p>
(၁)။ ပွင့်ရင် အံ့ဩစရာမဟုတ်လို့ပါပဲ။မှန်တယ်။
ဘုရားရှင်တွေဟာ အံ့ဩစရာလူသားတွေဖြစ်တယ်။
၂ဆူ၊၄ဆူ၊၈ဆူ၊၁၆ဆူ တစ်ပြိုင်တည်းပွင့်ခဲ့ရင် အံ့ဩစရာ
မဟုတ်တော့ဘူး။မှန်တယ်။တစ်ကျောင်းထဲမှာ
စေတီ၂ဆူလုံးမှာ လာဘ၊သက္ကာရ မပေါများ။
ရဟန်းတွေလည်း များလို့အံ့ဩစရာမဖြစ်။
ဘုရားရှင်တွေဟာလည်း အဲဒီလိုပါပဲ။
ဒါကြောင့် မပွင့်ကြပါ။

(၂)။တရားဒေသနာ မထူးတာကလည်း
နောက်တစ်ကြောင်းပါပဲ။မှန်တယ်။
တစ်ပါးက “သတိပဋ္ဌာန်”စတဲ့တရားကိုဟောတယ်။
အခြားဘုရားတစ်ဆူပွင့်လာရင်လည်း
အဲဒီတရားကိုပဲ ဟောတယ်။ဒါကြောင့် အံ့ဩစရာမဖြစ်။
တစ်ပါးပဲ တရားဟောရင် တရားဟာလည်း
အံ့ဩစရာဖြစ်တယ်။

(၃)။ငြင်းခုံစရာဖြစ်လို့ပါ။
ဘုရားတွေအများကြီးပွင့်ရင် ဆရာများစွာရဲ့
တပည့်တွေလို “ငါတို့ဘုရားက ကြည်ညိုစရာကောင်းတယ်။
ငါတို့ဘုရားက အသံကောင်းတယ်။ဘုန်းကြီးကြတယ်။
ငြင်းခုံကြလိမ့်မယ်။ဒါကြောင့်လည်း မပွင့်ကြပါ။”
(ဥပရိပဏ်၊ဋ္ဌ၊၈၂)
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ
-သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
Posted by►
www.facebook.com/youngbuddhistassociation.mm