[ အာသေဝန သတ္တိ ]
………………………
တပ်မက်ဖွယ် စိတ်ပျက်ဖွယ်တို့ကြောင့် လောဘပဲဖြစ်ဖြစ် ၊ ဒေါ
သပဲဖြစ်ဖြစ် ၊ ဆန့်ကျင်ဘက် အလောဘ ,အဒေါသပဲဖြစ်ဖြစ်
ဥပါတ် ,ဋ္ဌီ ,ဘင် (ဖြစ်တည်ပျက်)ဖြစ်၍ ချုပ်ပျက်ရ၏ ၊ ရှေ့ဇော
သည်ချုပ်သွားသော်လည်း အရှိန်မကုန် ၊ နောက်ဇောအားပျံ့နှံ့
လျှက်ဖြစ်၏ ၊ ထောက်ပံ့ပေး၏ ၊ ထုံစေ၏ ၊ ထို့ကြောင့် နောက်
နောက်ဇောတို့သည် ရှေးရှေးဇောတို့ထက် အားပိုကောင်း၏ ။
လောက၌ ကြီးကျယ်သောအရာခပ်သိမ်းဟူသမျှ ကြိမ်ဖန်များစွာ
လေ့လာခြင်း ၊ ဆည်းပူးခြင်း ၊ အားထုတ်ခြင်း ၊ မှီဝဲခြင်းတို့ကြောင့်
ဖြစ်ပေါ်လာသော အကျိုးတရားတို့ ဖြစ်ပေါ်လာကြ၏ ။

အဆိုးမြင်ဝါဒရှိသူသည် ဘာမဆိုအဆိုးကိုသာ အမြဲမြင်နေတတ်
၏ ၊ လောကကိုအပျက်သဘောဖြင့်သာ ကြည့်တတ်၏ ၊ စိတ်ဝင်
စားဖွယ်အာရုံတစ်ခုကို နေ့စဉ်မပြတ် အမြဲတမ်းကြည့်နေက
မကြည့်ရမနေနိုင် ဖြစ်တတ်၏ ၊ အမြဲကြည့်နေသည့် ဇာတ်လမ်း
တွဲများ စဉ်းစားကြည့်ကသိနိုင်၏ ၊ စွဲသွားထုံသွား၍ ဖြစ်၏ ၊
တချို့ပုဂ္ဂိုလ်များ စွန့်လှူလေ့ရှိကြ၏ ၊ ထိုပုဂ္ဂိုလ်တို့သည် နဲနဲလေး
လှူဒါန်းရာမှ များစွာကို စွန့်လှူနိုင်ကြ၏ ၊ (အလောဘ) မငြိကပ်
ခြင်း ထုံစွဲသွားခြင်းဖြစ်သည် ၊
အကုသိလ်ကို မပြောပလောက်သည့် အကုသိုလ်လေးပါဟုဆို
ကာ လွန်ကျူးပါက တဖြည်းဖြည်းအကုသိုလ်ကြီးများကို ကျူးလွန်
ဖြစ်တော့၏ ၊ အာသေဝနပစ္စည်းသည် တဖြည်းဖြည်းအားကောင်း
လာစေရန် ကျေးဇူးပြုသောကြောင့် ဖြစ်၏ ။

အရှင်ပညာသီဟာ ဘိဝံသ ( ဂမ္ဘီရပဋ္ဌာန်း )