ခုလိုဆိုတော့ တရားရဖို့ လွယ်သားပဲ

********-****-

မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွားတွေကို ဦးတည်
ပေမယ့် အဘိုးလေး၊ အဘွားလေးပါမကျန် ယခုတရားနာ ကြွရောက်လာတဲ့သူအားလုံးကိုလည်း
တရား ရလွယ်တဲ့နည်း ပေးချင်လို့ပါ။
ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေး
ထောင်တောင် များပြားပါတယ်၊ လူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ သင့်တော်ကြ
မှာပါ၊ နိဗ္ဗာန်ရောက်အောင် အားထုတ်တာမှာ ၀ိပဿနာ ဉာဏ်ရဖို့ အရေးကြီးပါတယ်၊ တချို ့တ
ရားအားထုတ်ကြပါတယ်၊ တရားအားထုတ်တာ တရားထူးရပြီလား ဆိုတော့လဲ မထူးသေးဘူး၊
ကိုယ်ကိုတိုင် လွယ်တယ်မထင်ဘဲ ခဲယမ်းနေ လိုက်တာ..၊ ဘာလို့များလဲလို ့ သိဖို ့အလွန်အရေး
ကြီးပါတယ်၊ နားလည်သထက် နားလည်အောင် ပြောပေးချင်တာက သတိအားကောင်းတဲ့သူ
သတိပဌာန် အားထုတ်ရင် သင့်တော်ပါတယ်၊ အဆင်ပြေပါတယ်၊ လွယ်ပါတယ််၊ သတိအားမ
ကောင်းတဲ့ပုဂ္ဂိုလ်များကျတော့ ဘယ်လိုမှ အားထုတ်လို့ မရပါဘူး၊ ခဲယမ်းတယ်လို့ ခေါ်ပါတယ်။
အသက်အရွယ်ရလာတော့ ဘယ်လောက်ပဲ သတိကောင်းကောင်း မိစ္ဆာသတိပဲ အစွဲများပါတယ်၊
ရပ်ထဲရွာထဲမှာနေရင် မိစ္ဆာသတိပဲ အဖြစ်များပါတယ်၊ သတိပဌာန် အလုပ်အားထုတ်တယ်ဆိုတာ
ဥပါဒါန်အစွဲ လွတ်ကင်းပြီး သမာသတိ အားထုတ်ရတာပါ၊ လောကသဘောနဲ့ ယှဉ်ကြည့်ရင်လဲ ဥ
ပါဒါန် အစွဲတွေေြ
ကာင့် သားမှတ်မိ၊ မယားမှတ်မိ၊ ခင်ပွန်းယောက်ျားမှတ်မိ၊ လုပ်ခဲ့ကိုင်ခဲ့တာ
တွေကို အကုန်မှတ်မိနေတယ်၊ သတိတော့ကောင်းတယ်၊ ဘာသတိဆိုတော့ မိစ္ဆာသတိ။ သမာ
သတိကျပြန်တော့ အားမကောင်းဘူး။ အဲဒီပုဂ္ဂိုလ်တွေအတွက်သတိပဠာန် အားထုတ်တာ အလွန့်
အလွန် ပင်ပန်းပါတယ်။ ခက်တယ်လို့ခေါ်ပါတယ်။
မိမိကိုယ်ကို သတိပဌာန် ရှုဘူး၊ မှတ်ဘူး၊ ပွားများဘူးပါလိမ့်မယ်။ တကေလို့များ မိမိတို့
က သတိအားမကောင်းဘူး၊ ဝီရိယတော့အားကောင်းပါတယ်ဆိုရင် သတိပဌာန်နဲ့ လုံးဝ အဆင်
မပြေနိုင်ပါဘူး။ သတိပဌာန်ဆိုတာ “သတိပဌာန” သတိပြဌာန်းတယ်လို့ ခေါ်ပါတယ်။ သတိအား
ကောင်းတဲ့သူတွေလုပ်တဲ့အလုပ်ပါ၊ တကေလို့များ မိမိတို့က သတိအားမကောင်းဘဲနဲ့ ခိုင်းလို့သာ
မှတ်နေရ၊ ခိုင်းလို့သာရှုနေရ၊ ခိုင်းလို့သာ အားထုတ်နေရဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး၊
ခဲယမ်းတယ်လို့ခေါ်ပါတယ်။ တချို့တချို ့ကတော့ သတိအားမကောင်းပေမဲ့ ဝီရိယအားကောင်းပါ
တယ်၊ ပြေးဟဲ့၊ လွှားဟဲ့၊ ပြောဟဲ့၊ ဆိုဟဲ့ ဆိုတဲ့ ကိုယ်ကောင်ကြီး ဝီရိယမဟုတ်ပါဘူး။ မဖြစ်သေးတဲ့
အကုသိုလ်တွေ မဖြစ်အောင်၊ ကြိုးစားနိုင်တဲ့ “ဝီရိယ”၊ ဖြစ်ပြီးသား အကုသိုလ်တွေကို ချက်ချင်း
ရပ်ပြီးတော့ ပယ်ဖျက်နိုင်တဲ့ စိတ်ဝီရိယ ကိုပြောတာပါ။
တကယ်နိဗ္ဗာန်လိုလားလို ့ တရားအားထုတ်မယ်ဆိုရင်၊ ကိုယ့်မှာသတိကောင်းရဲ့လား၊ ဝီ
ရိယကောင်းရဲ့လား၊ သိရပါမယ်။ သူများခိုင်းလို့သာ လုပ်နေရတယ်၊ သူများပြောလို့သာလုပ်နေ
ရတယ်၊ ကိုယ်က ဘယ်သန်မှန်းမသိ၊ ညာသန်မှန်းမသိ၊ အဲလိုအားထုတ်နေရင် “ ခုလိုဆိုတော့
လွယ်ပါတယ် " ဖြစ်မလာပါဘူး။ တချို ့က သတိပဌာန်အားထုတ်ရင် နိဗ္ပာန်ရောက်တယ်ဆိုပြီး..
ဘယ်နည်းဘယ်နည်းတွေကို ပယ်လိုက်ကြတယ်။ တကယ်သတိပဌာန်ကို မွှန်းစရာကောင်းတယ်
ဆိုရင် ဘုရားရှင်တော်မြတ်ကြီး ၄၅ ၀ါပတ်လုံး မဟာသတိပဌာနသုတ် တစ်သုတ်ကိုပဲ ဟောကြား
မှာပေါ့။
အဲဒီလို မဟုတ်ပါဘူး။ တရားနာတဲ့ပုဂ္ဂိုလ်ပေါ် မူတည်ပြီး ဟောပေးတာပါ။ ဘုရားရှင်တော်မြတ်
ကြီး ဉာဏ်တော်အရ ဘယ်လိုမှ ပြောစရာမလိုပါဘူး။........ အများသိအောင်ပြောချင်တာက၊
ကိုယ်သတိအားကောင်းရင် သတိပဌာန်အားထုတ်...ဖြစ်ပါတယ်၊ လွယ်ပါတယ်။ ကိုယ်ဝီရိယ
အားကောင်းရင်းနဲ့ သတိပဌာန် အားထုတ်ရင်....နှစ်ပေါင်းရာ၊ ထောင်ချီအားထုတ် အဆင်ပြေမှာ
မဟုတ်ပါဘူး။
တချို ့ကျတော့ သဒ္ဒါအားကောင်းလိုက်တာ သူများတွေပြောတဲ့ ရိပ်သာဆိုတာ မသွား
ပါဘူး၊ တရားစခန်းဆိုတာ မဝင်ပါဘူး။ ဒါပေမဲ့ မနက်မိုးလင်း ဘုရားဆွမ်းတော် မကပ်ရဘဲ မနေ
နိုင်၊ ရှိမခိုးရဘဲ မနေနိုင်၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ မကပ်လှူရဘဲ မနေနိုင်ဘူး။ သံဃာတော်တွေကို
ဆွမ်းမလောင်းရဘဲ မနေနိုင်ဘူး။ အဲဒီသဒ္ဓါတရား အားကောင်းလာတာနဲ့အမျှ တဏှာတွေလျော့
သွားမှာ။....ကိုယ်သာရာ သာရာ လုပ်သွားလိမ့်မယ် အဆင်ပြေပြေ။...အဲဒါကိုများ ကိုယ်ကဘာမ
သိ ညာမသိနဲ့ သဒ္ဓါအားကောင်းတဲ့သူကို.....မှတ်ဟေ့ရှုုဟေ့ ပြောရင်..အလွှဲကြီးလွှဲသွားပါပြီ။
သဒ္ဓါတရား အားကောင်းတဲ့သူကို ဘေးလူက နင်တရားအားထုတ်တာ မဟုတ်ဘူး၊
ရိပ်သာသွားပါလား၊ တရားစခန်းသွားပါလား။ ဦးဇင်း မပြောရဲဘူး။ ကုသိုလ်ချင်းအတူတူ ဘယ်ကု
သိုလ် လုပ်ရတာ ပိုလွယ်သလဲ၊ တချို ့ဒါန လွယ်တယ်၊ တချို ့သီလ လွယ်တယ်၊ တချို ့သမထ
လွယ်တယ်၊ တချို ့ဝိပဿနာ လွယ်တယ်၊ တချို ့ကတော့ဝေယာဝိစ္စလုပ်ရတာ လွယ်တယ်။ တချို ့
တစ်ခုခုကို စိုက်စိုက်စူးစူး လုပ်လေ့ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ သမာဓိနဲ ့အားထုတ်တာပျော်တယ်၊
မှန်ပါဘုရား ဟုတ်ပါဘုရားလို ့ သာဓုခေါ်ရုံနဲ ့ ပြီးမဲ့တရားမျိုး မဟုတ်ပါဘူး။ ကိုယ်သန်ရာ

ကိုယ်လုပ်တဲ့သူဟာ အလုပ် လွယ်ပါတယ်၊ မကျွမ်းကျင်၊ မသန်၊ အားမရှိတဲ့အလုပ်ကို

ကိုယ်လုပ်....ခဲယမ်း
လိုက်တာ၊ ပင်ပန်းလိုက်တာ။
တရားရလွယ်တာ မလွယ်တာ လမ်းကြောင်းမှန်တာပေါ် မူတည်ပါတယ်။ လွယ်ဖို ့ခက်
ဖို ့က ဗဟုသုတ အရေးကြီးပါတယ်။ သတိအားကောင်းရင် သတိပဌာန်အားထုတ် လွယ်မှလွယ်။
အသိဉာဏ်ပညာ အားကောင်းရင် မဂ္ဂင်တရားတွေ၊ ဗောဇျွင်တရားတွေအားထုတ် လွယ်မှလွယ်။
သူများထိုင်ခိုင်းလို ့ မထိုင်ဖြစ်ရင်လဲ စိတ်ပျက်စရာ မလိုပါဘူး။ တရားတစ်မျိုးမျိုးလောက် ပြည့်
စုံရင်ကို....မကွေ ့မကောက် ဖြောင့်ဖြောင့်တန်းတန်း နိဗ္ဗာန်ရောက်အောင် လမ်းမှန်ဖြင့် ကျင့်နေ
တဲ့ ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ မျက်စိမှိတ်မှ ဘယ်လိုထိုင်မှဆိုတာ တရားမှန် မဟုတ်ပါဘူး။ နားလည်
ပါ၊ သဘောပေါက်ပါ။ အဆင်မပြေတဲ့နည်းကို ပေတေပြီး ရအောင်လုပ်နေတဲ့နည်းဟာ အရှုံးကြီး
ရှုံးပါတယ်၊ အရှုံးကြီးရှံးပါတယ်၊ အရှံးကြီးရှံးပါတယ်၊ လူ့ဘဝရခိုက် မရှုံးစေပါနဲ့။
ကိလေသာ..မိစ္ဆာတွေ ဖြစ်နေတာကိုတော့ ဉာဏ်နဲ ့သိရပါမယ်။ ဒါနထက် သီလ၊ သီလ
ထက် သမထ၊ သမထထက် ၀ိပသနာ၊ တစ်ဆင့်ထက်တစ်ဆင့်၊ တစ်ဆင့်ထက်တစ်ဆင့်၊ နုညံ့
သိမ်မွေ ့ ခက်ခဲပါတယ်။ ထိုင်တာကိုပဲတရား ထင်ထားတဲ့ ပုဂ္ဂိုလ်အတွက်၊ ထိုင်တဲ့အချိန်သာ
တရားဖြစ်ပြီး၊ မထိုင်တဲ့အချိန် မတရားတွေ ဖြစ်နေကြမယ်ဆိုရင်၊ အရှုံးကြီးရှုံးပါတယ်။ ကြောက်
စရာကောင်းပါတယ်။ မရွေးတော့လို ့ ရမဲ့နိဗ္မာန်ကို မြင်လိုက်စမ်းပါ။ ကိုယ်သန်ရာ ကိုယ်လုပ်တဲ့
သူဟာ အလုပ် လွယ်ပါတယ်၊ တရားရလွယ်ပါတယ်။
ဒါကြောင့်မို့လို့ အသက်အရွယ်မရွေး ဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ကျန်းမာသူပဲဖြစ်စေ၊ မကျန်းမာ
သူပဲဖြစ်စေ၊ ကိုယ်သန်ရာ ကိုယ်လုပ်တဲ့သူဟာ အလုပ် လွယ်ပါတယ်၊ တရားရလွယ်ပါတယ်ဆိုတာ
သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ်
အားထုတ်နိုင်ကြပါစေသတည်း။
{ (၂.၁၀.၂၀၀၅)တော်သလင်းလကွယ်.တနင်္ဂနွေနေ့၊ မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံ
မိ ဘိုးဘွားရိပ်သာတွင် ဓမ္မဒူတအရှင်ဆေကိန္ဒ ဟောကြားတော်မူသော “ခုလိုဆိုတော့ လွယ်သားပဲ"
တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ }
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။