- မသိမောဟနဲ့နေလာခဲ့ရတဲ့

တိရစ္ဆာန်ဘဝပေါင်းများစွာမှာ ကံဆိုးမိုးမှောင်ကျခဲ့ပြီးပြီ။ လူ့ဘဝဆိုတဲ့

နေသာတဲ့နေ့ရက်တွေမှာ ကံကောင်အောင် လုပ်ကြပါတော့။ ဒါနက

ကောင်းကံတွေ ဆည်ပေးနေသမျှ၊ သီလက စင်ကြယ်အောင် လုပ်ပေး

ရမယ်။ အတိတ်ဘဝက အကုသိုလ်တွေ ဆိုးကျိုးတွေ၊ ဒီဘဝရဲ့ အကုသိုလ်

တွေကို သီလဖြင့် ဖယ်ရှားပေးရတယ်။ ဒါကြောင့် ဒါနပြုတိုင်း သီလဆောက်

တည်ရတယ်။ ဒါန နဲ့ဝတ္ထုပစ္စည်းတွေ စွန့်လွှတ်ရသလို သီလအားဖြင့်

ကိုယ်ခံစားရတဲ့ အာရုံတွေကိုတောင် စွန့်လွှတ်ရတယ်။

ဒါနက ကိုယ်ချမ်းသာမှုနှင့် လမ်းရိက္ခာအတွက်

သီလက စိတ်ချမ်းသာမှုနဲ့ လမ်းသွား...

ဒီတော့ ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေဆိုတာ ဒါန များများပြုပြီး၊ သီလများများ

ထိန်းပါလို့ ပြောတာနဲ့ မတူပေဘူးလား... ?

 

" ဒါန၊ သီလ လုပ်လို့ နတ်မင်းကြီးဖြစ်ရော ဆိုပါစို့၊ ကာမစည်းစိမ်နဲ့ ဘဝစည်းစိမ်

တွေ မက်မောလာပြန်တော့ -

တဏှာက အမိန့်ပေးတိုင်းလည်း သူများ သွားစော်ကားပေးရတယ်ဗျ။

မာနခိုင်းတိုင်းလည်း မော်ကြွားပေးရတယ်ဗျ။

ဒိဋ္ဌိညွန်းတိုင်းလည်း ပြစ်မှားပေးနေရတယ်ဗျ။ အဲဒီတော့

ကံကောင်းလို့ နတ်မင်းကြီးဖြစ်တယ်ဆိုပြီး အကုသိုလ်က လွတ်သေးရဲ့လား။

လိုချင်တာတွေ မျှော်ပြီးလုပ်နေသမျှ မလိုချင်တာတွေရလာလိမ့်မယ်။

တို့ဘုရားရှင်ကတော့ သိဒ္ဓတ္ထ အလောင်းတော်ဘဝမှာတောင် စွန့်ခဲ့တာတွေ

နည်းသလား။ မိဖုရားတွေက သာကီဝင်တွေချည်း တစ်သောင်းခြောက်ထောင်၊

အခြားမျိုးတွေက တစ်သိန်းလေးထောင် ကာမစည်းစိမ်တွေ ဘယ်လောက်

စွန့်ပစ်ခဲ့ရသလဲ။ ရမ္မ၊ သုဘ၊ သုဘရမ္မဆိုတဲ့ နန်းမသုံးဆောင်နဲ့တကွ နန်းလုံးပြည့်

အဆောင်အယောင်တွေ ဘဝစည်းစိမ်တွေကို လက်ပေါ်ကျလာတဲ့ မီးပွားလို

ခါချပစ်ခဲ့တယ်။ အပေါင်းကြာ အကောင်းမှာရိုးလို့ စွန့်နိုင်တာတွေပါကွာလို့ ပြော

ချင် ပြောပါစေဦး။

နန်းရိပ်စွန့်ပြီး သစ်ရိပ်မှာ ပျော်နိုင်တဲ့သတ္တိ၊

နတ်သုဒ္ဒါတမျှသော စားဖွယ်တွေ စွန့်ပြီး ဆင်းရဲသားသုံးဘောဇဉ်တွေ စားနိုင်တဲ့

သတ္တိ၊

နန်းဝတ်နန်းစား စွန့်ပြီး မြေမှုန့်ပေကပ် အဝတ်စုတ်ပြတ်တွေကောက်ဝတ်နိုင်တဲ့

သတ္တိ၊

အဲဒီအလောင်းတော်တို့သတ္တိ နတ်မင်းကြီးတွေ မတုပနိုင်ဘူး။ ဒီတော့ နတ်မင်းကြီး

တွေလည်း ပူဇော်ကြရတယ်။ ခစားကြရတယ်။

တစ်ခါ ဗြဟ္မာကြီးတွေ ဆိုပါတော့၊ သူတို့လည်း သူတို့ဘဝ သူတို့ စည်းစိမ်သာယာ

နေသေးတာပဲ၊ မစွန့်လွှတ်နိုင်ဘူး။ ဘဝတဏှာကများ ခိုင်းခဲ့ရင် ဒီထက်စျာန်ယာဉ်

ပွားပြီး ဘဝစည်းစိမ်ခံစားနေကြဦးမှာ။ တို့ဘုရား အလောင်းတော်ကတော့ အာဠာရ၊

ဥဒက ရသေ့ကြီးတွေနဲ့တွေ့ချိန်ကတောင် ဒါ လမ်းဆုံးမဟုတ်ဘူး ဆိုပြီး စျာန်လမ်း

ကို ပယ်ခဲ့တာ၊ ဒီသတ္တိမျိုး ဗြဟ္မာတွေမှာလည်း မရှိဘူး။ ဒီတော့ ဗြဟ္မာတွေလည်း

မနေသာလာပြီး ပူဇော်ခစားရတယ်။

ဗုဒ္ဓဘာသာဆိုတာ အဲဒီလောက် အဆင့်မြင့်တယ်။

နတ်ဗြဟ္မာတွေတောင် ခစားပူဇော်ရတဲ့ တရားမျိုး လူ့ဘဝ၊ လူ့လက်ထဲမှာပဲ

ရှိတယ်။ ဘာဖြစ်လို့ ရေစုန်မျှော်လိုက်နေကြရမလဲ။ တိရစ္ဆာန်တွေလောက် ကံဆိုး

မိုးမှောင်ကျနေလို့လား။ ကျင့်နိုင်တဲ့အစွမ်း၊ သိနိုင်တဲ့ဉာဏ်မရှိကြလို့လား။ အဲဒီ

တော့ တိရစ္ဆာန်ဘဝက ကံဆိုးမိုးမှောင်တွေကို ဒါန၊ သီလနဲ့ဖယ်ရှားပြီး ၊ ကံကောင်း

အောင်လုပ်ဆိုတာ ဘာဝနမှုသတိဆိုတဲ့ ရှုမှတ်မှု အမြဲရှိနေရမယ်လို့ ပြောတာ။

 

- မဟာဗောဓိမြိုင်ဆရာတော်ကြီး အရှင်ေဥယျဓမ္မသာမိ

 

ဤဓမ္မစာစဉ်ဖြင့် မြတ်ဗုဒ္ဓအားလည်းကောင်း၊ မဟာဗောဓိမြိုင်ဆရာတော်ဘုရားအား လည်းကောင်း

ပူဇော်ကန်တော့အပ်ပါသည်။

 

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည်