လူရှေ့ ၊သူရှေ့ မှာ သီလရှိရုံလေးနဲ့
သီလရဲ့ အကျိုးတရားတွေ မခံစားရသေးဘူး။
ကွယ်ရာမှာလည်း သီလရှိမှ သီလရဲ့
အကျိုးတရားတွေခံစားရတာ။

“ကံတွေရဲ့ အကျိုးတရား”
ဆိုတာ သူများမြင်မှ၊လူမြင်မှ
အကျိုးပေးတာမဟုတ်ဘူးနော်။
သူများမြင်မြင်၊မမြင်မြင်
● မကောင်းတဲ့ အလုပ်ကလည်း
မကောင်းတဲ့ အကျိုးပေးမှာပဲ။
● ကောင်းတဲ့အလုပ်ကလည်း ကောင်းတဲ့
အကျိုးပေးမှာပဲ။

● ကောင်းတာလုပ်လည်း လူသိအောင်
ကြွားနေစရာမလိုဘူး။
ကိုယ်လုပ်တာ ကိုယ်သိဖို့ပဲ အရေးကြီးတယ်။
● မကောင်းတာရှောင်တာကိုလည်း
သူများသိစရာမလိုဘူး။
ကိုယ်ကိုယ်တိုင် သိဖို့သာ အရေးကြီးပါတယ်။

ကိုယ့်အလုပ် ကိုယ်သိဖို့ အဓိကပါပဲ။
တကယ်တော့ သီလချိုးဖောက်ဖို့၊
မကောင်းမှုပြုဖို့အတွက် ဆိတ်ကွယ်ရာအရပ်
ဆိုတာကလည်း မရှိပါဘူး။

-【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】