ငါသေတော့မည်ဟု
ထင်မှတ်ရသော အချိန်ပိုင်းတွင်မိမိ၏စိတ်အာရုံကို ကြည်လင်အောင်ရှင်းရှင်းထား၍ နေပါ။
သံယောဇဉ်ဟူသမျှ ဘာသံယောဇဉ်မှ
(ပစ္စည်း၊လူ့သံယောဇဉ် စသည်)
မိမိ၏ စိတ်အာရုံတွင် ၀င်ရောက် မလာစေရ။
ဝင်ရောက်လာလျှင် ဖယ်ထုတ်ပစ်ပါ။
မိမိပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်၊
ဘာဝနာကုသိုလ် စသည်တို့တွင်
မိမိစိတ်ဝင်စား၍ အနှစ်သက်ဆုံးသော
ကုသိုလ်အာရုံတစ်ခုခု ထပ်ပြန်တလဲလဲ
စွဲနေအောင်နှလုံးသွင်း၍ ကျေနပ်ဝမ်းမြောက်နေရမည်။
ကုသိုလ်အာရုံတစ်ခုခုကို စိတ်ကြည်လင်အောင်
နှလုံးသွင်း၍ စိတ်ဝင်စားကာ ပျော်မွေ့ရင်း သေသွားတတ်ရမည်။

- (တောင်တန်းသာသနာပြုဆရာတော်ဦးဥတ္တမသာရ)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm