အလှသေမှ အသေလှမယ်
===================

ဘဝပြတ်အောင် အားမထုတ်နိူင်သေးသူအတွက်

သေခါနီးမှာ တမလွန်ဘဝကူးကောင်းဖို့

အလွန်အရေးကြီးပါတယ်။

သေရမယ့်အချိန်ကိုကြိုသိရင်

ဘဝကူးကောင်းဖို့အတွက်

စိတ်တိုင်းကျကြိုတင်ပြင်ဆင်နိူင်ပါတယ်။

သေရမယ့်အချိန်ကိုကြိုသိချင်တယ်ဆိုရင်တော့

အာနာပါနသတိပဌာန်တရားကို

လေးလေးစားစားပွားများအားထုတ်ကြရုံပါပဲ ။ ။

================================

အသက်မထွက်ခင် သေနှင့်ပါ
====================

မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်မှာ

အကောင်းဆုံးအနေအထားဖြစ်နေဖို့အတွက်

နိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်ကို

အကောင်းဆုံးအနေအထားဖြစ်အောင်

လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

အသေကြီးနဲ့ သေခါနီးအချိန်မှာ အာရုံကောင်း

နမိတ်ကောင်းတွေ ထင်မြင်နေဖို့အတွက်

အသေလေးနဲ့ သေခါနီးအချိန်ကို

အာရုံကောင်း၊ နမိတ်ကောင်းတွေနဲ့

ထုံမွမ်းပေးထားရပါမယ် ။ ။

=============================

ဆရာတော်အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ

စိတ်အားဖြည့်ဓမ္မသံစဉ် စာအုပ်မှရေးသားပူဇော်ပါသည် ။ ။