၁။ဤဘဝတွင် ယခင်ကမကြုံတွေ့ခဲ့ဖူးသည့်
အလွန်ထူးခြားချမ်းသာသော
အတွေ့အကြုံများကို တွေ့ဆုံခံစားရသည်။

၂။ကိုယ်စိတ်၂ပါး အထူးကြည်လင်ပေါ့ပါး၍
အေးငြိမ်းချမ်းသာနေခြင်းကို ခံစားရသည်။

၃။ဉာဏ်အမြင်ကြည်လင်၍
စိတ်ကူးကြံဆနိုင်သောစွမ်းအား
မြင့်မားတိုးတက်လာသည်။

၄။စိတ်တည်ကြည်လာသည့်အတွက်
စာကြည့်စာဖတ်သည့်အခါ
မှတ်ဉာဏ်တိုးတက်ကောင်းမွန်လာသည်။

၅။ဘုရား၊တရား၊သံဃာတို့၌
ယုံမှားသံသယကင်း၍ သဒ္ဓါတရား
အထူးကြည်လင်ကောင်းမွန်လာသည်။

၆။မိဘ၊ဆရာ လူကြီးသူမများအပေါ်
ပို၍ရိုသေလေးစားလာသည်။

၇။အပေါင်းအဖော်များအား မိမိဧ။်
ကိုယ်နှင့်တူစွာ စာနာမှုတိုးတက်လာသည်။

၈။လောဘ၊ဒေါသ၊မာန၊ဣဿာ၊မစ္ဆရိယ
စသည့်တရားဆိုးများကို အတော်အတန်
ထိန်းချုပ်လာနိုင်ပြီးအပြောအဆိုအမူအရာ ပိုမိုယဉ်ကျေးသိမ်မွေ့လာသည်။

၉။ရသမျှနှင့်တင်းတိမ်နိုင်သော စွမ်းရည်နှင့်
သည်းခံမှုစွမ်းအားတို့ တိုးမြင့်လာကြသည်။

၁၀။လောကဓံတရားများနှင့် ဆုံဆည်းရသောအခါ ပို၍
ကြံကြံခံနိုင်စွမ်းရှိလာသည်။

၁၁။ပူပန်သောကများကိုအထိုက်အလျောက်ငြိမ်းသတ်နိုင်ပြီဖြစ်၍စိတ်အေးချမ်းသာကာ ကောင်းမွန်စွာ
အိပ်စက်နိုင်သည်။နုပျိုလန်းဆန်းလာသည်။

၁၂။၀ိပဿနာတရားအားထုတ်သည့်
အလေ့အထရခဲ့ပြီးဖြစ်၍ ခရီးသွားရင်း
နားနေရင်းအတွင်း၌ပင် ၀ိပဿနာတရားကို
ရှုမှတ်သွားနိုင်မည်ဖြစ်သောကြောင့်
၀ိပဿနာကုသိုလ်မှာ ကြီးထွားသထက်
ကြီးထွားလာသည်။

၁၃။ကိုယ် စိတ် ၂ပါးတို့ဧ။် နာမ်၊ရုပ်သဘော
အနိစ္စ၊ဒုက္ခ၊အနတ္တတို့ဧ။် သဘောလက္ခဏာကို
ပိုမိုထင်ရှားစွာသိမြင်လာပြီး အတ္တဆန်သော
စိတ်ထား လျော့နည်းလာသည်။

၁၄။အကျင့်စာရိတ္တ ခိုင်မာရင့်ကျက် တိုးတက်လာသည်။

၁၅။စိတ်ဓာတ် ကြံခိုင် တည်ကြည် တိုးတက်လာသည်။

၁၆။ဤဘဝတွင်အကောင်းဆုံးအလုပ်အကျိုးအရှိဆုံးအလုပ်ကို ငါလုပ်ခဲ့ရပြီဟု ကျေနပ်ဝမ်းသာရသည်။

ရခဲလှတဲ့ ဘဝကလေးမှာ အချိန်ကို
အလကားနေရင်း မဖြုန်းသင့်ပါ။
၀ိပဿနာအားထုတ်ရခြင်းရဲ့ အကျိုးထူးများကို
သိရပြီးတဲ့နောက်မှာ ၀ိပဿနာကို သတိရတိုင်း
အားထုတ်သင့်ပါတယ်။

အသေဘက်ဦးတည်သွာနေတဲ့
ဒီခန္ဓာကြီး အသေမဦးခင် ၀ိပဿနာအလုပ်ကို
အားထုတ်သင့်ပါတယ်။

၀ိပဿနာအားထုတ်တဲ့အခါမှာလည်း
ကိလေသာကိုကြားမခိုစေပါနဲ့။

မိမိအကျိုးမနည်းချင်ရင်ဖြင့် သက်တမ်း
ခပ်တိုတိုလေးမှာ ၀ိပဿနာအလုပ်ကို
ခပ်ပိုပိုလေး လုပ်ကြပါ်။

သတ္တဝါမှန်သရွေ့ တရားတွေ့
အေးငြိမ်းချမ်းသာ ရှိပါစေ။