သတိပဋ္ဌာန်လေးပါး ရှုပွားပုံ
•••••••••••••••••••••••••
၁။ ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်း
တရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို
လက္ခဏာယာဉ် သုံးချက်သို့တင်၍ ၀ိပဿနာ ရှုခဲ့သော် ကာယာနုပဿနာ
သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။

၂။ တစ်ဖန် စိတ်၊စေတသိက်ဟူသောနာမ်တရားတို့ကို သိမ်း
ဆည်းပုံ နည်းသုံးနည်းတို့တွင် ဝေဒနာ(ဝေဒနာစေတသိက်(ဝါ) ဝေဒနာငါးမျိုး)တို့ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်း
ပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော
ထိုရုပ်နာမ်တရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာရှုခဲ့သော် ဝေဒ
နာနုပဿနာကို ပွားများ အားထုတ်နေသည် မည်ပေသည်။

၃။ အသိစိတ် ၀ိညာဏ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင်
အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော
ထိုရုပ်နာမ်တရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာရှုခဲ့သော် စိတ္တာနု
ပဿနာ သတိပိပိပဋ္ဌာန်က်ို ပွားများအားထုတ်နေသည် မည်ပေသည်။

၄။ ဖဿကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရား
တို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိ
ပဿနာရှုခဲ့သော် ဓမ္မနုပဿနာ သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။ နီဝရဏငါးပါးတို့ကို အဦးမူ၍,
ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို
၀ိပဿနာ ရှုလျှင်သော်လည်းကောင်း, ခန္ဓာငါးပါးနည်း, အာယတန တစ်ဆယ့်
နှစ်ပါးနည်း, သစ္စာနည်း စသည်တို့ဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရား
တို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာရှုခဲ့သော် ဓမ္မနုပဿနာ
ပွားများနေသည် မည်ပေသည်။

ဝေဒနာ, အသိစိတ်,ဖဿ သုံးမျိုးတို့တွင် တစ်မျိုးမျိုး ဦးဆောင်သည့်
နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် -- -
၁။ ယင်း နာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်နှင့် အာရုံ ရုပ်တရားတို့ကို ပူးတွဲ
သိမ်းဆည်းထားပြီး ဖြစ်ရမည် ဖြစ်ကြောင်းကိုလည်းကောင်း,
၂။ ယင်း နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်
ယင်း နာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်တို့ကို တစ်ဖန် ပြန်သိမ်းဆည်း၍ ရုပ်
နာမကို ပူးတွဲသိမ်းဆညး် ရမည် ဖြစ်ကြောငး်ကိုလညး် ကောငး် ---- အထက်တွင်
အကြိမ်ကြိမ် ရှင်းပြပြီး ဖြစ်ပေသည်။

သို့ဖြစ်ရကား -- -
၁။ သတိပဋ္ဌာန်တစ်ပါးကို ပွားများ အားထုတ်ပါက သတိပဋ္ဌာန်လေးပါးလုံး
ကိုပင် အားထုတ်သည် မည်ပေသည် -- - ဟူသော အချက်တစ်ရပ်။
၂။ ခန္ဓာငါးပါးကို ကရိညာပညာသုးံ မျိုးတြ့ုိဖင ့် ထိုးထွင်းသိမြင်အောင် ရှုပွား
နေခြင်းသည် သတိပဋ္ဌာန်တရားကို ပွားများအားထုတ်သည်ပင် မည်ပေသည်
ဟူသော အချက်တစ်ရပ်။
၃။ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်း
ဆည်း မရှုပွားနိုင်လျှင် အကြောင်းတရားနှင့် တကွသော ယင်း ပရမတ်ခန္ဓာ
ငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ၀ိပဿနာ မရှု
နိုင်လျှင် သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်နေသည် မမည်ဟူသော
အချက်တစ်ရပ်။

ဤ အချက်သုံးရပ်တို့ကား ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလား
တောင့်တလျက်ရှိသော နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျှော်လင့်တောင့်တလျက်ရ
ှိသော အသင်သူတော်ကောင်းသည် ရိုသေလေးမြတ်စွာ ဦးထိပ်ရွက်
ပန်ဆင်လျက် မှတ်သားနာယူလေရာသည်။

" ဖားအောက်တောရဆရာတော်