လု့ဘဝရဲ့ အသက်တမ်းတစ်ရာဆိုတာ
သံသရာနဲ့ယှဉ်လိုက်မယ်ဆိုရင် မျက်စိ
တမှိတ် လျှပ်တပြတ် ကြာချိန်လေးလောက်ပဲရှိပါတယ်
ခဏမှ ခဏလေးပါပဲ မပြောပလောက်
ပါဘူး

သံသရာမှာ မခံစားဘူးတဲ့ စည်းဇိမ် မရှိပါ
ဘူးတဲ့ သတ္တဝါတိုင်း သတ္တဝါတိုင်းဟာ
ဘုရင်တွေ စင်္ကြာဝတေးမင်းတွေ နတ်တွေ
ဗြဟ္မာတွေ ရဲ့ စည်းဇိမ်မျိုးကို အကြိမ်ပေါင်း
များစွာခံစားဘူးကြပါတယ် တဲ့
အရင်ကလည်း အများကြီးခံစားခဲ့ဘူးပြီး
နောင်လည်းအများကြီးခံစားကြရဦးမှာ
ပါပဲတဲ့

ဒါပေမဲ့ ဘုရားရှင်ရဲ့သာသနာနဲ့ကြုံတွေ့ဖို့
တရားဓမ္မတွေ ကျင့်ကြံအားထုတ်ဖို့က
တော့ အင်မတန်မှ ခဲယဉ်းလှပါတယ်တဲံ့
ဘုရားပွင့်ဖို့ခတ်ခဲတာ လူဖြစ်ဖို့ခတ်ခဲတာ
စတဲ့အရာတွေကတော့ ကြုံကြိုက်ခဲတဲ့
အရာတွေမို့ အဲဒီလိုအခွင့်တွေရမယ်ဆို
ရင်တော့ စည်းဇီမ်ချမ်းသာဖို့ထက်
တရားအားထုတ်ဖို့ကို ဦးစားပေးဖို့အထူး
လိုအပ်ပါသတဲ့

ဘုရားရှင်လက်ထက်က သူဌေးကြီးတွေ
မရှိဆိုတဲ့စကားတောင် မကြားဘူးသူ
တွေဟာ စည်းဇိမ်ဥစ္စာတွေကိုစွန့်ပြီး
တရားရှာထွက်ကြတာ အဲဒီသဘောကို
သိလို့ပါပဲတဲံ့

လူ့ဘဝရဲ့စည်းဇိမ်ဆိုတာ နောင်တချိန်မှာ
မလိုချင်လည်း ရမှာပါ လိုချင်လည်းရမှာပါ
ပဲတဲ့

ဒါပေမဲ့ တရားအားထုတ်ဖို့ကတော့
အင်မတန်မှ ရခဲပါတယ်တဲ့

ဘာသာခြားတွေကတော့
သံသရာအကြောင်းမသိလို့ မယုံလို့
ဒီတစ်ဘဝချမ်းသာတာလောက်ကိုပဲ
အထင်ကြီးကြပါတယ်

ဗုဒ္ဓဘာသာဝင်တွေက သံသရာအကြောင်း သိတယ် ယုံတယ်
ဒါ့ကြောင့် ဒီဘဝချမ်းသာဖို့ထက်
သံသရာချမ်းသာဖို့ကို ဦးစားပေးပြီး
ဆောင်ရွက်သင့်လှပါတယ် လို့

သတိပေးချင်ပါတယ်

ဒီလိုအခွင့်အရေးမျိုး
နောက်တခါရဖို့
စဉ်းတောင်မစဉ်းစားကြပါနဲ့ လို့

ထပ်လောင်းသတိပေးပါရစေ