၁။ မိမိရဲ့ နှမြောတွန့်တိုမှု လောဘများကို လှူဒါန်းစွန့်ကြဲမှု
ဒါနတရားဖြင့် အနိုင်ယူပါ။

၂။ မိမိရဲ့ ဒေါသများကို ထိမ်းချုပ်ခြင်း သီလတရားဖြင့်
အနိုင်ယူပါ။

၃။ မိမိရဲ့ မောဟများကို သတိဖြင့် စူးစိုက်ကာ အရှိကို
မြင်အောင်ကြည့်ခြင်း ၀ိပဿနာတရားဖြင့် အနိုင်ယူပါ။

၎။ မိမိရဲ့ သူတပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာ
တရားဖြင့် အနိုင်ယူပါ။

၅။ မိမိရဲ့ သူတပါးအပေါ် အနိုင်ယူလိုမှုများကို သနားခြင်း
ကရုဏာတရားဖြင့် အနိုင်ယူပါ။

၆။ မိမိရဲ့ သူတပါးအပေါ် မနာလို မရှုစိမ့် ဖြစ်မှုများကို
သူကံကောင်းလို့ ချမ်းသာကြီးပွားအောင်မြင် နေတာပဲ
ဆိုတဲ့ ၀မ်းမြောက်ခြင်း မုဒိတာတရားဖြင့် အနိုင်ယူပါ။

၇။ မိမိရဲ့ သူတပါးအပေါ် ရန်လိုမှုများကို ကိုယ်နဲ့ မဆိုင်သလို
ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။

၈။ မိမိရဲ့ သူတပါးအပေါ် အပြစ်ပြောလိုမှုများကို
ကိုယ်ချင်းစာ တရားဖြင့် အနိုင်ယူပါ။

၉။ မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိအခြေအနေကို
မြင်အောင်ကြည့်ကာ မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။

- ချမ်းအေးဆရာတော် ( စစ်ကိုင်း )

Dhamma Danã Source ► ပန်းကမ္ဘာ > ဓမ္မအလင်း၊ &
www.facebook.com/youngbuddhistassociation.mm