[ နားကြီးကြီးနဲ့ တရားနာပါ ]
~~~~~~~~~~~~~~~~
နားကြီးကြီးနဲ့နာပါဆိုတာက လူသားတိုင်းရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ နား
အကြီးအသေးတွေကို ပြောတာမဟုတ်ပါဘူး ၊ ဥပမာ -
( ၁ ) မိမိသန္တာန်မှာရှိတဲ့ ရာဂ ၊ ဒေါသ ၊ မောဟစတဲ့ တရားဆိုး
တွေ ခေါင်းပါးပျောက်ကွယ်အောင် စူးစူးစိုက်စိုက်နာကြားတဲ့
နားမျိုး ။
( ၂ ) သဒ္ဓါတရားတွေတက်လာအောင် ပညာဗဟုသုတွေရအောင်
တည်ကြည်တဲ့ ကိုးကွယ်မှုတွေ ဖြစ်လာအောင် စိတ်ပါလက်
ပါ နာကြားတဲ့နားမျိုး ။
( ၃ ) ဝမ်းနည်းပူဆွေးနေတာတွေ ပျောက်အောင် သက်သာ
အောင် ၊ တရားခွန်အားတွေ ကြီးထွားအောင် နာကြားတဲ့
နားမျိုး ။
( ၄ ) ကိုယ်ဆင်းရဲမှု ၊ စိတ်ဆင်းရဲမှုတွေ သက်သာပျောက်ကင်း
အောင် ၊ ချုပ်ငြိမ်းအောင် နာကြားတဲ့နားမျိုး ။
( ၅ ) မဂ်ဖိုလ်နှင့်လျော်သော ကျင့်ဝတ်ပဋိပတ်ကို သိဖို့ နာကြားတဲ့
နားမျိုး ။
( ၆ ) သူတစ်ပါးတို့၏ ချီးမွမ်းထောပနာမှုကို ရလိုတဲ့အတွက်
နာကြားတဲ့ နားမျိုး ။
ဒီ ( ၆ ) မျိုးထဲက ပထမ ( ၅ ) မျိုးကို နားကြီးလို့ခေါ်ပြီး ၊ နံပါတ်
( ၆ ) နာကြားမှုမျိုးကိုတော့ နားသေးလို့ ခေါ်ပါတယ် ။

{ ဆက္ကအင်္ဂုတ္တုရ်၊ အဋ္ဌကထာ }