သဒ္ဓါ = ရတနာသုံးပါးနှင့် ကံတရားကို ယုံကြည်ခြင်း၊
သတိ = ကုသိုလ်ကောင်းမှုတို့ကို မမေ့ခြင်း၊
ဟိရီ = မကောင်းမှု ပြုရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = မကောင်းမှု ပြုရမည်ကို ကြောက်လန့်ခြင်း၊
သုတ = အပြစ်ကင်းသော အကြားအမြင် ဗဟုသုတ၊
ဝီရိယ = ကုသိုလ်ကောင်းမှုတို့ကို အားထုတ်ပြုလုပ်ခြင်း၊
ပညာ = အသိ၊ အလိမ္မာ၊ အတတ်ပညာ၊

ဤဖော်ပြပါ အရည်အသွေးများကို သူတော်ကောင်း
ဥစ္စာ ၇ ဖြာ ဟူ၍ လည်းကောင်း ၊
သူတော်ကောင်းတရား ၇ ပါး ဟူ၍ လည်းကောင်း
ခေါ်ဝေါ်ကြသည်။

“အရိယာဥစ္စာ ၇ ဖြာ”
••••••••••••••••••••••••
"သဒ္ဓမ္မ" ဟု ခေါ်သည့် အထက်ပါ သူတော်ကောင်း တရား ၇ ပါးကို
အရိယဓန = အရိယာဥစ္စာ ၇ ဖြာနှင့် ရေားထွေးနေတတ်ကြသည်။

အရိယာဥစ္စာ ၇ ဖြာမှာ -
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ(ဒါန)၊ ဟိရီ၊ ဩတ္တပ္ပ၊ ပညာ
တို့ ဖြစ်ကြသည်။