လေးလေးစားစားလုပ်ပါ သာဓုခေါ်ပါ
------------------------------

ရှင်မဟာမောဂ္ဂလန်ကိုယ်တော်ကြီး နတ်ပြည်ကို
ဆွမ်းခံကြွတော့ ဗိမ္မာန်အကြီးကြီးနဲ့ကိုယ်ရောင်
ကိုယ်ဝါတောက်ပစွာနဲ့သုနက္ခတ္တနတ်သားကို
တွေ့တော့ ဘာကောင်းမှ ု့ကြောင့်များ ခုလို
ခမ်းနားတဲ့ဘဝကို ရတာလဲလို့မေးတော့
တပည့်တော်ဖြေရမှာတောင် မယုံကြည်နိ ုင်စရာ
ကောင်းလှပါတယ်ဘုရားတဲ့

တပည့်တော်ဟာ အနှစ်နှစ်သောင်းတမ်းမှာ
လူဖြစ်စဉ်တုံးက စေတီရင်ပြင်တော်မှာ သူများတကာတွေက
ပန်းလာလှ ုတာ အဲဒီပန်းတွေကို တပည့်တော်က
လှပအောင်ပြင်ပြီး ပြန်လည်ပူဇော်ပေးတာပါဘုရားတဲ့
အဲဒီကောင်းမှ ု့ကြောင့် ဘုရားနှစ်ဆူကာလမှာ
နတ်ပြည်နတ်လောကမှာပဲကျင်လည်ပြီး
ခုထက်ထိ ဤကုသိုလ်အရှိန်ကိုခံစားနေရတာပါဘုရား
ဆိုပြီးလျှောက်တော့ ရှင်မဟာမောဂ္ဂလန်
ကိုယ်တော်ကြီးက တရားဟောလိုက်တော့
သောတာပန်ဖြစ်သွားတယ်

သောတာပန်ဖြစ်သွားတော့မှ အဲဒီနတ်သားက
အရှင်ဘုရား ကောင်းမှ ု့ကုသိုလ်သေးသေးလေး
ဆိုပြီး မလေးမစားမလုပ်ကြပဲ လေးလေးစားစား
လုပ်ရင် ကြီးကျယ်တဲ့အကျိုးရနိ ုင်တဲ့အကြောင်းကို
လူတွေကိုပြန်ဟောပေးပါဘုရားဆိုပြီးလျောက်တယ်

အဲ ီအကြောင်းကို ရှင်မဟာမောဂ္ဂလန်ကိုယ်တော်ကြီးက
ဘုရားရှင်ကိုလျှောက်တော့မှ ဘုရားရှင်က
ကုသိုလ်သေးသေးလေးဟာ ကြီးကျယ်တဲ့
အကျိုးကိုရှိနိ ုင်တယ်ဆိုတဲ့အကြောင်း အကုသိုလ်
သေးသေးလေးကလည်းကြီးကျယ်တဲ့အကျိုး
ပေးနိ ုင်တယ်ဆိုတဲ့အကြောင်းဟောတော်မူတယ်

သူများလှ ုတဲ့ပန်းကိုပြင်ထိုးပေးတာတောင်
နတ်ပြည်ရောက်ပြီးအဲဒီနတ်ပြည်ကမှတဆင့်
သောတာပန်ဖြစ်တယ်ဆိုတော့

မိတ်ဆွေတို့တတွေလည်း ဘုရားပန်းလှ ုတာ
သောက်တော်ရေကပ်တာမှအစ ထက်သန်လှတဲ့
ယုံကြည်မှ ု့သဒ္ဒါတရားလေးနဲ့သာ ပြုလုပ်ကြ
စမ်းပါ တနေ့နေ့တော့ ကြီးကျယ်ခမ်းနားတဲ့
အကျိုးတရားတွေရှိလာပါလိမ့်မယ်

တကယ်တော့သူများအလှ ုမှာ အမျှပေးလို့
သာဓုခေါ်ယုံနဲ့တင် နတ်သားဖြစ်သွားသူတွေ
အများကြီးရှိပါတယ် ဒါ့ကြောင့်အမျှဝေသံကြားတိုင်း
သာဓုခေါ်ကြစမ်းပါ

နာကိုး တောင်းရှစ်
သာဓုတစ် ဟောလစ်အသင်္ချေတဲ့

သာဓုခေါ်ယုံနဲ့တင်
တကမ္ဘ္ဘာအကျိုးပေးပါတယ်တဲ့

ဗုဒ္ဓဘာသာတန်ဘိုးကြီးတယ်ဆိုတာ
အဲဒီလိုမျိုးအခွင့်အရေးတွေကြောင့်ပါ

ဘယ်ဘာသာမှာမှ
အဲဒီလိုအခွင့်အရေးမျိုး
မရှိနိ ုင်ပါဘူး

အမျှဝေတိုင်း
သာဓုခေါ်နိ ုင်ကြပါေ