သူတော်ကောင်း နတ်ကောင်းစောင့်တယ်ဆိုတာ
-------------------------------
အရှင်သာရိပုတြာ တပည့်လေးဟာ တရားထိုင်နေုတုန်း
အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်ခါနီးမှာ ရှင်သာရိပုတြာက
အပြင်ကဆွမ်းခံပြန်လာခဲ့တယ် ကျောင်းထဲဝင်လိုက်
တာနဲ ့ကိုရင်လေးဟာ သမာဓိပျက်ပြီး ရဟန္တာမဖြစ်
နိ ုင်တော့ဘူး အဲဒါကို ဘုရားရှင်က သိတော်မူတယ်
ဒါ့ကြောင့် ဘုရားရှင်ဟာ ရှင်သာရိပုတြာ
ကျောင်းထဲမရောက်ခင် တံခါးဝမှနေ၍ စောင့်ပြီး
အရှင်သာရိပုတြာနဲ ့စကားပြောဆိုပြီး အချိန်ဆွဲထားခဲ့တယ်

ဘုရားရှင်ရဲ့အကြံတော်ကို သိတော့ သိကြားမင်းက
လည်း ကိုရင်လေးတိတ်ဆိတ်စွာတရာကျင့်ဖို ့အတွက်
ခြင်္သေ့အယောင်ဆောင်ပြီး ကျောင်းနားကနေ
အခြားတိရစ္ဆာန်တွေမလာနိ ုင်အောင် စောင့်ပေးတယ်

နောက်ပြီး မွန်းတည့်ခိိျန် ရောက်ခါနီးတဲ့အတွက်
ကိုရင်လေး ရဟန္ထာဖြစ်ပြီး ဆွမ်းမစားရမှာစိုးလို ့
နေနတ်သားကလည်း နေလုံးကို ဖမ်းဆုတ်ပြီး
မွန်းမလွဲအောင်တားထားတယ် ကိုရင်လေး
ရဟန္တာဖြစ်သွားတော့မှ ဘုရားရှင်က အသင့်
တပည့်လေးကို ဆွမ်းသွားကျွေးလိုက်ဦး
ဆာနေပြီဆိုပြီး လွှတ်လိုက်တယ် ကိုရင်လေးလည်း
ဆွမ်းစားတယ် ဆွမ်းစားပြီးတော့မှ နေနတ်သားကလည်း
နေကိုလွှတ်လိုက်တယ်

ချက်ချင်းကြီးမွန်းလွဲသွားတဲ့အတွက် အခြားရဟန်း
တွေက မေးလျှောက်တော့မှ ဘုရားရှင်က
အဲဒီဇတာတ်ကြောင်းကို ဟောတော်မူပြီး
သူတော်ကောင်းအလုပ်ကိုလုပ်လျှင် နတ်တွေ
မကူညီ၍မရကြောင်းဟောကြားခဲ့ပါတယ်

တကယ်တော့ နတ်ပြည်နတ်လောကမှာ နတ်သဘင်
အစည်းအဝေးတွေကျင်းပတယ်ဆိုတာ
လူ ့ပြည်က တရားအားထုတ်တဲ့ သူတော်ကောင်းတွေ
ကိုစောင့်ရှောက်ဖို ့ သာသနာတော်အတွက်
ပေးဆပ်နေသူတွေကို ကာကွယ်ဖို ့ စောင့်ရှောက်ဖို ့
အထက်နတ်မင်းကြီးတွေကနေ အောက်နတ်တွေ
အထိ အဆင့်ဆင့်စောင့်ရှောက်ဖို ့ခွဲတမ်းချ
တာဝန်ပေးခြင်းအမှ ု ့တွေကိုပြ ုတာပါပဲ

တရားကျင့်နေသူ သို ့မဟုတ် သာသနာတော်အတွက်
ပေးဆပ်နေသူတွေဟာ ဒုက္ခရောက်နေပြီဆိုွှရင်
မိမိနိ ုင်သလောက်ကူညီရတယ် မကူညီရင်
အနီးနားက အောက်နတ်တွေဟာ အထက်နတ်မင်း
ကြီးတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံရတယ်ဒါ့ကြောင့်
သူတို ့တွေဟာ သူတော်ကောင်းတွေကို
ဥပေက္ခာပြ ုလို ့မရဘူး သူတော်ကောင်းတွေ
ဘာလို ့လည်းဆိုတာ အမြဲ စောင့်ကြည့်နေရတာ

ီကိစ္စကို တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်
တွေကို လေ့လာကြည့်ရင်သိနိ ုင်တယ်
ဆရာတော်ကြီးအချို ့ဆိုရင် စိတ်ထဲမှာ
ဘာမှကို မကြံရဲပါလား လို ့တောင်မှတ်တမ်း
တွေမှာတွေ ့ရပါတယ် ဝေဘူဆရာတော်ဘုရားကြီး
ဆိုရင် ဒို ့များစမ်းကြည့်တာ မှန်တယ်ဗျာတဲ့
သစ်ပင်ရှိရင်ဆွမ်းရှိတာပဲလို ့သစ်ပင်တွေအောက်
ဆွမ်းခံတာ ဆွမ်းရကြောင်းစမ်းသပ်ပြီး
မိန် ့ဆိုဘူးတယ်