¤¤¤¤¤¤¤¤¤¤¤¤¤¤
ကြီးပွာတိုးတက်ချင်ရင်
¤¤¤¤¤¤¤¤¤¤¤¤¤¤


ဒီဃဇာဏုသုတ်မှာ မြတ်စွာဘုရားက ကြီးပွားတိုးတက်ချင်လို့ရှိရင်
ဘာလုပ်ရမလဲဆိုတာ အတိအကျ guide line ဆွဲပေးထားတာ
ရှိတယ်။

■ ဥဋ္ဌာန_သမ္ပဒါ ■

စီးပွားရေးနဲ့ ပတ်သက်ပြီး ကြိုးစားပါတဲ့။
အဲဒီ ကြိုးစားပါဆိုတဲ့ စကားထဲမှာ အံ့သြဖွယ်ရာကောင်းလောက်အောင်
မြတ်စွာဘုရားက ထည့်သွင်းပေးထားတဲ့ အချက်သုံးချက်ရှိတယ်။
ကြိုးစားတိုင်းအောင်မြင်သလားလို့ဆိုရင် မအောင်မြင်ဘူး။

ကြိုးစားပါဆိုတဲ့အထဲမှာ မြတ်စွာဘုရားက သုံးချက်ထည့်ထားတယ်။

(၁) "ဒက္ခ " လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။
ကြိုးစားပြီဆိုရင် လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။
အရောင်းအဝယ်လုပ်ရင် အရောင်းအဝယ် ကျွမ်းကျွင်ရမယ်။
ကုန်ထုတ်လုပ်ငန်းတစ်ခုလုပ်ရင် ကုန်ထုတ်လုပ်ငန်းနဲ့
ပတ်သက်ပြီး ကျွမ်းကျင်ရမယ်။
စိုက်ပျိုးရေးလုပ်ငန်းလုပ်ရင် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး
ကျွမ်းကျင်မှုရှိရမယ်။
ခြံလုပ်ငန်းလုပ်ရင် ခြံနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရမယ်။

(၂) "အနလသ" ဇွဲကောင်းရမယ်။
ဇွဲမရှိရင်လည်း မအောင်မြင်ဘူး။

(၃) "ဥပါယဝီမံသာ " နည်းပညာရှိရမယ်။
ဘယ်လောက်ပဲ ကြိုးစားကြိုးစား နည်းပညာနိမ့်ကျလို့ရှိရင်လည်း မရဘူး။

ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဟောခဲ့တဲ့ တရားနော်။
မြတ်စွာဘုရားက စီးပွားရေးတိုးတက်ဖို့ရာ " ဥဋ္ဌာနသမ္ပဒါ "ဆိုတဲ့
အချက်ထဲမှာ ဒီသုံးချက်ထည့်သွင်းပြီးတော့ ဟောထားတာ။

■ အာရက္ခသမ္ပဒါ ■

ကိုယ်ရထားတဲ့ ပစ္စည်းဥစ္စာ အလေအအလွင့်မရှိအောင်
ထိန်းသိမ်းစောင့်ရှောက်မှူ၊ ဒါလည်း သိပ်အရေးကြီးတာပဲ။
ရှာတော့ရှာပါရဲ့။ အထိန်းအသိမ်းမတတ်တော့ အလေအလွင့်တွေ
ဖြစ်တယ်၊ ဒါလည်း မဖြစ်စေနဲ့တဲ့။

■ သမဇီဝိတာ ■

ကိုယ့်ရဲ့ဝင်ငွေထွက်ငွေ အမြဲတမ်းညှိနှိုင်းပြီးတော့
သုံးစွဲရမယ်တဲ့။

■ ကလျာဏမိတ္တ ■

မိတ်ကောင်းဆွေကောင်း ရှိပါစေတဲ့။
စီးပွားရေးနဲ့ပတ်သက်တဲ့ အကြံပေးပုဂ္ဂိုလ်၊
ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆုံးမသြဝါဒပေးမယ့်
အကြံပေးမယ့် ပုဂ္ဂိုလ်တွေ ဒါတွေဟာ မိတ်ကောင်းဆွေကောင်းတွေပဲ။
စီးပွားတိုးတက်ချင်ရင် ဒီသင်္ဂဟတရားလေးပါးနဲ့
ပြည့်စုံအောင်လုပ်လို့ ဆိုတာ မြတ်စွာဘုရားက
guide line ပေးထားတာပဲ။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ