သစ္စာဉာဏ် [ ခန္ဓဖြစ်စဉ် ]
•••••••••••••••••••••
ခန္ဓာငါးပါးအပေါင်းအစုကြီးကို ဒုက္ခလို့သိတာက သစ္စာဉာဏ်
ခန္ဓာငါးပါးအပေါင်းကြီးထဲမှာ ဝေဒနာလေးတွေ ၊ ဒုက္ခ ၊ သုခ ၊
ဒေါမနဿ ၊ သောမနဿ တွေဝင်လာတယ် ၊စိတ်ကလေးတွေလာ
တယ် ၊ အဲဒါလေးတွေကို ဉာဏ်နဲ့တည့်မိတာ သစ္ဇာဉာဏ် ၊ ခန္ဓာ
ကြီးကပူလိုက် အေးလိုက် ၊ စိတ်ဆင်းရဲလိုက် စိတ်ချမ်းသာလိုက်
နေတာ ၊ ခန္ဓာကဒုက္ခသစ္စာမို့ ဒုက္ခသစ္စာလို့ပြောတာ ၊ ခန္ဓာကဒုက္ခ
လို့ပြောတာကို ကျုပ်တို့က ဒုက္ခလို့သိနေရင် ဒုက္ခက ဒုက္ခသစ္စာ
ဉာဏ် ၊ သစ္စာသိတဲ့ဉာဏ် ၊ သစ္စာဉာဏ် ။

စက္ခု( မျက်စိ )နှင့်အဆင်း တိုက်ဆိုင်သောအခါ မြင်သိစိတ်
( စက္ဂုဝိဉာဏ် )ပေါ်ပေါက်လာရသည် ၊ မျက်စိနှင့်အဆင်းတိုက်၍
ပေါ်ပေါက်လာသောအရာသည် မြင်သိစိတ်သာလျှင်ဖြစ်သည် ၊
မြင်သူငါမဟုတ် ၊ သူမဟုတ် ၊ ယောကျ်ားမိန်းမမဟုတ် ၊ မျက်စိ၌
ပေါ်သောမြင်သိစိတ်သာလျှင် ဖြစ်သည် ၊ မြင်သိစိတ်အပြင်ဘာမှ
မပါ ၊ ဤမြင်သိစိတ်ကို ငါ သူတစ်ပါး ယောကျ်ားမိန်းမနှင့် မ
ရောသင့်ပေ ၊ မြင်သိစိတ်ကို ပုဂ္ဂိုလ်သတ္တဝါအဖြစ် မယူသင့်ပေ ၊

မျက်စိ ၊ အဆင်းနှင့် မြင်သိစိတ်တို့သည် ထိတွေ့မှုဖဿ ကိုဖြစ်
ပေါ်စေ၏ ၊ ထိတွေ့မှုဖဿ ကို အကြောင်းပြု၍ ဝေဒနာဖြစ်ပေါ်
လာရ၏ ၊ ထိုဝေဒနာထဲမှာလည်း ငါ သူတစ်ပါး ယောကျ်ားမိန်းမ
မပါဝင်ပါ ၊ ဝေဒနာကြောင့်တဏှာဖြစ်ပေါ်လာရပြန်သည် ၊ တဖန်
တဏှာကြောင့် ဥပါဒါန်( စွဲလန်းမှု ) ဖြစ်ပေါ်လာရလေသည် ၊ တ
ဖန် ဥပါဒါန်ကိုအကြောင်းပြု၍ ကာယကံ ဝဇီကံနှင့် မနောကံတို့
ဖြစ်ပေါ်လာကြရသည် ၊ ဤကာမဘဝကို အကြောင်းအမှီပြု၍
ဇာတိ ပဋိသန္ဓေနေခြင်း ဖြစ်ရသည် ၊ ဤတွင် ဇာတိပဋိသန္ဓေ
နေခြင်းသည် အပါယ်ဇာတိကို ဆိုလိုသည် ။

ဇာတိကိုအကြောင်းပြု၍ ( မှီ၍ )အိုခြင်းဇရာ ၊ သေခြင်းမရဏ ၊ဝမ်း
နည်းခြင်း ၊ ပူဆွေးခြင်းဒုက္ခ ၊ ပရိဒေသ ၊ ဥပါယာသတရားတို့ ဖြစ်
ကြရသည် ၊ ဤသို့လျှင် အလုံးစုံသောဒုက္ခတရားတို့သည် ဖြစ်ပေါ်
လာကြရပေသည် ။

သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိဆိုသော ပါဠိ၏အဓိပ္ပာယ်မှာ
နားအကြည်နှင့်အသံတို့ တိုက်ဆိုင်သောအကြောင်းကြောင့်
ကြားသိစိတ်( သောတဝိညာဏ် )ဟူ၍ ဖြစ်ပေါ်လာရသည် ၊ အ
လားတူစွာပင် ဃာနဉ္စပဋိစ္စ( နှာအကြည် ) ၊ ဇီဝါစပဋိစ္စ( လျှာအ
ကြည် ) ၊ ကာယဉ္စပဋိစ္စ( ကိုယ်အကြည် ) တို့ကိုလည်း ၎င်းတို့၏
ဆိုင်ရာ အာရုံဒွါရနှင့် အာရုံတို့ ထိတွေ့မှုအရ ဆိုင်ရာဝိညာဏ်
စိတ်များ ဖြစ်ပေါ်လာရကြောင်းကို နားလည်သဘောပေါက်သင့်
သည် ။

ဆိုအပ်ပြီးသောတရားသည် ခန္ဓာပဋိစ္စသမုပ္ပါဒ်ပင်ဖြစ်ကြောင်းကို
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သည် ။

မိုးကုတ်တရာတော်ကြီး၏ ဓမ္မလမ်းညွှန်များ