☆ သောတာပန်တွေဟာ သစ္စာတရားတွေ သတိပဋ္ဌာန်တရားတွေ နာကြားပြီးတဲ့
အခါမှာ ဝမ်းမြောက်ဝမ်းသာနဲ့ ပြောလို့ကို မဆုံးနိုင်ဘူးတဲ့။ အနှစ်သာရရှိတဲ့တ
ရားတွေ ဟုတ်လိုက်တာ။ မှန်လိုက်တာ။ ဒါ နိဗ္ဗာန်ရောက်ကြောင်းတရားတွေပဲ။
ရင်ထဲမှာ တော်ကြာရင်းပီတိဖြစ်တာ။ တော်ကြာရင်း ပီတိဖြစ်လာ။

☆ ဝိပဿ နာအားထုတ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရသေးတာတောင် ဝိပဿ နာတ
ရားများများ အားထုတ်ထားတဲ့ယောဂီဟာ ဘုရားအကြောင်း တရားအကြောင်း ကုသိုလ်တွေအကြောင်း မြတ်စွာဘုရားဟောကြားတဲ့သစ္စာတရားတွေအကြောင်း
ရတနာမြတ်သုံးပါးနဲ့ပတ်သက်လို့ ဟောပြောပြသတဲ့အသံလေးများ ကြားလိုက်ရ
ရင် တစ်ခါတည်း ရင်ထဲမှာ ဖျန်းဖျန်းဖျန်းဖျန်းနဲ့ ကြက်သီးတွေထလာတယ်။

☆ ဝိပဿ နာဉာဏ်တွေ အတော်အတန်ရင့်ကျက်နေတဲ့ယောဂီရိပ်သာတွေမှာ
လည်းရှိပါတယ်။ အနိစ္စ ဒုက္ခ အနတ္တ အကြောင်းများပြောလိုက်လို့ရှိရင် မိမိကို
တည့်တည့် ဟောနေသလိုပဲ။ ဟုတ်လို်က်တာ။မှန်လိုက်တာနဲ့ ကြေနပ်လို့ကိုမဆုံး
ဘူး။

☆ မြတ်စွာဘုရားအကြောင်းများ ပြောလိုက်လို့ရှိရင်လည်း တစ်ခါတည်း မျက်ရည်
တွေဝဲပြီးကျလာတာ။ အဲဒါ ဓမ္မပီတိကြောင့်ကျတဲ့ မျက်ရည် နိဗ္ဗာန်ရောက်မယ့်
မျက်ရည်လို့ခေါ်တယ်။

☆ မျက်ရည်က နှစ်မျိုးရှိတယ်။ နောက်တစ်မျိုးက ဆွေမျိုးသားချင်းတွေသေလို့ စီး
ပွားဥစ္စာတွေဆုံးရှုံးလို့ သောကပရိဒေဝကြောင့်ကျတဲ့မျက်ရည်။ အဲဒီမျက်ရည်မျိုး
ကတော့ အပါယ်ကျ မယ့်မျက်ရည်လို့ခေါ်ရမယ်။

☆ ဘုရားပေါ်မှာ ယုံကြည်လွန်းအားကြီးလို့ ကြည်ညိုလွန်းအားကြီးလို့၊ တရားအ
ပေါ်မှာ ယုံကြည်လွန်းအားကြီးလို့ ကြည်ညိုလွန်းအားကြီးလို့ ဟုတ်ကြောင်းမှန်
ကြောင်းတွေကို ရင်ထဲက သိနေတယ်။ ဖွယ်ဖွယ်ရာရာ ပြန်မပြောတတ်သော်
လည်းပဲ ကိုယ်ကအများကြီးအားထုတ်ထားတာဆိုတော့ ဟုတ်လိုက်တာ။ မှန်
လိုက်တာ။ သင်္ခါရတရားတွေပဲ။ အနိစ္စတရားတွေ ဘယ်ဟာမှမမြဲဘူး။ ဟာ တ
ကယ်ညှဉ်းဆဲနှိပ်စက်တာပဲ။ ငါက သူက နှိပ်စက်တာမဟုတ်ဘူး။ သင်္ခါရတရား
တွေဟာ အမြဲတမ်းပြု ပြင်နေရတယ်။ ဒါတွေဟာ ဆင်းရဲတဲ့တရားတွေပဲ။ အနတ္တ
တရားတွေပဲ။ ဘယ်ဟာမှအစိုးမရဘူး။

☆ ကိုယ်ဖြစ်စေချင်သလို ဘယ်ဟာမှမဖြစ်ဘူး။ သူ့အကြောင်းအားလျော်စွာဖြစ်
တာပဲ။ အင်မတန်မှန်တာပဲ။ အင်မတန်နက်နဲတဲ့တရားတွေပဲ။ မိမိတို့က မကြာခ
ဏလေ့လာနေရလို့ တရားတော်တော်သိနေတော့ လွယ်တယ်လို့ အောက်မေ့ရ
တယ်။ မလွယ်ဘူး။ နာကြားဖို့ကိုမလွယ်တာ။ အားထုတ်ဖို့ကို အသာထားဦး တ
ရားလေးခဏနာပါဦးဗျာ။

☆ မနာနိုင်ဘူး။ မအားလို့. နားထေားင်လို့ကိုမရဘူး။ ရင်ထဲမှာ မီးတောင်ကြီးလို
ဖြစ်နေတာ။ နိဗ္ဗာန်ရောက်ကြောင်းတရားဆိုရင် သူတို့နားမှာ မီးလောင်နေပြီ။သူ
တို့နားက ကိလေသာဖြစ်မယ့်အသံမှ နားထောင်လို့ရတာ။ ဝိသဘာဂ အသံဆို
နားထောင်လို့ကိုမဝ‘နိုင်ဘူး။

☆ တရားရကြောင်း နိဗ္ဗာန်ရကြောင်းဆိုရင် ပျင်းရိသွားမှာပဲ။ အိပ်ချင်လာမယ်။ တစ်ခါတည်း ဘယ်လိုမှ နားထောင်လို့မရဘူး။ ခေါင်းတွေဘာတွေမူးပြီးတော့ ပစ်လှဲချင်သလိုဖြစ်လာတာ။

☆ ဘဝအဆက်ဆက်ကလည်း အဝိဇ္ဇာတဏှာအားကြီးတယ်။ အခုသာသနာတော်
ကြီးနဲ့တွေ့ပြန်တော့လည်း မလေ့လာမလိုက်စားတဲ့အခါကျတော့ သစ္စာတရားအ
သံတွေဆိုရင် စိတ်မဝင်စားတော့ဘူး။ဘယ်လိုမှရင်ထဲမှာ လက်မခံနိုင်တော့ဘူး
ဖြစ်လာတယ်။

☆ တချိ ု ့ကျတော့လည်း ခက်ခက်ခဲခဲ အဆန်းလုပ်မနေပါဘူးကွာ။ ဒါနလောက်ပြု
တော်ရောပေါ့။ နှလုံးသွင်းမှားတာတွေ။ အဲဒါ အဝိဇ္ဇာကြာင့် အယောနိသောမန
သိကာရ။ အယောနိသောမနသိကာရကြောင့် အဝိဇ္ဇာ။ အပြန်အလှန်ပေါ့။

☆ တချိ ု ့ဒေသနာတွေမှာကျတော့လည်း အဝိဇ္ဇာ ဘာကြောင့်ဖြစ်သလဲ။ ဝိစိကိစ္ဆာ
နဲ့ ပမာဒကြောင့်။ ဒါလောကသုတ္တန်အရ အဓိကက အဝိဇ္ဇာပါပဲ။ အမှန်တရားမ
သိလို့။ အဝိဇ္ဇာအားကြီးပြီဆိုရင် တဏှာလည်းအားကြီးတာပဲ။

☆ အဝိဇ္ဇာတဏှာအားကြီးပြီဆိုရင် သဒ္ဓါနဲ့ပတ်သက်တဲ့တရား။ ပညာနဲ့ပတ်သက်
တဲ့တရားတွေကို မကြားချင်ဘူး။ သဒ္ဓါတရားခေါင်းပါတဲ့ပုဂ္ဂိုလ်ကို ရတနာသုံးပါးနဲ့
ကံ၊ ကံရဲ့အကျိ ု းသွားပြောရင် သူ့မှာ နားကြားပြင်းကပ်တယ်တဲ့။

☆ မစ္ဆရိယ-ဝန်တိုတဲ့ပုဂ္ဂိုလ်ကို ဒါနအကြောင်းသွားပြောရင် သူ့မှာနားကြားပြင်း
ကပ်တယ်တဲ့။ ဗဟုသုတနည်းတဲ့ပုဂ္ဂိုလ်ကို ဗဟုသုတအကြောင်းသွားပြောရင် နားကြားပြင်းကပ်တယ်။ ပညာနည်းတဲ့ပုဂ္ဂိုလ်ကို ပညာအကြောင်းသွားပြောရင်
နားကြားပြင်းကပ်တယ်။ နားမထောင်ချင်ဘူး။

☆ တရားကိုပွားများအားထုတ်ထားတဲ့ယောဂီက သစ္စာတရားကိုနာကြားလို့မဝနိုင်
ဘူး။ တော်ကြာရင်းနာချင်၊တော်ကြာရင်းနာချင် ခဏခဏနာချင်တယ်။ နာလည်း
နာချင်တယ်။ အားလည်း အားထုတ်ချင်တယ်။ ဘယ်လိုမှ မအားလို့သာနေမယ်။ နည်းနည်းလေးအားတာနဲ့ သတိပဋ္ဌာန်တရားနာတယ်။ ဝိပဿ နာတရားအား
ထုတ်တယ်။

☆ သောတာပန်တွေဟာ သစ္စာတရားကို အမြဲတမ်းနာကြားချင်တဲ့စိတ်ရှိတယ်။ အဲဒီလို သစ္စာတရား သတိပဋ္ဌာန်တရားတွေနာပြီးတဲ့အခါမှာလည်း ပါဠိတွေမသိ
ပေမဲ့ အဓိပ္ပါယ်တွေကို အထိုက်အလျောက်သိနေတော့ စိတ်ထဲမှာ အားရပါးရ
လည်းဖြစ်တယ်။ ဝမ်းသာလို့လည်း မဆုံးနိုင်ဘူး။ ပီတိသောမနဿ က တော်
တော်နဲ့ မပျောက်ဘူး။ တစ်ကိုယ်လုံးတသိမ့်သိမ့်ဖြစ်နေတာ။

☆ ပုထုဇဉ်တွေကျတော့ တရားနာနေတဲ့အချိန်လေးပဲ သံဝေဂဉာဏ်ဖြစ်နေသလို
လို အမြင်မှန်ရသလိုလိုရှိတယ်။ တရားသိမ်းလို့ သာဓု သာဓု သုံးကြိမ်လည်းခေါ်
ပြီးရော တရားနဲ့ပတ်သက်လို့ ရင်ထဲမှာ ဘာမှမကျန်တော့ဘူး။နာတုန်းခဏပဲ ပြီး
ရင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ။

☆ အဲဒီလို ပုထုဇဉ်စိတ်ထားနဲ့သောတာပန်စိတ်ထားက ကွဲပြားမှုရှိတယ်။ လူပုံ
သဏ္ဌာန်က ကွဲပြားသွားတာမဟုတ်ဘူးနော်။

☆ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက ဘယ်လိုမိန့်သလဲဆိုတော့-

‘သောတာပန်ဆိုတာ ချိ ု ပေါက်လာတာမဟုတ်ဘူး. အသား အရေစိုပြည်ပြီးရုပ်
အဆင်းလှလာတာလည်း မဟုတ်ဘူး။ စိတ်ထဲမှာ ကိလေသာပါးရှားပြီး သောတာ
ပန်စိတ်ပေါ်လာတာကို သောတာပန် လို့ခေါ်တာ။ သေသေချာချာမှတ်ထားကြ’

☆ ဒီလောက်ဆို ယောဂီတွေအနေနဲ့ မိမိကိုယ်မိမိ သောတာပန်ဖြစ်မဖြစ် ဒီတရား
မှတ်ကျောက်နဲ့စစ်ကြည့်လို့ မရနိုင်ဘူးလား။

‘ရနိုင်ပါတယ်ဘုရား’

☆ အချိန်ယူပြီး သေသေချာချာစစ်ကြည့်ကြနော်။ တစ်ငါတည်းငါနေတဲ့အတ္တဒိဋ္ဌိ ငါ
စွဲတွေအားကြီးနေသေးတယ်ဆိုရင်တော့ မဟုတ်သေးဘူး. သောတာပန်တကယ်
မဖြစ်သေဘဲ ကိုယ့်ကိုယ်ကို အထင်မကြီးမိကြစေနဲ့။ အခုလို သာသနာတွင်းမှာ လူလာဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အချိန်လွန်မှသိရရင် ကိုယ်ပဲနစ်နာမှာ။

☆ သောတာပန်ဖြစ်တာသေချာတဲ့ယောဂီတွေကတော့ကိုယ်အပါယ်တံခါးပိတ်သလို တခြားသူတေံလည်း အပါယ်တံခါးပိတ်အောင် သာသနာပြု ပြီး မြတ်စွာဘုရား
ကိုကျေးဇူးဆက်ကြနော်။ တရားနဲ့ပူဇော်။ တရားနဲ့ ကျေးဇူးဆပ်ကြ။ ကဲ ••• အခု
တော့ သာဓု သုံးကြိမ်ခေါ်ပြီး တရားသိမ်းကြစို့ •••

သာဓု ••• သာဓု ••• သာဓုပါဘုရား။

☆ မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ ☆