နိဗ္ဗာန် ချမ်းသာကို အမှန်တကယ် အလိုရှိသည် ဆိုလျှင်

***********************************

မိန်းမသည် လည်းကောင်း ၊ ယောကျ်ားသည် လည်းကောင်း ၊ အကြင်သူသည် ဒုက္ခကို တစ်ကျပ်သား သိမြင်ဧ။်၊
ထိုသူသည် သုခ ( နိဗ္ဗာန် ချမ်းသာ ) ကို တစ်ကျပ်သား အလိုရှိသည် မည်ဧ။် ။
အကြင်သူသည် ဒုက္ခကို များစွာ သိမြင်ဧ။် ၊ ထိုသူသည် သုခ ( နိဗ္ဗာန် ချမ်းသာ ) ကို များစွာအလိုရှိသည်မည်ဧ။် ။

နိဗ္ဗာန် ချမ်းသာဧ။် သဘောအဓိပ္ပာယ်ကို မသိပါဘဲလျက် လူပြော သူပြောကြောင့် နိဗ္ဗာန်သည် အကောင်းဆုံး ၊
အမွန်မြတ်ဆုံး ဖြစ်သည်ဟု ကြားသိထားသဖြင့် လိုချင်နေမှုသည် လောဘမည်ဧ။် ။

ဒုက္ခသဘော အစစ်အမှန်ကို နားလည်သိမြင်ပြီး ဒုက္ခမှ အမှန်တကယ် လွတ်ငြိမ်းလိုသောစိတ်သည် နိဗ္ဗာန်ကို
မတောင်းတ သော်လည်း ၊ နိဗ္ဗာန်ကို အလိုရှိနေသည် မည်ဧ။် ။

ဒုက္ခ ဟု ဆိုရာတွင် - လောကမှာ ကြုံတွေ့နေရသော စား ၊ ဝတ် ၊ နေရေး အခက်အခဲများ ၊ ကြိုးစားရှာဖွေ လုပ်ကိုင်
နေရခြင်းများ ၊ အသက်စည်းစိမ် ပျက်စီး ဆုံးရှုံးရခြင်းများ ၊ ဖြစ်ချင်တာမဖြစ်ရ ၊ မဖြစ်ချင်တာ ဖြစ်နေရခြင်းများ စသည့်
လူမှုဒုက္ခများအား သိရှိခြင်းကို မဆိုလို ။ ထို ဒုက္ခတို့သည် အခိုက်အတန့် တစ်ခုအထိသာ စိတ်ကိုဆင်းရဲစေ၍
ပြန်လည် ပြေပျောက် သွားကြသည်ချည်းသာ ။

နိဗ္ဗာန်ချမ်းသာကို မြည်တမ်း တောင်းတ ခြင်းမပြုသော်လည်း ၊ နိဗ္ဗာန်သို့ ညွတ်ကိုင်းနေသည့် အလား စိတ်မှာ
ထင်ဟပ်တည်ရှိစေသော ဒုက္ခဆိုသည်မှာ - မိမိ ခန္ဓာ၌ အားထားစရာ အနှစ်အသား မရှိပဲ ဖောက်ပြန်ပျက်စီးနေသော
ဆင်းရဲခြင်း အမှန်ကို ကောင်းစွာ သိမြင်မှုပင်ဖြစ်သည် ။

ဤခန္ဓာ ဖြစ်တည်နေသမျှ ဒုက္ခဝဋ်ဆင်းရဲသည် အစဉ်အမြဲ တွဲဖက်လျှက် ပါရှိလာသည်ကို သိမြင်နိုင်သော
ပညာဉာဏ် ရှိမှုပင် ဖြစ်သည် ။

သည့်အတွက် ဤခန္ဓာကို စက်ဆုပ်ရွံမုန်းသဖြင့် ခန္ဓာဖြစ်ပေါ်ခြင်းကို မနှစ်သက် ၊ အလိုမရှိ ။ ခန္ဓာ ချုပ်ဆုံးခြင်း
( ခန္ဓာ မဖြစ်ပေါ်တော့ခြင်း ) ကိုသာ အလိုရှိခြင်းသည် ' ခန္ဓာတို့ဧ။် ဆိတ်သုဉ်းရာ ' ၊ ' ခန္ဓာဒုက္ခမှ ကင်းလွတ်ရာ ' ၊
ခန္ဓာ နှင့် လုံးဝ ဆက်ဆံခြင်းမရှိသည့် ' နိဗ္ဗာန် ချမ်းသာ ' ကို အလိုရှိနေခြင်းပင် ဖြစ်သည် ။

ထို့ကြောင့် နိဗ္ဗာန်ချမ်းသာကို အမှန်တကယ် အလိုရှိသည် ဆိုပါလျှင် - ခန္ဓာဧ။် အပြစ်ကိုမြင်နိုင်သော ၊
ခန္ဓာကို မုန်းတီးရွံရှာကာ ခန္ဓာကို ချုပ်ဆုံးစေနိုင်သော ' ဝိပဿနာ ဘာဝနာ ' တရားကို ထဲထဲဝင်ဝင်
ခြေခြေမြစ်မြစ် လေ့လာမှတ်သား ကြိုးစားကျင့်ကြံ ရန်သာ တာဝန်ရှိပါတော့သည် ။ ။