ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ် ၉ ဆူကို တပြိုင်နက်တည်း ဖူးမြော်ခွင့်ရရှိခြင်းဖြင့် လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံပါသည်။ အံဖွယ် ၉ ဆူကို တစ်ဆူချင်းစီ လိုက်လံဖူးမြော်နိုင်ရန် ပုံတော်များကို တည်နေရာနှင့်တစ်ကွ Shwedagon Media kit မှ ကုသိုလ်ယူ တင်ပေးလိုက်ပါသည်။

အံဖွယ် ၉ ဆူမှာ

၁။ ပတ္တမြားမျက်ရှင်
တည်နေရာ - ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ တနင်္လာထောင့်။

၂။ ဝိဇ္ဇာဇော်ဂျီ
တည်နေရာ - ရွှေတိဂုံစေတီတော်မြတ်ကြီး၏ စနေထောင့်တည့်တည့်တွင် တည်ရှိပါသည်။ စေတီတော်ကြီး၏ ပတ်လမ်းနံဘေးတွင်ဖြစ်ပါသည်။ ဝိဇ္ဇာဇော်ဂျီဘုရား၏ တနင်္ဂနွေထောင့်သည် ရွှေတိဂုံစေတီတော်ကြီးဖြစ်ပါသည်။

၃။ ရှင်စောပုဘုရား
တည်နေရာ - ချမ်းသာကြီးဘုရား၏ အနောက်မြောက်ဘက်တန်ဆောင်းတွင်တည်ရှိသည်။ ရာဟုထောင့်

၄။ ရှင်မထီးဘုရား
တည်နေရာ - နောင်တော်ကြီးစေတီတော်၏ မြောက်ဘက် အာရုံခံ ရှင်မထီးတန်ဆောင်းအတွင်းစံပယ်တော်မူပါသည်။ မြောက်အရပ်သို့ မျက်နှာမူထားပါသည်။

၅။ ရှင်အဇ္ဇဂေါဏဘုရား
တည်နေရာ - နောင်တော်ကြီးစေတီတော်၏ တောင်ဘက် အာရုံခံတန်ဆောင်းအတွင်း စံပယ်တော်မူသည်။ ရှင်အဇ္ဇဂေါဏတန်ဆောင်းသည် တနင်္ဂနွေထောင့်တွင် တည်ရှိပါသည်။

၆။ ဆံတော်တွင်းရုပ်ပွားတော်
တည်နေရာ- ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သောကြာဂြိုဟ်ထောင့်၊ မြောက်ဘက်မုခ်ဦးတန်ဆောင်းရှေ့ဖြစ်ပါသည်။ ဆံတော်တွင်းတန်ဆောင်း အတွင်းတွင်စံပယ်ပါသည်။

၇။ ဘိုးဘိုးအောင်ဂူဘုရား
တည်နေရာ - ရွှေတိဂုံစေတီတော် ( တနင်္လာထောင့် ) အရှေ့အရပ် အရှေ့ဘက်မုခ်ဦးတွင်တည်ထားကိုးကွယ်သော ဘုရားဖြစ်ပါသည်။ ထီးတော်ပုံစေတီ အောင်မြေရှေ့တွင် ဘိုးဘိုးအောင်တန်ဆောင်းရှိပြီး ယင်းတွင်တည်ထားပါသည်။

၈။ ကကုသန္ဓဘုရား ( လက်ပက်လက် ဘုရား )
တည်နေရာ။ ။ရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း (တဝဂူ)

၉။ ပြဒါးရှင်ဘုရား
တည်နေရာ - အရှေ့ဘက်မုခ်နှင့် အင်္ဂါထောင့်ကြားရှိစေတီတစ်ဆူ၏တောင်ဘက်မုခ်အတွင်း ကိန်းဝပ်စံပယ်တော်မူသော ကြေးဆင်းတုတော်ဖြစ်ပါသည်။