အကြမ်းအားဖြင့်ပြောရင် ဗြဟ္မာ ၂ မျိုးရှိတယ်၊ ရူပဗြဟ္မာနဲ့ အရူပဗြဟ္မာ။ ရူပဗြဟ္မာ ၁၆ ဘုံထဲမှာ အသညသတ် ဘုံတဘုံကတော့ ရုပ်ချည်းသပ်သပ်ပဲ ရှိတယ်။ ဒါ့ကြောင့် အဲဒီတစ်ဘုံဟာရပ်ပြစ်ရှစ်ပါးထဲ ပါတယ်။ ကျန်တဲ့ ၁၅ ဘုံမှာတော့ ရုပ်ရော နာမ်ရော ရှိတယ်။ ဒါပေမဲ့ နှာခေါင်းရှိတယ် အနံ့ခံလို့မရ၊ လျှာ ရှိတယ် အရသာ ခံမရ၊ ကိုယ်အထိတွေ့ မရကြဘူး။ ဗြဟ္မစိုရ်တရား လေးပါးစိတ်နဲ့ပဲ အသက်ရှင်ကြတယ်။ အဲဒီ ရူပဗြဟ္မာ ၁၆ ဘုံမှာ သာမန်လူတွေမရောက်နိုင်ဘဲ အနာဂါမ်ဖြစ်မှသာ ရနိုင်တဲ့ ဘုံ ၅ ဘုံရှိတယ်။ ရူပက ၁၆ ဘုံဖြစ်လို့ အရူပဗြဟ္မာကတော့ လေးဘုံရှိတယ်။ နာမ်သပ်သပ်ပဲရှိလို့ ရပ်ပြစ်ရှစ်ပါး စာရင်း ဝင််တယ်။ အမ ဆိုတာ မရှိဘူး အထီးပုံသဏ္ဍာန်ပဲရှိတယ်။ အထီးဆိုတာလည်း သဏ္ဍာန်သပ်သပ်ပဲ ဖြစ်တယ် ဒါ့ကြောင့် အထီး အမ မရှိဘူးလို့ ပြောနိုင်ပါတယ်ခင်ဗျာ။

ရူပဗြဟ္မာ ၁၆ ဘုံ

၁ ဗြဟ္မပါရိသဇ္ဇာ
၂ ဗြဟ္မပုရောဟိတာ
၃ မဟာဗြဟ္မာ
၄ ပရိတ္တဘာ
၅ အပ္ပမာဏာဘာ
၆ အာဘဿရာ
၇ ပရိတ္တသုဘာ
၈ အပ္ပမဏသုဘာ
၉ သုဘကိဏှာ
၁၀ ဝေဟပ္ဖိုလ်
၁၁ အသညသတ်

(သုဒ္ဓဝါသ ၅ ဘုံ)
၁၂ အဝိဟာ
၁၃ အတပ္ပါ
၁၄ သုဒဿာ
၁၅ သုဒဿီ
၁၆ အကနိဋ္ဌ

အရူပဗြဟ္မာ လေးဘုံ

၁ အာကာသာနဥ္စာယတန
၂ ဝိညာဏဥ္စာယတန
၃ အာကိဥ္စညာယတန
၄ နေဝသည နာသညာယတန

စုစုပေါင်း ဘုံ ၂၀ ရှိပါတယ်သူတော်ကောင်းတို့ခင်ဗျား
Credit to ဇော်ထက်မောင်