ဒေါသကြီးသူ၌ -
●(၁) ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းတို့ကို
ဖျက်ဆီးကာ ရုပ်ဆင်းအင်္ဂါ မညီမညာ
ပျက်စီးလာတတ်ခြင်း၊

●(၂) အိပ်စက်နားနေသောအခါတွင်လည်း
ချမ်းချမ်းသာသာ မအိပ်စက်ရဘဲ၊
ယောင်ယမ်းလန့်ဖြန့်မှုများ ဖြစ်တတ်ခြင်း၊

●(၃) မိမိပြုလုပ်ဖွယ်ရာ ကိစ္စအ၀၀တို့တွင်
အကျိုးအကြောင်း၊အဆိုးအကောင်း တို့ကို
မဆင်ခြင်မစဉ်းစားနိုင်ဘဲ အကျိုးရှိသည်ကို မရှိထင်၊
အကျိုးယုတ်သည်ကို အဟုတ်ထင်တတ်ခြင်း၊

●(၄) စီးပွားဥစ္စာ ဆုတ်ယုတ်လျော့ပါးတတ်ခြင်း၊

●(၅) ဂုဏ်ရှိန်သတင်း သိန်ဖျင်းပျက်ပြယ်တတ်ခြင်း၊

●(၆) မိတ်ကောင်းဆွေကောင်းများက ဖဲခွာ၍ သွားတတ်ခြင်း၊

●(၇) သေသည့်၏အခြားမဲ့၌ ငရဲ ၊တိရစ္ဆာန်၊
ပြိတ္တာ ၊အသူရကာယ် ဟူသော အပါယ်ရွာသို့သာ
လားရတတ်ခြင်းဟူသော ဆိုးကျိုးများကို ခံစားရသည်။

“ရုပ်ရည်ဆင်းပျက် ၊အိပ်စက်မပျော် ၊ကျိုးသော်မရ ၊
ဘောဂပျက်စေ ၊ဂုဏ်ပျက်စေ၍ ၊မိတ်ဆွေပျက်ပြား၊
အပါယ်လား ၊ခုနှစ်ပါးဒေါသ အပြစ်တည်း။”
-【မြတ်ဗုဒ္ဓ】