ရဟန္တာအရှင်များသည်ဝါသနာကိုမပယ်နိုင်ကြ

ပြောမပြနိုင်အောင် မြားမြောင်ပေါကြွယ်ဝသော ဂုတ်တော်များသခင် ဘုရှားရှင်မှာ အများ၏ ပူဇော်ဖွယ် ဖြစ်ရလေသည်။ မှန်၏ ။

ရဟန္တာများမှာ အဂ္ဂဒက္ခိဏေယျ = အမြတ်ဆုံးအလှူကို ခံထိုက်သော ပူဇော်ထိုက်သူ အရှင်များ ဖြစ်ကြ၏။ ထိုသို့ဖြစ်သည်မှာ အရဟတ္တမဂ်ဖြင့် ကိလေသာတို့ကို သတ်၍ ရှင်းပြီး ဖြစ်သောကြောင့်ပင်။

သို့သော် ရဟန္တာအရှင်များသည် ၀ါသနာကိုကား မပယ်နိုင်ကြ ။ ကိလေသာတွေ ကုန်သောငြားလည်း ကိလေသာ၏ အရှိန်အစော်ဝါသနာကား ကျန်ရစ်သေး၏။

အရှင်ပိလိန္ဒဝစ္ဆ

ထိုအရှင်ကား ရဟန္တာအရှင်မြတ်ကြီးပင်။ ဗြာဟ္မဏမျိုး၌ဖြစ်၍ “ဝသလ = သူယုတ်” ဟု ပြောခဲ့သော အလေ့အလာ ဘဝငါးရာတိုင်ဖြစ်ခဲ့ရာ ရဟန္တာဖြစ်သော်လည်း ထိုဝါသနာမှာ ကျန်ရစ်၍ ဝသလ=သူယုတ် ဟူသော အခေါ်ဖြင့်ခေါ်လေ့ရှိသေး၏။

တခါက လူတစ်ယောက် ပိတ်ချင်းသီးတောင်းကြီး ယူလာရာ အရှင်မြတ်က “သူယုတ်ဘာတွေလဲ” ဟု မေး၏။

မိမိကို သူယုတ်ဟုခေါ်ရကောင်းလား သူ့အလိုက် ကန့်လန့်ပြောမှပဲဟု “ကြွက်ချေးတွေပါဘုရား” ဟု ပြောလိုက်၏။

“အေး ကြွက်ချေးဆို ကြွက်ချေးပေါ့ကွယ်” ဟုမိန့်၏။

နောက် မထေရ်လွ်သွားသောအခါ တကယ် ကြွက်ချေးတွေ ဖြစ်နေတော့၏။

တောင်းထဲက ပိတ်ချင်းသီးသာမက လှည်းပေါ်ကြည့်လိုက်သောအခါ လှည်းပေါ်က ပိတ်ချင်းသီးတွေပါ ကြွက်ချေးတွေ ဖြစ်နေတော့သည်။

လူတစ်ယောက်အကြံပေးချက်အရ ပိတ်ချင်းသီးတောင်းမပြီး မထေရ်ရှေ.သွားပြန်ရာ “သူယုတ်ဘာတွေလဲ” ဟု မေးပြန်၏။

“ပိတ်ချင်းသီးတွေပါဘုရား” ဟုလျှောက်၏။

“အေးပိတ်ချင်းသီးဆို ပိတ်ချင်းသီးပေါ့ကွယ်” ဟု မိန့်တော်မူမှ ပိတ်ချင်းသီးအဖြစ် ပြန်ရောက်ရတော့သည်။

(အင်္ဂုတ္တရ၊ ဋ္ဌ-ပ၊ ဧတဒဂ္ဂဝဂ် ၂၁၆)

အထုံဓလေ့ဝါသနာအငွေ့

အရက်ကိုသွန်လိုက်သော်လည်း အရက်နံ့မှာ အရက်အိုး၌ စွဲနေရစ်သကဲ့သို့ ရဟန္တာများမှာ ကိလေသာ ကုန်သော်လည်း အထုံဓလေ့ဝါသနာအငွေ့မှာ ကျန်ရစ်ခဲ့၏။ ပစ္စေကဗုဒ္ဓါများလည်း ထို့အတူပင်။

အသန့်ရှင်းဆုံးပုဂ္ဂိုလ်မြတ်

ဘုရားရှင်ကား ထိုဝါသနာကိုပင် မကျန်ရစ်အောင် အရှင်းပယ်သတ်နိုင်သောကြောင့် လောကတွင် အစင်ကြယ်ဆုံး အသန့်ရှင်းဆုံး ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူပါပေသည်။

ထို့ကြောင့် ဘုရားထက်သာသော ပူဇော်ခံထိုက်သောသူကို ဤလောက ၊ တခြားလောက ၊ ဘယ်လောကမှာ မှ ရှာမရတော့ပေ။

(ကျေးဇူးရှင်