၀ိပဿနာ နိုင်ငံ ရပ်ခြား ပြန့်နေပြီ။ မြန်မာနိုင်ငံတွင်း က ဓမ္မမိတ်ဆွေ တွေ ဆရာကောင်းနဲ့ အနီးဆုံး နေပြီး အဝေးဆုံးရောက် မနေပါစေနဲ့။
======================================

ရုုံးမှာ မကြာခဏ နိုင်ငံခြားသားတွေ နဲ့ စကားပြောဖြစ်ရင်၊ ဒီ အပတ်ရုံးပိတ်ရက် ဘာလုပ်မှာလဲ လို့မေးလေ့ရှိတယ်။ ဒီလိုဘဲ မနေ့က ဂျာမဏီနိုင်ငံ သားတယောက်နဲ့ စကားပြောရင်း၊ တရားထိုင်တဲ့ ကိစ္စကိုရောက်သွားတယ်။ သူက တရားထိုင်တာ ၅နှစ်လောက်ရှိပြီ။ အာနာပါန က နေ ဝေဒနာ မကျော်ဘူး ဆိုုတာသိရပါတယ်။ ဒီတော့မှ ကိုယ်တွေ ဆရာကောင်း ရခဲ့တဲ့ အကျိုးကျေးဇူးကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်တယ်။ သူက လက်ကမ်းစာစောင်တခုက နေ တရားထိုင်တဲ့ အကြောင်းဖတ်မိ ပြီး စထိုင်ဖြစ်ခဲ့တာ။ တရားစခန်းမဝင်ခဲ့ဘူးပါ။ သူဘာသာ အိမ်မှာ မနက် တစ်နာရီ ထိုင်တယ်။ မနက်ပိုင်း တရားမထိုင်ခဲ့ ရရင် တနေကုန် စိတ်ထဲမှာ တစ်ခုခုလိုနေသလိုုခံစားရတယ်လိုု့ပြောပြတယ်။

ပြီးတော့ သူက တရားစခန်းဝင်မယ်လို့ စဉ်းစားထားတယ်။ ဒါပေမယ့် အချိန် မရဘူးလို့ ငြီးပါတယ်။ ဒါနဲ့ မင်းကို ငါနာဘူးတဲ့ တရားအကြောင်းမျှပေးမယ်ဆိုပြီး အောင်လံဆရာတော်ရှိက နာယူမှတ်သားဘူးတဲ့ နှစ်ပေါင်းများစွာ ခန္ဓာကို လုပ်ကျွေးပြီးပြီ။ တစ်နှစ်မှာ ၃၆၅၊အဲထဲ က ၉ ရက် မင်းရဲ့ စိတ်နဲ့ သံသရာအတွက် အချိန်မထုတ်နိုင်ဘူးလားပေါ့။ သေရင် ပါမှာက ဒါတွေ ဘဲနော်ဆိုတော့၊ သူသဘောကျသွားတယ်။ မင်းပြောတဲ့ ရူထောင့်ကို ငါသဘောကျတယ်တဲ့။ ငါတရားစခန်းသွားဝင်ပါ့မယ်တဲ့။

သူက ပြန်မေးတယ်၊မင်းရောဘယ်လိုစကျင့်လဲ၊ ဘာလိုတွေဖြစ်နေပြီလဲ။ ဘယ်လိုထိုင်လဲ။ ကိုုယ်တွေ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေပြောတော့။ အော်......တဲ့။ ငါလဲလေ့ကျင်ဆဲပါ။ ဘာမှ ထူးထူးခြားခြားမဟုတ်သေးပါဘူး။ ဆရာကောင်းရှိလို့ အချိန်တိုအတွင်း ဝေဒနာကျော်သွားတာပါလို့၊ အချိန်ရသလို ကြိုးစားနေဆဲပါ။ သေချာတာက ဒီတရားနဲ့ တွေ့ပြီး စိတ်တွေပြောင်းသွားတာပါ။ လောကဓံနဲ့ တွေ့ရင် သိပ်မတုန်လှုုပ်တော့ဘူး၊ သတိလက်လွတ်ရင်တော့ နည်းနည်းပေါ့။ ချက်ချင်းသတိပြန်ကပ်ရင် ဖြစ်ပြီးပျက်မှာဘဲဆိုတာမျိုး၊ ငါဒေါသစိတ်လေးဖြစ်နေပါလား၊ ငါ့စိတ်တုန်လှုုပ်နေပါလား လိုသိလိုက်ရင် သူဘာသာ စိတ်ကလေးက ဝပ်သွားတယ်လို့၊ ဒါတွေက ဆရာကောင်းနဲ့ တွေ့ခဲ့၊ တရားထိုင်ခဲ့တဲ့ တရားရဲ့ ရလဒ်တွေ လို့ ငါထင်တယ်ဆိုတော့၊ သူက အဲဒါ Mind-fulness ပေါ့ တဲ့။

သူက မိသားစုဝင်တွေကို တရားထိုင်အကြောင်းပြောရင် တချို့က စိတ်ဝင်စားပေမဲ့။ တချို့က ငါ့ကိုု လာမပြောနဲ့လို့ပြောတယ်။ ဒါနဲ့ မင်းပြောတာတွေနားထောင်ကြည့်ရတာ မင်းက တော်တော်လေ့လာထားပြီးပြီလို့ ငါကောက်ချက်ချတယ်။ မင်းဘယ်လိုသွားပြောလဲ သိရမလားဆိုတော့၊ သူရှင်းပြတယ်။ ဒါနဲ့ မင်းက အမြင့်တနေရာရောက်နေတော့ မင်းသိတဲ့ အမြင်အကြောင်းသွားပြောတော့သူတို့ ဘယ်နားလည်မလဲ။ သူငယ်တန်းကျောင်းသားကို ၁ဝတန်းစာပြသလိုဖြစ်နေမှာပေါ့။ နောက်ဆို တရားရဲ့ အနှစ်ကို ချက်ချင်းမပြောနဲ့၊အာနာပါနာ ရှူတာလောက်၊အခြေခံတရားလောက်ပြောလို့။ မင်းစလုပ်တုန်းက ဘယ်လို စခဲ့လဲ ပြန်စဉ်းစားလေ။ အခြေခံလေးပြောကြည့်၊ စိတ်ဝင်စားလာရင်တော့ တဖြည်းဖြည်းဆက်ပြောပေါ့။ စိတ်မဝင်စားတော့လည်း အာနာပါန နဲ့ ၀ိပဿနာ၊ တရားရဲ့မျိုးစေ့လေး သံသရာအတွက် စိုက်ပေးလိုက်ပေါ့။ ကျန်တာတော့ သူ့သမိုင်းပေါ့လို့ ဆိုတော့၊ ဒါလည်းဟုတ်တာဘဲတဲ့။

သူက တရားထိုင်တာတွေ နောက်ပိုင်းဆို ဒါထက်မက ပြန့်လာမယ်ထင့်တယ်။ ငါလက်ခံပါတယ်။ ဒါပေမယ့် မြတ်စွာဘုရား သာသနာက နှစ် ၅၀၀၀ ဘဲတည်မှာလို့။ ဘယ်အရာမှ မတည်မြဲတဲ့ နိယာမလိုပါဘဲ။ သူလည်း ပျက်ရမှာဘဲ။ ငါ့ဖတ်ဖူး၊ ကြားဖူးတာပြောပြမယ်။ မြတ်စွာဘုရား သာသနာကို နှစ်ပိုင်းခွဲထားတယ် ပထမ နှစ် ၂၅၀၀ နဲ့ ဒုတိယ ၂၅၀၀။ အခုက သာသနာနှစ် ၂၅၅၀ ကျော် ၆၀ နီးပါလို့။ သာသနာ ၂၅၀၀ ကို ၅ ပိုင်းထပ်ခွဲတယ်။ အတိအကျတော့ မမှတ်မိဘူး။ ပထမဆုံး ၅၀၀ က ၀ိပဿနာထွန်းကတယ်။ ဒုတိယက သမထပိုင်းလိုုမျိုးလို့၊ ဒီလို့နဲ့ နောက်ဆုံး ၅၀၀ က အလှူအတန်းလောက်နဲ့ဘဲ လူတွေ တင်းတိမ်တာလို့။
ဒုုတိယ ၂၅၀၀ လညး် ဒီလိုဘဲ ပြန်လည်လိမ့်မယ်။ အခု ဒုတိယ ၂၅၀၀ ပြန်စ တာ နှစ်၅၀-၁၀၀ လောက်ဘဲရှိမယ်။ ဒါကြောင့် ၀ိပဿနာတွေ ကမ္ဘာတဝှမ်းပြန့်နေတာပေါ့။ ပြန်ကြည့်လေ နှစ် ၅၀၊ ၆၀ အစောပိုင်းက ၀ိပဿနာ လို့ ကြားဘူးလို့လားဆို့တော့။ အင်း၊မင်းပြောမှ ငါလည်းစဉ်းစားမိတယ်။

၀ိပဿနာက အခုနေတော့ ဆက်တိုက်ဆက်ပြီး တိုးတတ်မယ်။ နောက် နှစ် ၄၀၀၊ ၅၀၀ လောက်ပေါ့လို့ဆိုတော့။ အော်..ငါက ဒီထက်မက တောက်လျှောက်ပြန့်မယ်ထင်ထားတာတဲ့။ သူ့အပိုင်းအခြားနဲ့သူပေါ့လို့။ ပီးတော့ ဒီဘဝ၊ခန္ဓာပျက်ရင်၊ သံသရာက ဘယ်ခေါ်သွားမလဲ ဘယ်သူသိလဲ၊ ငါ့ဆရာတော်က ပြောဖူးတယ်၊ဒီခန္ဓာပျက်ရင် ဒီသာသနာကွယ်ပြီလို့။ နောက်ဘဝ ဘယ်ဘဝ ရောက်မလဲ၊ ဘယ်သူသိလဲ။ ဒါကြောင့် အခုအချိန်ဟာ ၀ိပဿနာ တရားအားထုတ်ဖို့ အကောင်းဆုံးအချိန်လို့။ မင်းလည်း ထိုင်လက်စ ရှိတော့ အကျိုးကျေးဇူးသိနေပြီးဘဲ၊ ဆက်လုပ်ပေ့ါ။ လိုတာရှိလည်း ငါ့ကိုပြော၊ ငါသိသလောက်ရှင်းပြမယ်။ ငါမသိရင် ဆရာတော်တွေကို လျှောက်ပြီးမေးပြီး ပြောပြမယ်ဆိုတော့၊ မင်းနဲ့ စကားပြောရတာ တန်သွားပြီးတဲ့။ ငါ အချိန်ရအောင် ရှာပြီး ၀ိပဿနာ တရားစခန်း သွားဝင်မယ်တဲ့။

နိုင်ငံတကာက လူတွေ တရားရှာနေပြီ။ မြန်မာနိုင်ငံတွင်း က ဓမ္မမိတ်ဆွေ တွေ ဆရာကောင်းနဲ့ အနီးဆုံး နေပြီး တရားထိုင်တာ နဲ့ အဝေးဆုံးမရောက်နေပါစေနဲ့။

အောင်လံဆရာတော်ကို ဘုရားဦးတင်လျှက်
မေတ္တာဖြင့်
ဓမ္မမျှဝေ