရဲ့ ဂုဏ်ကိုလည်း ပြောပြရမယ်။

■ (၆)။ ကြမ်းတမ်းတဲ့စကားနဲ့ ငါ့ကို ပြောလာရင် ငါမကြိုက်။
ငါက ကြမ်းတမ်းတဲ့စကားနဲ့ သူတစ်ပါးကို သွားပြောရင်လည်း
သူတစ်ပါးက မကြိုက်။ဒါကြောင့် ငါဟာ ကြမ်းတမ်းတဲ့စကားနဲ့
မပြောသင့်လို့ စဉ်းစားပြီး ကိုယ်တိုင်လည်း ကြမ်းတမ်းတဲ့စကား
ပြောတာကို ရှောင်ရမယ်။သူတစ်ပါးကိုလည်း ရှောင်ခိုင်းရမယ်။
ရှောင်တာရဲ့ ဂုဏ်ကိုလည်း ပြောပြရမယ်။

■ (၇)။ အနှစ်မရှိတဲ့ စကားနဲ့ ငါ့ကို ပြောလာရင် ငါမကြိုက်။
ငါက အနှစ်မရှိတဲ့ စကားနဲ့ သူတစ်ပါးကို သွားပြောရင်လည်း
သူတစ်ပါးက မကြိုက်။ဒါကြောင့် ငါဟာ အနှစ်မရှိတဲ့စကားနဲ့
မပြောသင့်လို့ စဉ်းစားပြီး၊ကိုယ်တိုင်လည်း အနှစ်မရှိတဲ့စကား
ပြောတာကို ရှောင်ရမယ်။သူတစ်ပါးကိုလည်း ရှောင်ခိုင်းရမယ်။
ရှောင်တာရဲ့ ဂုဏ်ကိုလည်း ပြောပြရမယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【သံ၊ ပါဠိ၊ တတိယ၊ ၃၀၈၊ ၃၀၉】
-【သာမဏေကျော်ဆရာတော်】
အပ္ပမာဒေန သမ္ပာဒေထ။
Posted by
www.facebook.com/youngbuddhistassociation.mm