(တစ်နေ့တာအတွက် အိပ်စက်အနားမယူမီ နိုင်သမျှ တရားဘာဝနာ အားထုတ်ခြင်းဖြင့် သာယာချမ်းမြေ့သော တစ်ညတာကို လွန်မြောက်နိုင်ပါစေ ချစ်မိတ်ဆွေ------)

အရိယာ နှင့် ပုထုဇဉ်
********************
အရိယာ၏ အနက်မှာ ပရိသုဒ္ဓ ( = စင်ကြယ်ခြင်း) အနက်ဖြစ်ရာ
စင်ကြယ်သော ပုဂ္ဂိုလ်များပင်တည်း။

ပုထုဇဉ် ဆိုသည်မှာ

ပုထု + ဇန ။ ပုထု = ကိလေသာ အများအပြားတို့ကို

ဇန = ဖြစ်စေသူ။

ကိလေသာ ထူပြောလှသော ပုထုဇဉ်အဖြစ်မှ ကိလေသာတို့ကို ပယ်ရှားနိုင်ခြင်းကြောင့်
စင်ကြယ်သော အရိယာအဖြစ်တစ်ပါး သို ဆိုက်ရောက်သူများ ကို အရိယာ ဟု ဆိုလို၏။

ထိုအရိယာ အဖြစ်သို့ ရောက်ရန်အတွက် ကိလေသာ တို့ကို ပယ်ခွာနိုင်ကြောင်း အလုပ်ကို လုပ်ရ၏။

ရုပ်နာမ် ခန္ဓာတို့၏ အရှိအဖြစ်ကို မမြင် ၊

မရှိသောအတွေး အကြံစိတ်၏ ဖန်တီးချက်တွေကို မြင်နေရ၍ ကိလေသာများ ဖြစ်ရ၏။

အမှန်ရှိသော ရုပ် နာမ် ကိုသာ ရူမှတ်ဆင်ခြင်နေသော် ကိလေသာ ဖြစ်ခွင့်မရ။

ထို ရုပ် နာမ် တို့ကို အမှန်အတိုင်း ရူနေသော ဉာဏ်က ကိလေသာတို့ကို ပယ်ခွါလျက်ရှိနေ၏။

ထိုဉာဏ်ကို ၀ိပဿနာ ( = အနိစ္စစသော အခြင်းအရာအားဖြင့် အမျိုးမျိုး အဖုံဖုုံရူသော) ဉာဏ်ဟုဆို၏။

ထို ၀ိပဿနာဖြင့် ကိလေသာတို့ကို ပယ်လျက်ရှိနေရာ ဉာဏ် အဆင့်ဆင့် တက်၍ အားရှိလာ သောအခါ သင်္ခါရတို့ကို ရူမြင်နေသောဉာဏ်မှ

သင်္ခါရ တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန် သို့ ရောက်သော မဂ်ဉာဏ်သို့ ဆိုက်ရောက်ရတော့သည်။

ပထမဆုံး ရောက်သောမဂ်မှာ သောတာပတ္တိ မဂ်တည်း။

(သောတာပတ္တိ + မဂ္ဂ ။ သောတ = အရိယမဂ် သို့
အာပတ္တိ = အစဦး ရောက်သော။ မဂ္ဂ=မဂ်။)

ဤအခိုက်မှာ စိတ်တစ်ခုစာမျှ အလွန်တိုတောင်း လျင်မြန်လှ၏။

ထိုအခိုက်ကို ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်သည်မှာ ထိုစိတ်၏ ထူးခြားချက်အရ ပင်တည်း။

သောတာပတ္တိမဂ်ရှေ.မှ ဂေါတြဘူ ဖြစ်၏။

ထိုဂေါတြဘူ ကား ၀ိပဿနာ၏ နောက်ဆုံးဖြစ်ရာ

ထိုစိတ်သည် ရှေးဝိပဿနာတွေ ယူနေကျ သင်္ခါရ အာရုံကို လွှတ်ကာ

နိဗ္ဗာန်အာရုံကို စယူလိုက်၏။

ထိုသို့ စယူလိုက်ခြင်းဖြင့် ပုထုဇဉ်အဖြစ် ဤတွင် နေရစ်တော့ဟု ကန့်သတ်ကာ

မိမိယူထားသော နိဗ္ဗာန်အာရုံကို မဂ်သို့ပြောင်းပေးလိုက်၏။

မဂ်က ထိုနိဗ္ဗာန်အာရုံကို ယူကာ

ဒိဋ္ဌိ ၀ိစိ ကိစ္ဆာ စသော ကိလေသာအချို. ကို သတ်တော့သည်။

ဤသို့ဖြင့် ထိုအခိုက်မှာ ကိလေသာများသူများအဖြစ် ( = ပုထုဇဉ်ဘဝ) မှ

ကိလေသာစင်သူအဖြစ် smile emoticon အရိယာဘဝ) သို့ ရောက်ခဲ့ရသည်ဖြစ်ရာ

၎င်းကို သောတာပတ္တိမဂ္ဂဋ္ဌ smile emoticon သောတာပတ္တိမဂ် ၌ တည်သော) ပုဂ္ဂိုလ် ဟုဆိုရ၏။

(ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး၏ ပရိတ်ကြီးနိဿသစ် စာအုပ်မှ ကောက်နုတ် ပူဇော်ပါသည်။)