ဘဝကို ချမ်းသာအောင်နေနည်း လိုရင်းကိုသာ ရှင်းရှင်းပြောပါ့မယ်။
****************************************************************

လူလောကမှာ မေတ္တာလောက်ကောင်းသောအရာ ဘာမှမရှိဘူး။

မေတ္တာစိတ်ထားပြီး နေခြင်းသည် ချမ်းသာအောင် နေနည်းဖြစ်တယ်။

သူတစ်ဘက်သား ချမ်းသာကြစေရန် မေတ္တာဖြန့်ပွား၍နေခဲ့လျှင် သူတစ်ဘက်သား ချမ်းသာမှု မရှိသေးခင် မေတ္တာဖြန့်ပေးသူ မိမိက ဦးစွာချမ်းသာခြင်း သုခ ရနေပြီးဖြစ်တယ်။

မိမိကိုယ်တိုင် ကိုယ်စိတ်ချမ်းသာမှုကို ခံစားနေသလို၊ အခြားသူများအား ကိုယ်ရောစိတ်ပါ ချမ်းသာကြစေရန် မေတ္တာဖြန့်ဝေလို့ မိမိမှာ လျော့မသွားပါဘူး။

မိမိသန္တာန်မှာ ချမ်းသာမြဲ ပုံမှန်ရှိပြီး သကာလ သူတစ်ပါးတို့လဲ ချမ်းသာမှု ရကြတယ်။

မေတ္တာပုံလွှတ်ပေးတဲ့အခါ ကိုယ်ခန္ဓာကို မရည်မှန်းရပါဘူး၊ စိတ်နှလုံးကိုသာ ရည်မှန်းရမယ်၊ ဒါလိုရင်းဖြစ်တယ်လို့မှတ်။

ဘဝကို ချမ်းသာအောင်နေနည်း လိုရင်းကိုသာ ရှင်းရှင်းပြောပါ့မယ်။

မိမိ၏ စိတ်ကို ရှင်းရှင်းထားနေပါ။

စိတ်ရှင်းနေလျှင် ချမ်းသာပါတယ်။

မိမိစိတ်အာရုံထဲမှာ ရူပ်ထွေးနေတဲ့ အကြောင်းအရာတွေ ဝင်ရောက်မလာစေနှင့် ၊ လက်ခံမထားနှင့်။

စိတ်ရှင်းရှင်းထားလို့ နေသားကျလာပြီဆိုလျှင် ရူပ်ထွေးစေတဲ့ သူတစ်ပါး အကြောင်းအရာရော၊ ပတ်ဝန်းကျင် အကြောင်းအရာရော စိတ်ဝင်စားခြင်းမရှိပါ။

သန့်ရှင်းစွာ ထားလေ့ရှိတဲ့ အိမ်ဝင်းတလင်းပြင်ပေါ်မှာ သူတစ်ပါးက အမှိုက်သရိုက်လာပစ်ထားလျှင် လက်ခံထားချင်စိတ် မရှိသလို၊ မိမိ၏ စိတ်အာရုံထဲမှာ သူတစ်ပါးက စိတ်ရူပ်စရာ အကြောင်းအရာတွေ လာပြောသွားသော်လည်း ကိုယ်က လက်ခံသိမ်းပိုက်ခြင်း မရှိလျှင် ရူပ်ကျန်ရစ်မည် မဟုတ်ပါ။

အရူပ်မခံပါနှင့် ။

“ငါနှင့် မဆိုင်တဲ့ အကြောင်းအရာတွေပဲ” လို့ နားရှင်းစွာ ထားပြီးတဲ့အတိုင်း စိတ်အာရုံထဲက ဖယ်ထုတ်ပစ်လိုက်မှာ သေချာတယ်။

အဲသလို စိတ်ကို ရှင်းရှင်းထား နေနည်းအရ မိမိ၏ စိတ်အာရုံထဲ မေတ္တာ ဖြန့်ပွားခြင်း အလုပ်ကို ပုံမှန် ဖြစ်နေစေရမယ်၊
မေတ္တာတရား အချိန်ပြည့် ဖြန့်ပွားနေချင်အောင် စိတ်ဝင်စားနေပြီဆိုလျှင် ဘဝချမ်းသာအောင် နေနည်း အခြေခံ မူမှန်ပြီလို့ မှတ်ပါ။

မူမှန်ပြီဆိုရင် အခြေခံကို ခိုင်အောင် ကြိုးစားဖို့သာ လိုတော့တယ်။

ကဲ--ဘယ်လောက်လွယ်သလဲ၊

ဘာခက်သလဲ ။

ဆီအမြဲထည့်ထားတဲ့ ပုလင်းမှာ ဘယ်တော့်မှ ရေဝင်လို့မရဘူး။

ဆက်လက်ဖော်ပြပါမည်--

(နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ၊ “ချမ်းမြေ့စွာ ဘဝနေနည်း” ၊ ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည်။)