သာသနာ၌ အမှိုက်​ကျဲသူများ
~~~~~~~~~~~~~~~~~~

ယ​နေ့​ခေတ်​ ​ပြောသံ​တွေ ကြား​နေရသည်​။

သံဃာ​တွေ အ​ရေအတွက်​နည်​းလာပြီ သံဃာ​တွေ ​လူထွက်​ကုန်​ပြီ၊ ​ပျော်​​အောင်​ ညစာစားခွင်​့ ​ဘောလုံးကန်​ခွင်​့ ​ပေးထားရသည်​။ သူတို့ လုပ်​ချင်​တာ လုပ်​ခွင်​့ ဖြစ်​ချင်​တာ ဖြစ်​ခွင်​့ ​ပေးထားသည်​။ ထိုသို့ မဟုတ်​လျှင်​ လူထွက်​သွားကုန်​မည်​တဲ့။

ထိုစကားသံတို့ကို ကြားမိ​တော့

ဥပရိပဏ္ဏာသပါဠိ​တော်​ မဟာသုညတသုတ်​ထဲမှ မြတ်​စွာဘုရားရဲ့ စကားတစ်​ခွန်​း သတိရမိ​တော့သည်​။

နိဂ္ဂယှ နိဂ္ဂယှာဟံ အာနန္ဒ ပဝက္ခာမိ ပဝယှ ပဝယှ အာနန္ဒ ပဝက္ခာမိ ၊ ​ယော သာ​ရော ​သော ဌဿတိ။

အာနန္န ငါဘုရားသည်​ နှိပ်​ကွပ်​၍ ​ပြောဆို ဆုံးမအ့ံ။ အနှစ်​ရှိသူ ကျန်​လိမ်​့မည်​ ဟူ၍။

အခု​ခေတ်​ လူတို့ ခံယူချက်​နှင်​့ ဘုရားခံယူချက်​ မိုးနဲ့ ​မြေလို ကွာ​ခြား​လေ၏။

ဘုရား​ပြောသည်​မှာ အနှစ်​ရှိသူ ကျန်​လိမ်​့မည်​ ဟု အနှစ်​သာရကို အဓိကထား၏။အ​ရေအတွက်​ နည်​းမည်​ကို မြတ်​စွာဘုရား ထည်​့မတွက်​။

​ခေတ်​လူတို့ကား အ​ရေအတွက်​ နည်​းသွားလိမ်​့မည်​ ဟု အ​ရေအတွက်​ အကာကို ဦးစား​ပေး စဉ်​းစားကြ၏။

ဓမ္မပဒဋ္ဌကထာ ပထမအုပ်​ ၃၄၈ ထဲမှ

နိဂ္ဂယှဝါဒီ ပုဒ်​ အဖွင်​့ကိုလည်​း သတိရမိ​တော့သည်​။

သာသနာ၌ အချို့​သော ပုဂ္ဂိုလ်​တို့သည်​ ကိုယ်​့တပည်​့များ ကြည်​ညိုဖွယ်​မ​ကောင်​း အ​နေအထိုင်​မတတ်​သည်​ကို မြင်​​နေရ ကြား​နေရပါလျက်​ မဆုံးမ ပစ်​ထားကြ၏။

ထိုသူသည်​ သာသနာ၌ အမှိုက်​ကျဲ သူ မည်​​လေ၏။

မိမိတပည်​့ မလိမ္မာသည်​ကို အပစ်​အား​လျော်​စွာ ​ခေါ်ယူ ဆုံးမခြင်​း ဒဏ်​​ပေးသင်​့လျင်​ ဒဏ်​​ပေး၍ ဆုံးမခြင်​း နှင်​ထုတ်​ရန်​ လိုအပ်​ပါက နှင်​ထုတ်​ခြင်​း စသည်​ဖြင်​့ ဆုံးမ ​ပြောဆိုသူတို့သည်​ နိဂ္ဂယှဝါဒီ နှိပ်​ကွပ်​၍ဆုံးမသူ မည်​လေ​၏။

အဋ္ဌကထာဆရာက ဘုရားကိုပင်​ စံထားပြီး ​ပြော​လေ၏။ ဘုရားရှင်​သည်​ နိဂ္ဂယှဝါဒီ ပုဂ္ဂိုလ်​စစ်​စစ်​ ဖြစ်​​ကြောင်​း ဆိုထား၏။

​ယ​နေ့​ခေတ်​ အများစုမှာ ဘုရားစကားကို လျစ်​လျူရှုထားကြပြီး အ​နောက်​တိုင်​းက အဆိုအမိန်​့များ အ​တွေးအ​ခေါ်များကို အ​လေးထား​နေကြ​သော​ကြောင်​့ ယ​နေ့​ခေတ်​ ရဟန်​းအချို့၏ လုပ်​ရပ်​များမှာ အဋ္ဌကထာဆရာ​ပြောသလို သာသနာမှာ အမှိုက်​ကြဲ​နေကြသလားလို့ ​တွေးမိ​ပါတယ်​။

ထို့​ကြောင့် သာသနာ၌ အမှိုက်​ကျဲ ကြ​မလား၊ အမှိုက်​ရှင်​းကြမလား ဆိုတာက​တော့ စာဖတ်​သူတို့သာ ​ရွေးချယ်​ကြပါ​တော့။

ဆရာ​တော်​အရှင်​အဘယာလင်္ကာရ.