(၁) Dopamine ဟော်မုန်းကို မြင့်တက်စေတယ်။
ဒီဟော်မုန်းဓါတ်ဟာ သင့်စိတ်ထဲက ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့ ခံစားချက်တွေကို အပြောင်းအလဲဖြစ်စေတဲ့ ဟော်မုန်းဓါတ်တွေ ဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့စိတ်အတွင်းပိုင်းမှာ ကြည်လင်လာပြီး ငြိမ်းအေးမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကိုလည်း အထောက်အပံ့ ဖြစ်စေပါတယ်။

(၂) Depression နည်းစေတယ်။
စိတ်ဓါတ်ကျဆင်းခြင်း (Depression) ဖြစ်နိုင်ချေကို သိသိသာသာကို ကျဆင်းစေပါတယ်။ အထီးကျန်ခြင်း၊
ဝမ်းနည်းခြင်းစတဲ့ သင့်စိတ်ကို ထိခိုက်စေနိုင်မယ့် အကြောင်းအရာတွေကို ရင်ဆိုင်ရာမှာ သင့်စိတ်တွေ သန်မာလာပါတယ်။

(၃) စိတ်ကို ငြိမ်းအေးစေတယ်။
ဒါကတော့ တရားထိုင်တဲ့သူတိုင်း ခံစားရပါတယ်။ တရားထိုင်ခြင်းဟာ သင့်စိတ်အေးချမ်းမှုရဲ့ ဇစ်မြစ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ တရားထိုင်တာဟာ ဘာသာရေးနဲ့ သက်ဆိုင်ရုံတင်မကဘဲ စိတ်ကုထုံးအနေနဲ့ပါ အသုံးချလို့ရတာကြောင့် လူအတော်များများဟာ
တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲလုပ်ဆောင်လာကြပါတယ်။

(၄) ပျော်ရွှင်ခြင်းဆေးဝါး။
တရားထိုင်နေတဲ့အချိန်မှာ သင့်ရဲ့စိတ်ကို ငြိမ်းအေးမှု ပေးပါလိမ့်မယ်။ ဒီငြိမ်းအေးမှုဟာ သင့်ရဲ့မသိစိတ်က ပျော်ရွှင်ခြင်းတွေကို နှိုးဆွပေးပါတယ်။ သင့်ကိုယ်သင် စိတ်ကျေနပ်မှု ရှိလာမယ်။ လောကကြီးကို အကောင်းမြင် တတ်လာမယ်။ ကြုံတွေ့လာမယ့် အဆိုးတွေကိုလည်း အကောင်းမွန်ဆုံး တုံ့ပြန်ရင်ဆိုင်လာနိုင်မယ်။ ပြောရရင်တော့ တရားထိုင်ခြင်းဟာ ပျော်ရွှင်ခြင်းဆေးဝါး
တစ်လက်ပါပဲ။

(၅) အတွေးအခေါ်သစ်တွေကို ရစေတယ်။
တရားထိုင်ခြင်းရဲ့ ကောင်းတဲ့ အကျိုးကျေးှဇူးတွေထဲမှာ စိတ်ကိုငြိမ်းအေးစေတာ တစ်ခုတည်း မဟုတ်သေးပါဘူး။
သင့်ရဲ့ စိတ်ကူးဉာဏ်တွေကိုလည်း ကွန့်မြူးစေပါတယ်။ ဒါ့ကြောင့် အောင်မြင်တဲ့သူတိုင်းဟာ တရားထိုင်ခြင်းကို
သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ ထည့်သွင်း လုပ်ဆောင်လေ့ရှိပါတယ်။

(၆) စျေးပေါသော ကျန်းမာရေးလက်ဆောင်။
တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေးတစ်ခုတည်းအတွက် တင်မဟုတ်ပါဘူး။ ကိုယ်ကျန်းမာရေးကိုလည်း များစွာ
အထောက်အကူ ဖြစ်စေပါတယ်။ တစ်နေ့ကို ဆယ့်ငါးမိနစ်ကနေ နာရီဝက်၊ တစ်နာရီလောက် တရားထိုင်ခြင်းနဲ့ကို သင့်အတွက် ငွေကုန်ကြေးကျနည်းတဲ့ ကျန်းမာရေးလက်ဆောင်ကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

Special Thanks to ☆ ရွှေညာမောင် ☆