သားတော်ရာဟုလာ ရဟန္တာဖြစ်တာ သာမဏေဘဝနဲ့လား ရဟန်းဖြစ်မှလား

++++++++++++++++++++++++++++++

ဒကာ။ ။ သားတော်ရာဟာလာဟာ အသက် (၇)နှစ်သားမှစ၍ ရှင်သာမဏေပြုသွားတာကို တော့ လူတိုင်းလိုပဲသိကြပါတယ်။ ဒါပေမယ့် ရဟန္တာအရှင်မြတ်ကြီးဖြစ်သွားတာကိုတော့ ရှင်သာမဏေဘဝနဲ့လား။ ရဟန်းဘဝကျမှ လားဟု မကွဲမပြားရှိနေကြလို့ဖြေရှင်းပေးပါ ဦးဆရာတော်။

ဆရာတော် ။ ။ သားတော်ရာဟုလာနှင့်စပ်လို့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ရာဟုလာ သုတ္တန်တွေဟာ တော်တော်များတယ်။ အဘိဏှာ ရာဟုလောဝါဒသုတ်ကို မကြာခဏမပြတ်ဆိုသလို သတိပေးဟောကြားတော်မူတယ်။ မဟာရာဟု လောဝါဒသုတ်ကိုတော့ ရာဟုလာသာမဏေလေး အသက်(၁၈)နှစ်အရွယ်မှာ ရွှေနန်းတော်ကြီးနဲ့ ဆွေမျိုးဉာတိမိခင်စွဲ ဂေဟတိတပေမဆန္ဒရာဂ ကို ပယ်ရှားနိုင်ရန်အသက်(၁၈)နှစ်အရွယ်မှာ ဟောကြားတော်မူတယ်။

နောက်ရှင်ရာဟုလာရဟန်းဖြစ်စ ၀ါမရသေး တဲ့အချိန်ကာလမှာ အရဟတ္တဖိုလ်ကိုရယူ ကာ ရဟန္တာမထေရ်မြတ်ဖြစ်ရေးအတွက် စူဠရာဟုလောဝါဒသုတ်ကို ဟောကြား ချေချွတ်ဆုံးမတော်မူလျက် အရဟတ္တဖိုလ် သို့ပေါက်ရောက်အောင် ပို့ဆောင်ဟော ကြားတော်မူသောကြောင့် ရှင်ရာဟုလာ ဟာရဟန်းဖြစ်စ ၀ါမရသေးမီကလေးမှာ ပဲ ရဟန္တာဖြစ်တော်မူတယ်လို့မှတ်ယူရ မယ်။

ဒကာ ။ ။ ခုလိုကွဲကွဲပြားပြားခြားခြားနားနား သိရတာကျေးဇူးတင်လှပါတယ်ဆရာတော်။ ဒီကိစ္စကငြင်းခုံကြလွန်းလို့ပါ။

အရှင်သြဘာသာဘိဝံသ
အပ္ပမာဒအမေးအဖြေ