လူ့ဘဝ ဂုဏ်ရည်
••••••••••••••
လူ့ဘဝဂုဏ်ရည် ( ၆ ) ချက်ရှိတယ် ၊ ဒီဂုဏ်ရည်( ၆ ) ချက်နဲ့ပြည့်
စုံမှ မနုဿ တ္တဒုလ္လဘလို့ခေါ်တယ် ၊ ရုပ်အနေနဲ့တူလာရုံနဲ့မရဘူး
လူဆိုတာ လူနဲ့တူမှ လူလို့ခေါ်လို့ရတယ် ။

( ၁ ) ဘုရားသာသနာနဲ့ တွေ့ကြုံရခြင်း
ဘုရားသာသနာနဲ့ တွေ့ရရင် လူဖြစ်ရကျိုးနပ်ပြီ ၊ လူရဲ့လုပ်
ပိုင်ခွင့်အားလုံး သုံးစွဲသလောက် ခံစားခွင့်လည်းရမှာပါ ၊ သာသနာနဲ့ မတွေ့တဲ့အခါ လူရဲ့လုပ်ပိုင်ခွင့်ဆိုတာ ဟာနေတတ်
တယ် ၊ ကျန်နေတတ်တယ် ၊ ဘုရားသာသနာနဲ့တွေ့ခွင့်ရပြီဆိုရင်
အဲဒါ လူ့ဘဝဂုဏ်ရည်တစ်ချက်ပဲ ။

( ၂ )မိကောင်း ဖကောင်း ဆရာသမားကောင်းစသည့် အမှီ
ကောင်းတွေနဲ့ တွေ့ကြုံခွင့်ရခြင်း

ပုထုဇဉ်ဆိုတာ ကိုယ့်အသိနဲ့ကိုယ် ၊ ကိုယ့်သဘောနဲ့ကိုယ်
သွားလို့မရဘူး ၊ ဘုရားနဲ့ ပစ္စေကဗုဒ္ဓါက လွဲလို့ရှိရင် ပညာရှိသူ
တော်ကောင်းများရဲ့ လမ်းညွှန်ချက်မပါပဲ ရှေ့ကိုသွားလို့မရဘူး ၊
ပညာရှိသူတော်ကောင်းတွေရဲ့ လမ်းညွှန်ချက် အမြဲလိုတယ် ၊
ဒါက ကုသိုလ်ခေါ်တယ် ၊ ဒါက အကုသိုလ်လို့ခေါ်တယ် ၊ ဒါကမ
လုပ်ရဘူး ၊ ဒီလိုလုပ်ရင် ဒါမျိုးဖြစ်တတ်တယ် ၊ ဒီလိုဖြစ်စေချင်ဒီလို
လုပ်ရတယ် စတဲ့ပညာရှိသူတော်ကောင်းလမ်းညွှန်ချက်တွေ
တွေ့ကြုံရပြီဆိုရင် ဒါလည်း လူ့ဘဝဂုဏ်ရည်ပဲ ။

( ၃ ) တရားရှိတဲ့နေရာ ၊ ရတနာသုံးပါးထွန်းကားတဲ့နေရာ ၊ သာ
သနာရှိတဲ့နေရာမှာ ဖြစ်ခွင့် ၊ နေခွင့်ရခြင်း

မြန်မာပြည်ပျော်စရာကောင်းတယ်ဆိုတာ တတိယလူ့ဘဝဂုဏ်
ရည်ကြောင့် ပျော်စရာကောင်းတာ ။ စိတ်ညစ်စရာ ဘယ်လောက်
ပေါပေါ ညစ်တဲ့စိတ်ကို ဆေးစရာတရားရှိတယ် ၊ စိတ်ပူစရာ
ဘယ်လောက်ပေါပေါ ပူတဲ့စိတ်ကိုငြိမ်းအေးအောင်ဆောင်ရွက်
ပေးနိုင်တဲ့ တရားရှိတယ် ၊ စိတ်ရှုတ်စရာ ဘယ်လောက်ပေါပေါ
ရှုတ်တဲ့စိတ်ကို ရှင်းပေးနိုင်တဲ့ တရားရှိတယ် ၊ အန္တရာယ်ဘယ်
လောက်ပေါပေါ အန္တရာယ်ကာကွယ်ပေးနိုင်တဲ့ တရားရှိတယ် ၊
ဘယ်ကုသိုလ်မဆို အချိန်မရွေးထပြီး ပြုလုပ်အားထုတ်နိုင်ခွင့်ရှိ
တဲ့နေရာမှာ ဖြစ်ခွင့်နေခွင့်ရတာ လူ့ဘဝဂုဏ်ရည်တစ်ချက်ပဲ ။

( ၄ ) ရုပ်ပိုင်းဆိုင်ရာ ခန္ဓာတည်ဆောက်မှု ပြည့်စုံခြင်း

မျက်စိကောင်းတယ် ၊ နားကောင်းတယ် ၊ ခြေကောင်းတယ် ၊လက်
ကောင်းတယ် ၊ ကျမ္မာရေးကောင်းတယ် ၊ တကိုယ်လုံးသုံးလို့ရ
တယ် ၊ ဒါလည်း လူ့ဘဝဂုဏ်ရည်ပဲ ။

( ၅ ) စိတ်ပိုင်းဆိုင်ရာ ခန္ဓာတည်ဆောက်မှု ပြည့်စုံခြင်း

သမ္မာဒိဋ္ဌိ စစ်စစ်ဖြစ်ခြင်း ၊ သဒ္ဓါတရားအားကောင်းခြင်း ၊ သူတပါး
ကိုချမ်းသာစေချင်တဲ့ မေတ္တာတရားထားတတ်ခြင်း ၊ သူများအပေါ်
ကိုယ်ချင်းစာတတ်တဲ့ သနားကြင်နာတတ်တဲ့ ဂရုဏာတရားထား
ရှိခြင်း ၊ သူတပါးချမ်းသာတာကို မိမိချမ်းသာသလို ဝမ်းသာတတ်
တဲ့ မုဒိတာတရားထားရှိခြင်း ၊ မှန်ကန်တဲ့စေတနာကောင်းထား
တတ်ခြင်းစသည့် လူလိမ္မာလို့ခေါ်ရတဲ့ စိတ်ပြိင်းဆိုင်ရာ ခန္ဓာ
တည်ဆောက်မှု ပြည့်စုံတယ်ဆိုရင် ဒါကလည်း လူ့ဘဝဂုဏ်
ရည်ပါပဲ ။

( ၆ ) ကုသိုလ်တရားကို အလွန်လိုချင်တဲ့ ကုသိုလ်ဆန္ဒပြင်းပြတဲ့
အမျိုးကောင်းသား/သမီး ဖြစ်ရခြင်း

ကုသိုလ်ကို သိပ်လိုချင်တယ် ၊ ကုသိုလ်နဲ့လူနဲ့ခွဲလို့မရ ၊ ဘာလို့
လည်းဆိုတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝ လမ်းစဉ်နဲ့သွား
မှဖြစ်မယ် ၊ ကုသိလ်မရ ဝမ်းသာဝမယ့်လမ်းစဉ်နဲ့ သွားလို့မဖြစ်
ဘူး ၊ တဖက်သတ်သွားရင် တိမ်းမှာပေါ့ မှောက်မှာပေါ့ ၊ ပစ္စပ္ပန်
မှာ ဘာပဲရှိရှိ ရှိသမျှနဲ့ချမ်းသာအောင်နေတတ်မှာ မဟုတ်ဘူး ၊
ဒါကြောင့် တွေ့သမျှနဲ့ ချမ်းသာအောင်အောင်နေတတ်ဖို့ အခြေ
အနေပေးသမျှနဲ့ ငြိမ်းချမ်းအောင်နေတတ်ဖို့ဆိုတာ တရားလည်း
လိုတယ် ၊ အဲသလိုသိပြီးတော့ ကုသိုလ်တရားကို ကုသိုလ်တ
ရားကို သိပ်လိုချင်တယ် ၊ အဲဒါ လူ့ဘဝဂုဏ်ရည် ( ၆ ) ချက်ပါ ။

တိပိဋက ယောဆရာတော်၏ ကုသိုလ်လည်းရ ဝမ်းလည်းဝ