* စိတ်ကိုစောင့်ရှောက် ချမ်းသာရောက် *
~~~~~~~~~~~~~~~~~~~~~~~
အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။(ဓမ္မပဒ)

ပဏ္ဍိတာ-ကြောင်းကျိုးမြင်သိ ပညာရှိသည်။ အတ္တာနံ-မိမိကိုယ်ကို ။ ဒမယန္တိ-မဂ်ဖိုလ်ရအောင် ဆုံးမကြကုန်၏။

ပညာရှိ ဆိုတာ ကိုယ့်ကိုယ်ကို မဂ်ဖိုလ်ရအောင် ဆုံးမပါတယ်တဲ့ မြတ်စွာဘုရားရှင်၏ အဆုံးအမစကား တစ်ဝါကျကိုပဲ အဓိပ္ပာယ် ကျယ်ကျယ်ပြန့်ပြန့် သိပြီး တန်ဘိုးထားကာ လိုက်နာကျင့်ကြံရင်ကို အဲဒီပုဂ္ဂိုလ်ရဲ့ဘဝက တော်တော်လေး တန်ဘိုးရှိသွားပြီနော်။
လေးလေးနက်နက်လေး ပြန်စဉ်းစားကြည့်ကြမယ်နော် ကိုယ့်ကိုယ်ကို မဂ်ဖိုလ်ရအောင် ဘယ်လောက်ထိ ဆုံးမပြီးပြီလဲ ?
မိမိဖာသာလေး မေးကြည့်မယ်နော် ငါ့စိတ်က လောကဓံ အကောင်းအဆိုး တစ်မျိုးမျိုး ကြုံတဲ့ခါ ဘယ်လောက်ထိ ခံနိုင်ရည် ရှိပြီလဲ?
အကောင်း လောကဓံ ၄-ပါးနဲ့ ကြုံတဲ့ခါ တဏှာလောဘနဲ့ ဘယ်လောက်ထိ သာယာယစ်မူးသွားသလဲ?
အဆိုးလောကဓံ ၄-ပါးနဲ့ ကြုံတဲ့အခါ ဒေါသနဲ့ ဘယ်လောက်ထိ စိတ်တိုအမျက်ထွက်သွားသလဲ?
ကိုယ့်စိတ်မှာ ကပ်ငြိ ကပ်ငြိ လာတဲ့ ကိလေသာဆိုးတွေကို ဖယ်ရှားပစ်ဖို့ကြ ကိုယ်တိုင် ဖယ်ရှားပစ်ရမှာနော် သူများက ဖယ်ရှားပစ်ပေးလို့ ရကို မရနိုင်ပါဘူးနော်။
အမေ အဖေတို့က မိမိတို့ရဲ့ သားသ္မီးတွေကို ဘေးအန္တရာယ် မကျရောက်အောင် ကာကွယ်စောင့်ရှောက်သလို မိမိရဲ့ စိတ်ကို ကိလေသာရန်သူဆိုတဲ့ ဘေးအန္တရာယ် မကျရောက်အောင် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ် ။
အမေ အဖေတို့က မိမိတို့ရဲ့ သားသ္မီးတွေကို ချမ်းသာရောက်အောင် အစစ အရာရာ ပြုလုပ်ပေးကာ စောင့်ရှောက်သလို မိမိရဲ့ စိတ်ကို ချမ်းသာရောက်အောင် ဒါန သီလ သမထ ဝိပဿနာတို့ကို ပြုလုပ်ခြင်းဖြင့် စောင့်ရှောက်ဖို့ လိုအပ်ပါတယ် ။

မြောင်မြို့နယ် ဆယ်ရွာ အလှုအကြိုတရားအဖြစ် မိမိ ဟောခဲ့ဖူးသော ``စိတ်ကိုစောင့်ရှောက် ချမ်းသာရောက်´´တရားတော် ကောက်နှုတ်ချက်

အရှင်ဉာဏာဝုဓ( ဉာဏရောင်ခြည် )