မေတ္တသုတ်ကို နေ့စဉ်ရွတ်လို့ရှိရင်
အန္တရယ်တွေကင်းတယ်လို့
ဒီမေတ္တသုတ်ထဲမှာ ပြဆိုထားတဲ့စကား
တစ်လုံးမှမပါဘူး။ သို့သော် အများက
ဒီအတိုင်းပဲ ယုံကြည်နေကြတယ်။
မိုးကုတ်ဆရာတော်ကြီးပြောတဲ့
စကားလုံးနဲ့ ပြောရမယ်ဆိုရင် `တို့လူ
တွေက သောက်ဆေးကို လိမ်းဆေးလုပ်
နေကြတယ်´ တဲ့ ၊ သောက်ရမှာကို
မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံး
ပြုနေလို့ရှိရင် အကျိုးသက်ရောက်မှု
အားနည်းမယ်၊ သောက်ရမယ့်ဆေးက
သောက်ကိုသောက်မှ အကျိုးသက်
ရောက်မှာ၊ ဒါကြောင့်
မေတ္တာဆိုတာ ဘဝနာတရား ဖြစ်လို့
ပွားများကြရမယ်။ မေတ္တာဆိုတဲ့တရားက ရွတ်ဖတ်ရမယ့်
တရားမဟုတ်ဘူး၊ ပွားများရမယ့်တရား
ဖြစ်တယ်၊ မေတ္တာဟာ ကမ္မဌာန်းပဲ၊
များသောအားဖြင့် ဝိပဿနာတရား
အားထုတ်တာမှာ ကမ္မဌာန်းလို့ယူဆနေ
ကြတယ်။ မေတ္တာပို့နေတာ ပွားများတာ
ဟာလည်း ကမ္မဌာန်းပါပဲ၊ သမထကမ္မဌာန်းထဲမှာပါတယ်။ ဒါကြောင့် မေတ္တသုတ်နဲ ပက်သက်လာလို့
ရှိရင် ရွတ်ရမှာ သက်သက်မဟုတ်ဘူး။
နာရမှာသက်သက်မဟုတ်ဘူး၊
ပွားများကြရမှာ ဖြစ်ပါတယ်။

တရားပလ္လင်ထက်က စကားအလင်္ကာများစာအုပ်မှကောက်နုတ်ချက်

အရှင်နန္ဒမာလာဘိဝံသ