ပိဋကပါဠိတော်များ၌ အတိတ် အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်း ဝိပဿနာ ရှုရန် ညွှန်ကြား-
ထားသည့် ဒေသနာတော်များသည် များစွာပင် ရှိကြပေသည်။ ထိုဒေသနာတော်များထဲမှ အသင်သူတော်ကောင်း
နှင့် အနီးစပ်ဆုံးဖြစ်နိုင်သည့် အနတ္တလက္ခဏသုတ္တန်မှ အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
ဘုရားရှင်သည် သောတာပန်ဖြစ်တော်မူကြပြီးကုန်သော ပဉ္စဝဂ္ဂီဟူသော အမည်တော်ကို ရရှိကြသည့်
ရဟန်းတော်တို့အား ခန္ဓာ ငါးပါးတို့၏ မိမိတို့၏ အလိုအကြိုက်သို့ မလိုက်ပါနိုင်သည့် အဝသ၀တ္တနဋ္ဌ =
အနတ္တသဘောကို ရှင်းလင်းတင်ပြပြီးသောအခါ ယင်း ခန္ဓာငါးပါးတို့ကို အနိစ္စတစ်ကျော့ ဒုက္ခတစ်ကျော့
အနတ္တတစ်ကျော့ အမေးအဖြေများ ပြုလုပ်တော်မူ၏။ ပဉ္စဝဂ္ဂီရဟန်းတော်တို့က ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ
အနတ္တ တရားတို့သာ ဖြစ်ကြောင်းကို ပြန်လည်တင်ပြ လျှောက်ထားကြသောအခါ ဘုရားရှင်က ဝိပဿနာ
ရှုကွက်ကို အောက်ပါအတိုင်း ညွှန်ကြားပြသတော်မူ၏။

တသ္မာ တိဟ ဘိက္ခေ၀ ...ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ
သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ ၊ သဗ္ဗံ ရူပံ "နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော
အတ္တာ"တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၅၆။)

ရဟန်းတို့ ...ထိုသို့ ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ အနတ္တ တရားတို့သာ ဖြစ်နေကြခြင်းကြောင့် ဤ
သာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် ---
အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော ရုပ်တရားအားလုံးကိုလည်းကောင်း၊ မိမိသန္တာန်၌ ဖြစ်သော အဇ္ဈတ္တ
ရုပ်တရား ပြင်ပဖြစ်သော ဗဟိဒ္ဓရုပ်တရား အားလုံးကိုလည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော သြဠာရိက
ရုပ်တရား သိမ်မွေ့နူးညံ့သော သုခုမရုပ်တရား အားလုံးကိုလည်းကောင်း၊ ယုတ်ညံ့သော ဟီနရုပ်တရား မွန်မြတ်
သောပဏီတရုပ်တရားအားလုံးကိုလည်းကောင်း၊ ဝေးသော ဒူရရုပ်တရား နီးသော သန္တိကရုပ်တရား
အားလုံးကိုလည်းကောင်း ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ရုပ်တရားအားလုံးကို ----
"နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ"
၁။ ဤ ရုပ်တရားသည် ငါ့ဟာ မဟုတ် smile emoticon ဒုက္ခ ဟု)
၂။ ဤ ရုပ်တရားသည် ငါ မဟုတ် smile emoticon အနိစ္စ ဟု)
၃။ ဤ ရုပ်တရားသည် ငါ၏အတ္တ မဟုတ် smile emoticon အနတ္တ ဟု) ---
ဤသို့လျှင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုပါ။ (သံ၊၂၊၅၆။)

ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာလေးပါးတို့၌လည်း ပုံစံတူပင်ရှုရန် ဘုရားရှင်က ညွှန်ကြားတော်မူပေသည်။
ဤသို့လျှင် ဤအနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၌ အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုပါ
ထည့်သွင်း၍ ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူလိုက်၏။ ထိုညွှန်ကြားချက်များကို
ဦးထိပ်ရွက်ပန်ဆင်လျက် မဂ္ဂသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်သို့ ဆိုက်သည်တိုင်အောင် (ပဉ္စဝဂ္ဂီ-ရဟန်း
တော်များအတွက် အထက်မဂ်သုံးပါးကို ဆိုလိုပါသည်။) ဝိပဿနာသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်ြ်ဖင့်
ယင်း (၁၁)မျုးိ သောအခြင်းအရာအားဖြင့် တည်နေကြသည့် ဥပါဒါနကန္ခ္ဓာ ငါးပါးတို့ကို (ဒေသနာဉာဏ-်တော်၏
နောက်သို့ အစဉ်လိုက်လျက်) ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြသဖြင့် ပဉ္စဝဂ္ဂီဟူသော
အမည်ကို ရရှိတော်မူကြသည့် ရဟန်းတော်တို့သည် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၏ အဆုံး၌
အရဟတ္တဖိုလ်၌ တည်တော်မူကြလေကုန်သည်။ ။ (သံ၊၂၊၅၆။