¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
မိမိကံကောင်းနေလား/ကံဆိုးနေလား စမ်းစစ်နည်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

ကိုယ့်ကိုယ်ကို ကံကောင်းနေလား၊? ကံဆိုးနေလား? ဆိုသည်ကို
အောက်ပါအချက်များဖြင့် စမ်းစစ်ကြည့်နိုင်ပါသည်။

အကုသိုလ်တွေမှ လုပ်ချင်နေတယ်၊
ဘုရားလည်း ရှိခိုးချင်စိတ် မရှိဘူး၊
တရားနာချင်စိတ်တွေလည်း ပျောက်နေတယ် အစရှိသဖြင့် ကောင်းမှုတွေဆို လုပ်ရမှာ စိတ်မပါဘဲ ပျင်းရိပျင်းတွဲ ဖြစ်နေပြီး
မကောင်းမှုတွေမှ လုပ်ချင်နေပြီဆိုရင် ကံဆိုးတော့မယ်လို့ သိနိုင်ပါသည်။

ဆန့်ကျင်ဘက်အားဖြင့် ကောင်းမှုကုသိုလ်လေးတွေ လုပ်ချင်ကိုင်ချင်စိတ်
ဖြစ်ပေါ်နေပြီဆိုရင်တော့ များမကြာမှီ
သင်ကံကောင်းပါတော့မည်။