ဘုရားတိုင်း ဘုရားတိုင်းမှာ တူညီသောအချက်…………
ဘာတွေလဲ……………?
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တိုင်းရဲ ့တူညီသောဖြစ်
ရိုးဖြစ်စဉ် သဘောကိုဓမ္မတာဟု ခေါ်ပါတယ်…………
ဓမ္မတာ ပေါင်း ( ၃၀ )ရှိ ပါတယ်……
၁။ နောက်ဆုံး အလောင်းတော်ဟာ မယ်တော်ဝမ်း
တိုက်၌ ပဋိသန္ဓေ နေရခြင်း……
၂။ မယ်တော်ဝမ်း၌ တင်ပျဉ် ခွေ ရှေ့သို ့မျက်နှာ
ပြုခြင်း။
၃။ အလောင်းတော်ကို ရပ်ပြီးဖွားရခြင်း…
၄။ တောအရပ်မှာ မွေး ဖွားခြင်း။
၅။ ဖွားလျှင် ဖွားခြင်း မြောက်အရပ်သို ့
ခုနှစ်ဖဝါးလှမ်းပြီး သီဟနာဒ ကြုံးဝါး
ရခြင်း။
၆။ နိမိတ်ကြီးလေးပါး မြင်ပြီး သားတယောက်ရမှ
တောထွက်ခြင်း။
၇။ ကြာသင်္ကန်းဖြင့် ဒုက္ကရ ဆိုတာ အနည်းဆုံး
ခုနှစ်ရက် ကျင့် ရခြင်း။
၈။ ဘုရားဖြစ်မည့် နေ ့နို ့ဃနာဆွမ်း ဘုန်းပေးရခြင်း။
၉။ မြက်အခင်း ပေါ်မှာ ဘုရားအဖြစ် ရောက်ရခြင်း။
၁၀။ ဗောဓိပလ္လင်ပေါ်မှာ အာနာပါန ကမ္မဌာန်း…
စီးဖြန်းရခြင်း။
၁၁။ မာရ် စစ်သည် အောင်မြင်ခြင်း။
၁၂။ ဗောဓိပလ္လင်ထက်မှာ ဝိဇ္ဇာသုံးပါးရ့ခြင်း။
၁၃။ သတ္တသတ္ထာဟစံတော်မူခြင်း။
၁၄။တရားဟောရန် ဗြဟ္မာတောင်းပန်ရခြင်း။
၁၅။ ဓမ္မစင်္ကြာတရားဟောရခြင်း။
၁၆။ သြဝါဒ ပါတိမောက် ပြရခြင်း။
၁၇။ဇေတဝန်ကျောင်းမှာ နေရခြင်း။
၁၈။ တန်ခိုးပြရခြင်း။
၁၉။ တာဝတိ ံသာမှာအဘိဓမ္မာတရားဟောရခြင်း။
၂၀။ သင်္ကဿမြို ့ တံခါးသို ့တာ ဝတိ ံသာက
ဆင်းရခြင်း။
၂၁။ ဖလသမာပတ် ကိုမပြတ်ဝင်စားခြင်း။
၂၂။ ကျွတ်ထိုက်သောဝေနေယျကိုကြည့်ရခြင်း။
၂၃။ အကြောင်းပေါ်လျှင် ဝိနည်း ပညတ်ရခြင်း။
၂၄။ အကြောင်း့ဖြစ်လာလျှင် ဇတ်တော် ဟောရခြင်း။
၂၅။ ဆွေမျိုးအစည်းအဝေးမှာဗုဒ္ဓဝင်ကိုဟောရခြင်း။
၂၆။ အာဂန္တုရဟန်းများ နှင့်ပဋိသန္ဓာရ ဟောရခြင်း။
၂၇။ ဝါဆို ဝါကျွတ်တဲ ့အခါ ပန်ကြားပြီး သွားခြင်း။
၂၈။ ဗုဒ္ဓ ကိစ္စ ငါးပါးပြု ခြင်း။
၂၉။ ပရိနိဗ္ဗာန် ဝင်စံ မည့်နေ ့ သားပြွမ်းဆွမ်းကို
ဘုန်းပေးရခြင်း။
၃၀။ ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်တို ့
ကို ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုခြင်း။