သက္ကာယဒိဋ္ဌိ။
••••••••••••
ဒီတစ်လောကလုံး ကျုပ်တို့ ဘုရား အဆူဆူနဲ့ လွဲခဲ့တာလဲ အပါယ်ငရဲ နေခဲ့ရလို့ပဲ။
အပါယ်ငရဲ ဘယ်သူက ရောက်အောင် ပို့ထားပါလိမ့်မလဲဆိုရင်
(သက္ကာယဒိဋ္ဌိ) က ပို့ခဲ့တာ။
ဘယ်လိုဆုတောင်း ဆုတောင်း , တောင်းချင်သလောက်တောင်း။
သက္ကာယ မပြုတ်ရင် လွဲရမယ်။

အပါယ်မျိုးစေ့ ဝမ်းထဲရှိနေတာသည် (သက္ကာယဒိဋ္ဌိ) ပဲ။
တစ်သံသရာလုံး ကျုပ်တို့သည်ကား ဆိုလို့ရှိရင် ဒီဒိဋ္ဌိပို့ချက်ကြောင့် ဂင်္ဂါ၀ါဠုသဲစုမက ဘုရားတွေနဲ့ လွဲရ, တရားတွေနဲ့လွဲရတယ်။
ဘာနဲ့ချည်း အမြဲနေရတုံးဆိုတော့ ဒုက္ခပြီး ဒုက္ခသာ ဆက်နေခဲ့ရတယ်လို့ ဆိုလို့ရှိရင် အမှန်ပဲ။

( မိုးကုတ်ဆရာတော်ဘုရားကြီး )
ငါသည်မုချသေရမည်အချိန်ပိုင်းသာလိုတော့သည်။အသေမဦးခင်ဉာဏ်ဦးအောင်တရားတော်ကိုကျိုးစားအားထုတ်ပါတော့မည်။သာဓုသာဓုသာဓု
source: <a href="http://buddhismworld.ning.com/profiles/blog/show?