ကံနဲ့. ကံအကျိုး
••••••••••••
ကံကိုပြုလုပ်ချိန်မှာ အလောဘအားနည်းပြီး အဒေါသ ၊ အမော
ဟ အားကြီးသူမှာ အဲဒီကံက အကျိုးပေးရင် လောဘကြီးသူ ၊
ဒေါသမရှိလို့ အေးဆေးချမ်းသာသူ ၊ ဝရဇိန်ပမာ ဉာဏ်ပညာ
ထက်မြတ်သူ ဖြစ်မယ် ။

ကံပြုလုပ်ချိန်မှာ အလောဘ ၊ အဒေါသ အားနည်းပြီး အမောဟ
အားကြီးသူမှာ အဲဒီကံက အကျိုးပေးရင် လောဘ ဒေါသကြီးသူ
ဖြစ်မယ် ၊ ဘတ္တာယမထေရ်လို ဝရဇိန်ပမာ ဉာဏ်ပညာ ထက်
မြတ်သူ ဖြစ်မယ် ။

ကံပြုလုပ်ချိန်မှာ အဒေါသအားကြီးပြီး အလောဘ အမောဟ
အားနည်းသူမှာ အဲဒီကံက အကျိုးပေးရင် လောဘကြီး ၊ မောဟ
ကြီးသူ ဖြစ်မယ် ၊ ဒေါသမကြီးလို့ ချမ်းချမ်းသာသာ အေးအေး
ဆေးဆေးနေသူ ဖြစ်မယ် ။

ကံပြုလုပ်ချိန်မှာ လောဘ ဒေါသ မောဟအားကြီးသူမှာ အဲဒီကံ
ကအကျိုးပေးရင် လောဘ ဒေါသ မောဟကြီးသူ ဖြစ်မယ် ။

ကံပြုလုပ်ချိန်မှာ ဒေါသ မောဟအားကြီးပြီး လောဘအားနည်း
သူမှာ အဲဒီကံက အကျိုးပေးရင် ဒေါသကြီးသူ ပညာနည်းသူ
ဖြစ်မယ် ၊ နတ်ပြည်အာရုံကို မြင်တာတောင်မှ မသာယာ ၊ မတပ်
မက် မတုန်လှုပ်သူ ဖြစ်မယ် ။

ကံပြုလြပ်ချိန်မှာ မောဟအားကြီးပြီး လောဘ ဒေါသ အားနည်း
သူမှာ အဲဒီကံက အကျိုးပေးရင် လောဘမကြီးသူ ၊ ဒေါသမရှိလို့
အေးဆေးချမ်းသာသူ ဖြစ်မယ် ၊ ပညာထိုင်းမယ် ။

ကံပြုလုပ်ချိန်မှာ ဒေါသအားကြီးပြီး လောဘ မောဟအားနည်း
သူမှာ အဲဒီကံက အကျိုးပေးရင် လောဘမကြီးသူ ပညာရှိ ဖြစ်
မယ် ၊ ဒေါသကြီးသူ ဖြစ်မယ် ။

ကံပြုလုပ်ချိန်မှာ အလောဘ အဒေါသ အမောဟအားကြီးပြီး
လောဘ ဒေါသ မောဟအားနည်းသူမှာ အဲဒီကံက အကျိုးပေး
ရင် မဟာသံဃရက္ခိတထေရ်ပမာ လောဘမကြီးသူ ၊ ဒေါသမ
ကြီးသူ ပညာရှိ ဖြစ်မယ် ။

သာမဏေကျော်