သောတာပန်ဖြစ်ဖို ့ ဒိဋ္ဌိနဲ ့ ၀ိစိကိစ္ဆာကို အမြစ်ပြတ် ပယ်နိုင်အောင် ကြိုးစားရမှာဆိုတော ့ ၀ိစိကိစ္ဆာ အ ကြောင်းကိုလည်း ဂဃဏန သိဖို ့လိုအပ်တယ်။ သိမှပယ်နိုင်မယ်။ ပထမသိအောင်လုပ်ကြဦး။ ဉာတ ပရိညာနဲ ့ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာကင်းမှ ပွားများအားထုတ်တဲ ့အခါမှာ အားရှိတယ်။ အဲဒီဝိစိကိစ္ဆာ ကင်းရှင်းဖို ့ လည်း ပဲ လေ ့လာရတယ်။ မှတ်သားရတယ်။

၀ိစိကိစ္ဆာဆိုတာ ယုံမှားခြင်းကို ဆိုလိုတာ။ ဒိဋ္ဌိနဲ ့တွဲနေတယ်။ အားလုံး(၈)မျိုးရှိတယ်။
(၁) ဘုရားကိုမယုံဘူး။
(၂) တရားကိုမယုံဘူး။
(၃) သံဃာကိုမယုံဘူး။
(၄) သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကိုမယုံဘူး။
(၅) သံသရာရဲ ့ရှေ ့အစွန်းကို မယုံဘူး။
(၆) သံသရာရဲ ့ နောက်အစွန်းကို မယုံဘူး။
(၇) ရှေ ့အစွန်းကိုရော နောက်အစွန်းကိုပါ မယုံဘူး။
(၈) ပဋိစ္စသမုပ္ပါဒ်ကို အယုံအကြည်မရှိဘူး။

ဒီယုံမှားခြင်း (၈) မျိုးဟာ သက္ကာယဒိဋ္ဌိကြောင် ့ ဆက်ဖြစ်လာတာ။ သက္ကာယဒိဋ္ဌိရှိလို ့ သဿတဒိဋ္ဌိနဲ ့ ဥစ္ဆေဒ ဒိဋ္ဌိဆက်ဖြစ်တယ်။ ဒါကြောင် ့မို ့ သက္ကာယဒိဋ္ဌိပြုတ်ရင် သဿတဒိဋ္ဌိနဲ ့ ဥစ္ဆေဒဒိဋ္ဌိလည်း အလိုလို ပြုတ်တယ်။ ၀ိစိကိစ္ဆာဆိုတဲ ့ ယုံမှားခြင်းလည်း ကင်းသွားတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဒါန၊ သီလ၊ ဘာဝနာတွေပြုကြတယ်။ သစ္စာတရားကျကျနနမနာရလို ့ရှိရင် ဒိဋ္ဌိဖြစ် တာ များတာပဲ။ ငါတို ့ပြုတဲ ့ ကုသိုလ်ကောင်းမှုတွေကို နောင်ဘဝမှာ ငါတို ့ပဲ စံရမှာလို ့ ထင်ကြတယ်။

ကုသိုလ်လုပ်တာလည်း ငါတို ့ပဲ။ ကုသိုလ်အကျိုးကိုစံရမှာလည်း ငါတို ့ပဲ။ ရုပ်နာမ်နှစ်ပါးကို ငါသူထင် နေတဲ ့အတွက် သက္ကာယဒိဋ္ဌိလည်း ဖြစ်တယ်။ ယခုပြုတဲ ့ငါနဲ ့ စံစားရမယ် ့ငါကို တစ်ထပ်တည်း ယူထား တဲ ့အတွက် သဿတဒိဋ္ဌိလည်းဖြစ်တယ်။

တချို ့ကျတော ့ အခုဘဝကိုယ်က အခုဘဝစံ။ နောင်ဘဝကိုယ်က နောင်ဘဝခံ။ ဒီဘဝကိုယ်နဲ ့ နောင်ဘဝကိုယ်က လုံးဝအဆက်အစပ်မရှိဘူး။ သက်သက်စီလို ့ ယူလိုက်တဲ ့အတွက် ဥစ္ဆေဒဒိဋ္ဌိ ဖြစ် သွား တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးက အကုသိုလ်လုပ်ဖို ့ ဝန်မလေးတော ့ဘူး။

အမှန်က အကြောင်းအကျိုးက ပြတ်သွားတာမဟုတ်ဘူး။ ကမ္မသတ္တိအရ အကြောင်းအကျိုးတော့ ဆက် စပ်နေ တယ်။ သို ့သော်လည်းပဲ ဒီဘဝရုပ်နာမ်တွေက ဒီဘဝမှာပဲ ချုပ်တယ်။ ဟိုဘက်ဘဝကို မလိုက် ဘူး။ ဒီဘဝရုပ်နာမ်တွေက ဟိုဘက်ဘဝကို လိုက်တယ်လို ့ထင်ရင် သဿတဒိဋ္ဌိ။ အကြောင်းကံ တွေက ဒီဘက်မှာပဲ ပြီးသွားတယ်။ ဟိုဘက်ဘဝကို လုံးဝလိုက်ပြီးအကျိုးမပြုဘူးလို ့ ထင်ရင်လည်း ဥစ္ဆေဒဒိဋ္ဌိ။ အဲဒီနှစ်ခုကြားထဲက သွားတာမှ မဇ္စျိမပဋိပဒါသမ္မာဒိဋ္ဌိ။ အဲဒီ သမ္မာဒိဋ္ဌိအမြင်မျိုးက သံသယ ကင်းရှင်း မှဖြစ်တာ။

မနေ ့တုန်းက တရားနာထားတဲ ့စွမ်းအားကြောင် ့ ဒီနေ ့ တရားတွေပိုသဘောပေါက်တယ်။ မနေ ့က တရား အားထုတ်ခဲ ့တဲ ့အတွက်ကြောင် ့ ဒီနေ ့ပိုပြီးတော ့ သမာဓိရလာတယ်။ ပိုထိုင်နိုင် လာတယ်။ ဉာဏ်လည်းပိုပွင် ့လာတယ်။ ဒါဟာ ကမ္မသတ္တိအရ အကြောင်းအကျိုးတွေ ဆက်စပ်နေလို ့ပဲ။ အဲဒီလို အကြောင်းအကျိုးဆက်တာကို သဘောပေါက်မှ ဥစ္ဆေဒဒိဋ္ဌိစင်တာ။

အဲဒီလို ကမ္မသတ္တိတွေက အကြောင်းအကျိုးဆက်စပ်နေပေမဲ ့ မနေ ့တုန်း ရုပ်၊ နာမ်တွေက မနေ ့ တုန်းကပျက်သွားပြီ။ ဒီနေ ့ တစ်တိုတစ်စမှ မပါတော ့ဘူး။ အကြောင်းရုပ်နာမ်တွေက အကြောင်း နေရာ မှာပဲ ပျက်သွားတယ်။ အကျိုးနေရာ ပါမလာဘူး။ အဲဒီလို သဘောပေါက်မှ သဿတဒိဋ္ဌိစင်တာ။

ရုပ်၊ နာမ်အဟောင်းပျက်သွားတဲ့ နေရာမှာ ရုပ်နာမ်အသစ်တွေ အစားထိုးဖြစ်တယ်။ အဟောင်းပျက် တာကို မြင်လို ့ရှိရင် သဿတဒိဋ္ဌိစင်တယ်။ အသစ်အစားထိုးဖြစ်တာကို မြင်ရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ အဲဒီ အဟောင်းထဲမှာလည်း ငါ သူတစ်ပါး ယောက်ျား မိန်းမပုဂ္ဂိုလ်သတ္တဝါ မပါဘူး။ အသစ်အစားထိုးတဲ ့ထဲမှာ လည်း ငါ သူတစ်ပါး ယောက်ျား မိန်းမပုဂ္ဂိုလ်သတ္တဝါ မပါဘူး။ ပျက်သွားတာလည်း ရုပ်ဓမ္မ၊ နာမ်ဓမ္မ အစဉ်ကြီးတန်းနေတာကို ဉာဏ်နဲ ့မြင်တော ့ သက္ကာယဒိဋ္ဌိစင်တယ်။

ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေ ဘာကြောင် ့ဖြစ်လာတာလဲဆိုတဲ ့ အကြောင်းတရားပေါ်မှာ ဉာဏ်မရှင်းလို ့ ရှိရင် လဲ သံသယ ၀ိစိကိစ္ဆာက ဖြစ်လာတတ်သေးတယ်။ ဖန်ဆင်းရှှုင်က ဖန်ဆင်းလို ့ ဖြစ်လာ တာလား။ ဒါမှ မဟုတ် သူ ့အလိုလိုဖြစ်လာတာလား။ ဘာကြောင် ့ ဖြစ်တာလဲ။ ဒါလည်း သိထားဖို ့ လိုတယ်။

အမှန်က ပထဝီ၊ အာပေါ၊ တေဇော၊ ၀ါယောဆိုတဲ ့ ဓါတ်ကြီးလေးပါးနဲ ့ ဖွဲ ့စည်းထားတဲ ့ ရုပ်တရား တွေ ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ ့ အကြောင်းတရားလေးပါးကြောင် ့ ဖြစ်လာရတာ။ ကံကြောင့် ဖြစ်တဲ ့ရုပ်၊ စိတ်ကြောင် ့ဖြစ်တဲ ့ရုပ်၊ ဥတုကြောင် ့ ဖြစ်တဲ ့ရုပ်၊ အာဟာရကြောင် ့ဖြစ်တဲ ့ ရုပ် ဆိုပြီး အမျိုးမျိုးရှိတယ်နော်။

သူ ့အလိုလိုပေါ်လာတာ မဟုတ်သလို တန်ခိုးရှင်က ဖန်ဆင်းလိုက်တာလည်း မဟုတ်ဘူး။ အကြောင်း တရား ရှိလို ့ အကျိုးတရားအဖြစ်ပေါ်လာရတာ။ ကံကြောင့်ဖြစ်တဲ ့ရုပ်ဆိုတာက မျက်စိအကြည်၊ နား အကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ မနောအကြည်၊ အနည်းဆုံး ဒီလောက် လေးတော ့ သိရမယ်နော်။

သွားချင်တဲ ့စိတ်ကြောင် ့ ကိုယ်ခန္ဓာထဲမှာ ၀ါယောဓါတ်တွေ ပြည် ့လာပြီး ဘယ်လှမ်းတယ် ညာလှမ်း တယ်နဲ ့ သွားတဲ ့ရုပ် လှုပ်ရှားတဲ ့ရုပ်ကြီး ဖြစ်လာရတာ။ သွားရာကနေ ရပ်ချင်တဲ ့ စိတ်ဖြစ်လာရင်လည်း ၀ါယောဓါတ်ကြောင် ့ပဲ ရပ်တဲ ့ရုပ် တည်ငြိမ်တဲ ့ရုပ်ကြီး ဖြစ်လာရတာ။ ထိုင်ချင်တဲ ့စိတ်ကြောင် ့ပဲ တွန်း ကန်ထားတဲ ့ ထောက်ကန်ထားတဲ ့ ၀ါယောဓါတ်တွေကို တဖြည်းဖြည်း လျှော ့ချလိုက်ပြီး လေးတွဲကျလာ ကာ ထိုင်တဲ ့ရုပ်ဖြစ်လာတာမဟုတ်လား။

“သွားလိုရပ်လို၊ ထိုင်နေလို၊ အိပ်လိုစိတ်ဟုသိ။
စိတ်ကြောင် ့ဖြစ်သော၊ ဓါတ်ဝါယော၊ နှံ ့နှောကိုယ်ဝယ်ပြည် ့။
၀ါယောပြည် ့သော်၊ ရုပ်သစ်ပေါ်၊ ရုပ်သော်သွားပေ၏။
ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွားဉာဏ်ဖြင် ့သိ။
ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင်ဉာဏ်ဖြင် ့သိ။
ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ်ဉာဏ်ဖြင် ့သိ။
ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ်ဉာဏ်ဖြင် ့သိ။”

ရှေ ့က အရင်ဖြစ်တဲ ့စိတ်ကအကြောင်း၊ နောက်မှဖြစ်တဲ ့ရုပ်က အကျိုး။ အကြောင်းကြောင် ့ အကျိုး ဖြစ်တာနော်။ သူ ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ရုပ်နာမ်ဟာ အချင်းချင်းမှီပြီး ဖြစ်နေကြတာ။ နာမ်ကို မှီပြီး ရုပ်တွေဖြစ်နေကြသလို ရုပ်ကိုမှီပြီးတော ့လည်း နာမ်တွေဖြစ်နေကြတယ်ဆိုတာ သိထားရမယ် နော်။

– မျက်စိအကြည်ရုပ်နဲ ့ အဆင်းရုပ် ဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့ အကျိုးနာမ်တရားက မြင်သိစိတ်
– နားအကြည်ရုပ်နဲ ့ အသံရုပ်ဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့ အကျိုးနာမ်တရားက ကြားသိစိတ်
– နှာခေါင်းအကြည်ရုပ်နဲ ့ အနံ ့ရုပ် ဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ့ အကျိုး နာမ် တရား က နံသိစိတ်
– လျှာအကြည်ရုပ်နဲ ့ အရသာရုပ် ဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့အကျိုး နာမ်တရား က အရသာသိစိတ်
– ကိုယ်အကြည်ရုပ်နဲ ့ ထိတွေ ့စရာရုပ်ဆုံမိတဲ ့ အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့ အကျိုး နာမ် တရား က ထိသိစိတ်
– မနောအကြည်ရုပ်နဲ ့ ကြံတွေးစရာဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့ အကျိုးနာမ်တရားက ကြံတွေးစိတ်

အဲဒီ ကြားသိစိတ် နံသိစိတ် အရသာသိစိတ် ထိသိစိတ် ကြံတွေးစိတ်တွေကို ခန္ဓာနဲ ့ပြောရင် ဘာခန္ဓာလဲ။ ၀ိညာဏက္ခန္ဓာ။ ၀ိညာဏက္ခန္ဓာဖြစ်ရင် ကျန်တဲ ့ဝေဒနာက္ခန္ဓာ သညက္ခန္ဓာနဲ ့ သခါင်္ရက္ခန္ဓာတွေရော အတူတူ ဖြစ်မလာဘူးလား။ (ဖြစ်လာပါတယ်ဘုရား)။ နာမ်ခန္ဓာလေးပါးက ဖြစ်အတူပျက်အတူပဲ။ ခွဲလို ့မရဘူး။ အကြည်ရုပ်တွေနဲ ့ အဆင်းအသံစတဲ ့ အာရုံတွေကို ခန္ဓာနဲ ့ပြောရင် ဘာခန္ဓာလဲ။ ရူပက္ခန္ဓာ။နာမ် ခန္ဓာကလေးပါး၊ ရုပ်ခန္ဓာက တစ်ပါးဆိုတော ့ ခန္ဓာငါးပါးနော်။ ဒါဆိုရင် ဒီခန္ဓာငါးပါးဟာ နတ်တွေ ဗြဟ္မာ တွေ က ဖန်ဆင်းတာလဲမဟုတ်ဘူး။ သူ ့အလိုလိုဖြစ်တာလည်း မဟုတ်ဘူး။ အကြောင်းကြောင် ့ အကျိုး ဖြစ် လာတာပဲ ဆိုတာ ဉာဏ်ထဲမှာ ရှင်းသွားတယ်။

အဲဒီလို ခန္ဓာငါးပါးရုပ်နာမ်နှစ်ပါး ဖြစ်လာရတဲ ့ အကြောင်းတရားအပေါ်မှာ ဉာဏ်ရှင်းမှ သံသယဆိုတဲ ့ ၀ိစိကိစ္ဆာကသေတာ။ အကျိုးတရားလည်း ကြည် ့ဦး။ ဖြစ်လာတာက ရုပ်တွေ နာမ်တွေလား။ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါတွေလား။ (ရုပ်တွေ နာမ်တွေပါ။) အဲဒီလိုအကျိုးတရားအပေါ်မှာ ဉာဏ်ရှင်းတော ့ အသိနဲ ့ သက္ကာယဒိဋ္ဌိသေတယ်။

တရားမနာထားဘူး။ မသိထားဘူးဆိုရင် မနေ ့တုန်းကလည်း ငါပဲ။ ဒီနေ ့လည်းငါပဲ။ မနက်ဖြန်လည်း ငါပဲ။ ဒီလိုထင်တတ်တယ်။ ပြောရုံဆိုရင်တော ့ အပြစ်မရှိ်ပါဘူး။ ပြောတဲ ့အတိုင်း ထင်ရင်တော ့ တစ်ဆက်တည်းယူထားတဲ ့အတွက် သဿတဒိဋ္ဌိဖြစ်နေတယ်။ သဿတဒိဋ္ဌိဖြစ်ရင် လူ ့ပြည် နတ်ပြည် တော ့မတားပါဘူး။ မဂ်ဉာဏ်ဖိုလ်ဉာဏ်တော ့မရဘူး။

တစ်ထပ်တည်းထင်တယ်ဆိုတော ့ အပျက်ကို မမြင်ဘူးပေါ ့။ ၀ိပဿနာအားထုတ်တယ်ဆိုတာ အပျက် ကိုမြင်အောင်အားထုတ်တာ။ ရုပ်တွေ နာမ်တွေရဲ ့ အပျက်ကိုမြင်မှ ၀ိပဿနာဉာဏ်ဖြစ်တာ။ အပျက် ကိုမြင်ဖို ့အတွက် နှလုံးသွင်းကမှန်နေရမယ်။ ရုပ်တွေနာမ်တွေပဲ ရှိတယ်။ အဲဒီ ရုပ်တွေ နာမ်တွေ ဟာ တရစပ်ကြီးကို ပျက်နေတယ်။ ဒီလိုနှလုံးသွင်းထားရမယ်။ အခုလိုဒိဋ္ဌိနဲ ့ဝိစိကိစ္ဆာပယ်သတ်ရေး တရား တွေကို သေသေချာချာနာမထားဘူးဆိုရင်လည်း နှလုံးသွင်းမှန်ဖို ့ မလွယ်ဘူး။

ဗုဒ္ဓဘာသာဝင်တွေဟာ ကုသိုလ်တွေ ရှိပါရဲ ့သားနဲ ့ အပါယ်လေးပါးကို ကျကျသွားရတာဟာ အရေး တကြီး အရင်ဆုံးလုပ်သင် ့တာကို နောက်မှ လုပ်မယ်၊ နောက်မှလုပ်မယ်နဲ ့ နှလုံးသွင်းမှားနေကြလို ့ပဲ။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက “မင်းတို ့စားဝတ်နေရေးတွေ နောက်မှာထား။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရဖို ့ကို ရှေ ့ကထား။ ရှေ ့နောက်ခွဲတတ်ပါစေ” ဒီလိုမိန် ့ကြားတော်မူတာ။

တို ့သူငါတွေက ရှေ ့နောက် အခွဲတွေ မှားနေကြတယ်း။ လောလောဆယ် စားဖို ့သောက်ဖို ့၊ စားဝတ် နေရေးက ပိုအရေးကြီးတယ်လို ့မြင်တယ်။ ဒါတွေလုပ်ရင်းနဲ ့ပဲ ဖြတ်ဆိုသေပြီး အပါယ် ရောက်သွားတဲ့ ့အခါ ကျတော ့ နှစ်ပေါင်း အသချေင်္အနန္တပြန်မတက်နိုင်တော ့ဘူး။

ရှေ ့တွေ နောက်တွေ လွဲနေတဲ ့အခါကျတော ့ ပစ္စုပ္ပန်မှာချမ်းသာလည်း ခဏပါပဲ။ တော်ကြာ သောက ပရိဒေဝတွေဖြစ်ပြန်ပြီ။ ရွှေတွေငွေတွေ ဘယ်လောက်ပဲရရ ရာထူးတွေ ဘယ်လောက် ပဲကြီး ကြီး သောက ပရိဒေဝတွေ ဖြစ်ပါတယ်။ အဲဒီသောက ပရိဒေဝတွေ ငြိမ်းဖို ့အတွက် သစ္စာတရားတွေ သတိ ပဋ္ဌာန်တရားတွေ နာကြားကြ။ ရသလောက် အချိန်ကို လုလုပြီး ၀ိပဿနာတရားတွေကို ဦးစားပေး အား ထုတ်ကြ။

မြတ်စွာဘုရားဟောကြားတော်မူခဲ ့တဲ ့ သတ္တိသုတ်ကို အကျဉ်းချုံးပြီး ဟောဦးမယ်။ ဗြဟ္မာကြီး တစ်ဦး က အင်မတန်သက်တမ်းတိုတဲ ့ လောကလူသားတွေကို သနားလွန်းလို ့ လူသားတွေ ဒုက္ခနည်း ပြီး အသက် ရှည်ဖို ့အတွက် သူ ့ရဲ ့ထင်မြင်ယူဆချက်တစ်ခုကို မြတ်စွာဘုရား လာလျှောက် တယ်။

“ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ရင်ဝမှာ လှံစူးခံနေရတဲ ့ သူအတွက် လှံကိုနုတ်ပြီး အမြန် ဆုံးဆေးကုဖို ့ ကိစ္စဟာ ထိုသူအတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်ဘုရား။ ခေါင်းပေါ်ကဆံပင်ကို မီး လောင်ခံနေရတဲ ့သူအတွက် ကလည်း မီးငြိမ်းအောင် အမြန်သတ်ပြီး မီးလောင်ဒဏ်ရာကို ဆေးကုဖို ့ ့ကိစ္စဟာ ထိုသူအတွက် အရေးအကြီးဆုံးဖြစ်ပါတယ်ဘုရား။ ထိုနည်းတူစွာ သတ္တဝါတွေ အတွက် အရေး တကာ ့အရေးအကြီးဆုံးကတော ့ ကာမရာဂကို ပယ်ဖို ့ ကိစ္စဖြစ်မယ်လို ့ တပည့်တော်ထင်မိပါ တယ် ဘုရား”

ဗြဟ္မာကြီးက ဒီလိုလျှောက်တယ်။ ကာမရာဂ ဆိုတာက အဆင်း အသံ အနံ ့ အရသာ ထိတွေ ့ စရာ ဆိုတဲ ့ ငါးဖြာအာရုံကာမဂုဏ်တွေကို လိုချင်နှစ်သက်ပြီး စွဲလမ်းနေတာကိုခေါ်တာ။

လှပတဲ ့အဆင်းလေးဆိုရင် လိုချင်တယ်။ စွဲလမ်းတယ်၊ ရအောင်ကြိုးစားတယ်။ သာယာတဲ ့ အသံလေး ဆို ရင် လည်း လိုချင်တယ်။ စွဲလမ်းတယ်။ ရအောင်ကြိုးစားတယ်။ သက်မဲ ့ ပစ္စည်းတင်မကဘူး။ သက်ရှိ အလှပိုင်ရှင် အသံပိုင်ရှင်တွေကိုလည်း စွဲလမ်းပြီး ရအောင်ကြိုးစား ကြတယ်။
အရသာကောင်းကောင်းလေး စွဲနေတဲ ့အခါ ခဏခဏစားရအောင်ကြိုးစားတယ်။ အတွေ ့ အထိလေး ကို စွဲနေတဲ ့အခါကျတော ့ ဒီအတွေ ့အထိမျိုး ခဏခဏခံစားရအောင်ကြိုးစားတယ်။

အဲဒီလို ကာမဂုဏ်ကို ခံစားချင်ကြတဲ ့ ကာမရာဂတွေကြောင် ့ လောကီလူသားတွေဟာ ဒုက္ခရောက် နေ ကြတာ။ အသက်တွေတိုပြီး တဖြုတ်ဖြုတ်နဲ ့သေနေကြတာ။ ကာမရာဂ အားကြီးလေလေ အသက်တို ုလေလေပဲ။ ရာဂလို ့ခေါ်တဲ ့ လောဘဆိုတာ ရုပ်ကိုလည်းလောင် စိတ်ကိုလည်းလောင်တယ်။ ဒေါသက အမြဲတမ်းမဖြစ်ဘူး။ အဆင်မပြေတဲ ့အခါမှ ဒေါသကဖြစ်တာ။ လောဘကျတော ့ အမြဲတမ်းဖြစ်နေတာ။

ဒါကြောင် ့ ဗြဟ္မာကြီးက အင်မတန်အသက်တိုတဲ ့လူသားတွေကို သနားလွန်းလို ့ လူသားတွေ ဒုက္ခနည်း ပြီး အသက်ရှည်ဖို ့အတွက် ကာမရာဂကို ပယ်ဖို ့ကိစ္စဟာ လူသားတွေအတွက် အရေးတကာ ့အရေး အကြီးဆုံးဖြစ်တဲ ့အကြောင်း သူ ့ရဲ ့ ထင်မြင်ယူဆချက်ကို ဘုရားလာလျှောက်တာ။

ဗြဟ္မာကြီးပြောမယ်ဆိုလည်း ပြောချင်စရာပဲ။ လူတွေရဲ ့သက်တမ်းက ဗြဟ္မာသက်တမ်းနဲ ့ယှဉ်ဖို ့နေနေ သာသာ နတ်သက်တမ်းနဲ ့ယှဉ်ကြည် ့ရင်တောင် မိနစ်ပိုင်းရက်ပိုင်းလောက်ပဲ ရှိတာ။

လူတို ့ရဲ ့သက်တမ်း အနှစ် ၅၀ ဆိုတာ…
စတုမဟာရာဇ်နတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို (၁)ရက်
တာဝတိ ံသာနတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို နေ ့တစ်ဝက်
ယာမာနတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို ၆ နာရီလောက်
တုသိတာနတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို ၃ နာရီလောက်
နိမ္မာနရတိနတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို ၁ နာရီခွဲ
ပရနိမ္မိတဝသဝတ္တီနတ်တို ့ရဲ ့ အသက်အားဖြင် ့က ၄၅ မိနစ် ခန် ့ပဲရှိတာ။

ဘယ်လောက်မှကြာတာမဟုတ်ဘူး။ လူ ့ဘဝဆိုတာ သမုဒ္ဒရာရေပြင်ထက် ခဏတက်သည့် ရေပွက်ပမာ ဆိုတာလို ခဏလေးမှ ခဏလေးပါပဲ။ ဒါကြောင် ့ သက်တမ်းအင်မတန်တိုတဲ ့ လူတွေကောင်းကောင်း စားရဖို ့၊ ကောင်းကောင်းဝတ်ရဖို ့၊ ကောင်းကောင်း နေရဖို ့၊ ကောင်းကောင်းဇိမ်ခံရဖို ့နဲ ့ကောင်းကောင်း ပျော်ပါးကြဖို ့အတွက်တင် လှုပ်ရှား ရုန်းကန်ရင် အချိန်ကုန်ပြီး သေတော့ အပါယ်လေးပါးရောက်ကုန်မှာ စိုးလို ့ ဗြဟ္မာကြီးက သူ ့အယူအဆကို ဘုရားလာလျှောက်တာ။

ဒါပေမယ် ့ ဗြဟ္မာကြီးရဲ ့ လျှောက်ထားချက်က မပြည် ့စုံဘူးဖြစ်နေတယ်။ ကာမရာဂကို ပယ်ဖို ့ ဆိုတာ အနာဂါမိမဂ်နဲ ့ ပယ်တာဆိုရင်တော ့ ကောင်းပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကာမရာဂကို စျန် ကုသိုလ် ကြောင် ့ ဗြဟ္မာဖြစ်ပြီး ပယ်တာဆိုရင်တော ့ မကောင်းသေးဘူး။ ဘာကြောင် ့လဲဆို တော့ ပုထုဇဉ်ဗြဟ္မာ အနေနဲ ့ ဗြဟ္မာဖြစ်တုန်းသာ ကာမရာဂကိုပယ်နိုင်ပေမဲ ့ နောက် ဘဝတွေမှာက အပါယ်လေးပါးကို ပြန် ရောက်နိုင်သေးတယ်။

ဒါကြောင့်.. မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ပြန်လည်မိန် ့ကြားပုံက…
သတ္တိယာဝိယသြမဋ္ဌော၊ ဒယှမာနောဝမတ္တကေ။
သက္ကာယဒိဋ္ဌိပဟာနယ၊ သတောဘိက္ခုပရိဗ္ဗဇေ။

အဓိပ္ပါယ်က…
ရင်ဝကိုလှံဖြင် ့ ထိုးစိုက်ခြင်းခံနေရသောသူသည် အခြားသော ကိစ္စမှန်သမျှကို လုပ်မနေနိုင်ဘဲ ရင်ဝမှာ စူးဝင်နေတဲ ့လှံကို အမြန်ဆုံး ဆွဲနုတ်ပြီး ဆေးကုဖို ့ကိစ္စသည် အရေးအကြီးဆုံးဖြစ်သကဲ ့သို ့လည်း ကောင်း။ ခေါင်းပေါ်ကဆံပင်ကို မီးဟုန်းဟုန်းစွဲလောင်ခြင်းခံနေရသူသည် အခြားသောကိစ္စမှန်သမျှကို လုပ်မနေ နိုင်ဘဲ ဦးခေါင်းက မီးတောက်ကို အရေးတကြီး ငြိမ်းသတ်ပြီး မီးလောင်ဒဏ်ရာကို ဆေးကုဖို ့ ကိစ္စသည် သာ အရေးအကြီးဖြစ်သကဲသို ့လည်းကောင်း။ သတ္တဝါတွေအတွက် ဘဝများစွာ သံသရာ တစ်ခွင် မှာ အပါယ်လေးပါးကိုကျစေတတ်တဲ ့ သက္ကာယဒိဋ္ဌိ ဘေးဆိုးကြီးကို အမြစ်ပြုတ် ပယ် နိုင််ဖို ့ ့ကိစ္စသည် အရေးတကာ့အရေးအကြီးဆုံး ပါပဲလို ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ပြန်လည် မိန် ့ကြားတော်မူလိုက်တယ်။

သက္ကာယဒိဋ္ဌိကို ပယ်ခိုင်းတယ်ဆိုတာ သောတာပန်ဖြစ်အောင် လုပ်ခိုင်းတာနဲ ့ အတူတူပဲနော်။ ဘာဖြစ်လို ့ ဒီလောက်တောင် ပိုအရေးကြီးနေရတာလဲ ဆိုတော… ရင်ဝကိုလှံစူးနေတဲ ့သူနဲ ့ ဦးခေါင်းကို မီးလောင်နေတဲ ့သူတွေက ဆေးကုတာနောက်ကျလို ့ သေမယ်ဆိုရင်တောင် ဒီတစ်ဘဝပဲသေမှာ။ နောက် ဘဝအထိ ဒုက္ခပေးလို ့မရပါဘူး။

သက္ကာယဒိဋ္ဌိကို မပယ်ရသေးတဲ ့သူကျတော ့ ဘဝအဆက်ဆက် ဒုက္ခလိုက်ပေးနေလို ့ အပါယ်လေး ပါးဟာ ကိုယ် ့အိမ်ကိုယ် ့ရာလိုပဲ အမြဲရောက်နေမှာ။ ဒါကြောင် ့မို ့ ရင်ဝက လှံကို နောက်မှနုတ်။ ခေါင်း ကို မီးလောင်ရင်လည်း နောက်မှငြိမ်း။ သက္ကာယဒိဋ္ဌိကိုသာ အရင်ဖြုတ်ကြတဲ ့။

မြစိမ်းတောင်ဆရာတော်ဘုရား “သောတာပန်ဆိုတာဒီလိုပါ” တရားတော်စာအုပ်မှ ကောက်နုတ်ပူဇော် ပါသည်။
source: http://www.myaseintaung.com/…/%E1%80%9E%E1%80%80%E1%81%A0%…/