ငါ…မပါမှ အောင်ပွဲရ
•••••••••••••••••
ဒိဋ္ဌိသက္ကာယ မပါယ်သတ်က ၊ လေးဝအပါယ်ရောက်ဦးမယ် ၊
နင်ဝယ်သတိထားတဲ့ ၊ ဒိဋ္ဌိသက္ကာယ ပါယ်သတ်မှ လေးဝအပါယ်
လွတ်မြောက်မယ်တဲ့ ၊ လူအများစုဟာ ဝိပဿ နာတရားကို အား
ထုတ်ရမှာကို မသိကြသေးဘူး ၊ လူ့ဘဝကသေရင်အပါယ်ကျဖို့
သိပ်လွယ်တယ် ၊ လူတွေကိုတရားအားထုတ်ဖို့တိုက်တွန်းတော့
ဘာလုပ်စရာရှိသေးတယ် ၊ ညာလုပ်စရာရှိသေးတယ် ၊မအားသေး
ဘူးတဲ့ ၊ သေမင်းခေါ်တဲ့အခါကျ ငြင်းလို့မရတော့ဘူး ။

ဒါကြောင့် ငါစွဲဆိုတဲ့သက္ကာယဒိဋ္ဌိကို အရေးတကြီးပယ်သတ်ဖို့
မလိုဘူးလား ၊ မြတ်စွာဘုရားက ရင်ဝလှံစူး ၊ ဆံဦးမီးလောင် ၊
မရှောင်အဟုတ် ၊ နောက်မဆုတ်ရ ၊ သက္ကာယကိုပယ်သတ်ရမယ်
တဲ့ ၊ ရင်ဝမှာလှံစူးနေရင် ချက်ချင်းဆွဲနုတ်ကုသရမယ်မဟုတ်လား
ဦးခေါင်းမှာဆံပင်မီးလောင်နေရင် ချက်ချင်းငြိမ်းသတ်ရမယ်မ
ဟုတ်လား ၊ အဲသလိုပဲ သက္ကာယဒိဋ္ဌိကို ချက်ချင်းငြိမ်းသတ်ရမယ်
တဲ့ ၊ နောက်ကျသွားလို့ အပါယ်ရောက်ရင် ငြိမ်းသတ်လို့မရတော့
ဘူး ၊ အိုခြင်းတရားမဦးခင် ၊ နာခြင်းတရားမဦးခင် ၊ သေခြင်းတ
ရားမဦးခင် ဝိပဿ နာအလုပ်ကို ကြိုးစားအားထုတ်ပါတော့ ။

သတ္တဝါတစ်ဦးစီဟာ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိဉာဏ်ဆိုတဲ့
ခန္ဓာငါးပါးနဲ့သာ ဖွဲ့စည်းထားတယ် ၊ ရုပ်ဆိုတဲ့ဒီကိုယ်ကောင်ဟာ
အာရုံကိုသိတတ်တဲ့သဘောမရှိဘူး ၊ ဒါကြောင့် ပုဂ္ဂိုလ်သတ္တဝါ ငါ
မဟုတ်ဘူးကွဲ့ ၊ သူ့သဘာဝအလျောက် တရံမစဲဖြစ်ပြီးပျက်နေတဲ့
တရားပဲကွယ့် ၊ ဝေဒနာဆိုတဲ့ခံစားအှုအစုကလည်း ပုဂ္ဂိုလ်သတ္တဝါ
ငါ မဟုတ်ဘူးကွဲ့ ၊ အကြောင်းမညီညွတ်လို့ နာကျင်ကိုက်ခဲတာ
ဖြစ်လာတယ် ၊ ဖြစ်ဖြစ်ပြီး ပျက်ပျက်နေတာသိပ်မြန်လွန်းလို့ တစ်
ဆက်တည်းမရပ်မနား နာကျင်နေတာပဲလို့ထင်မှတ်နေတာပါ ၊ သ
မာဓိကောင်းကောင်းနဲ့ ဝေဒနာကိုရှုမှတ်လာနိုင်တဲ့အခါမှာ ရေပန်း
လိုတဖွားဖွားဖြစ်ပြီး ပျက်နေတာကိုပဲ တွေ့ရတယ်ကွယ့် ။

သညာဆိုတဲ့ မှတ်သားမှုအစု ၊ သင်္ခါရဆိုတဲ့ ပြုပြင်စီရင်မှုအစု
ဝီဉာဏ်ဆိုတဲ့ သိမှုအစု( စိတ် )တို့ကလည်း အကောင်အထည်
မရှိကြလို့ ပုဂ္ဂိုလ်သတ္တဝါ ငါလို့လည်း မဆိုနိုင်ဘူးပေါ့ကွယ် ၊ ရုပ်
တရားက အကောင်အထည်ရှိတယ် ၊ အာရုံကိုမသိတတ်ဘူး ၊
ဝေဒနာ သညာ သင်္ခါရ ဝိဉာဏ်တို့က အာရုံကိုသိတတ်တယ် ၊
ဒါပေမယ့်အကောင်အထည်မရှိဘူး ဒီလေးပါးကိုပေါင်းပြီး နာမ်
လို့ခေါ်တယ် ၊ ခန္ဓာငါးပါးအကျဉ်းချုပ်လိုက်ရင် ရုပ်နာမ်နှစ်ပါးသာ
ရတယ် ။

ခဏမစဲ တစ်ဖြစ်တည်းဖြစ် တစ်ပျက်တည်းပျက်နေကြလို့ အနိစ္စ
တရားများသာဖြစ်တယ် ၊ တစ်ဖန်ရုပ်ကောင်းနာမ်ကောင်းတွေဖြစ်
ပါစေ ၊ ရုပ်ဆိုးနာမ်ဆိုးတွေမဖြစ်ပါစေနဲ့လို့ လိုချင်တောင့်တလို့လဲ
မရဘူး ၊ စီမံခန့်ခွဲလို့လည်းမရဘူး ၊ သူ့သဘာဝအလျောက်အ
ကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီး ချက်ချင်းပဲပျက်သွားတယ် ၊
ခဏမစဲ ပြောင်းလဲဖောက်ပြန်တတ်တာနဲ့အညီ နှစ်သက်သာယါ
ဖွယ်ရာများလည်း မဟုတ်ကြဘူး ၊ ရွံမုန်းငြီးငွေ့ဖွယ်ရာဆင်းရဲချည်း
ဖြစ်ကြတာကိုမှတ်ပါ ၊ ဒီခန္ဓာငါးပါးစုကို ငါ့ဟာပဲ ၊ ငါပဲ ၊ ငါ၏အတ္တ
ပဲလို့ ရှုမြင်သုံးသပ်ဖို့ရာမထိုက်ဘူး ၊ ငါမရှိမှတော့ ငါပိုင်တဲ့ခန္ဓာ
ကိုယ်လည်းမရှိဘူး ၊ ငါခံစားတဟ်လို့လည်း မရှိဘူးပေါ့ ။

တော်ကူးဆရာတော်ဘုရားကြီး၏သြဝါဒများ