ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမထားတော်မူခဲ့သော ...
စိတ် စေတသိက် တို ့ရဲ့
အစွမ်းအာနုဘော်ကြောင့်
နှလုံးဗူးအတွင်းရှိ တစ်ဆုပ်စာမျှ
အသစ် အသစ် ဖြစ်နေသော နှလုံးသွေးဟာ
စရိုက် ( ၆ ) ပါး အလိုက်
သွေးအရောင် ပြောင်းနေရပုံ ...

( ၁ ) ကာမရာဂစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါ
သွေးရောင်က ဟင်းသပြဒါးရေလို
နီနီ ရဲရဲ ဖြစ်ပေါ်လာတယ် ...
အရပ်ထဲမှာ ပြောကြတာကတော့
နာရွက်ဖျား နှာခေါင်းဖျား
မီးတောက်နေတယ်ဆိုတာမျိုးပေါ့ ...

( ၂ ) ဒေါသစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါ
သွေးရောင်က မဲပုပ်ပုပ် ဖြစ်လာတယ် ...

( ၃ ) မောဟစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါ
သွေးရောင်က အမဲသားဆေးရေလို
နီကျဲကျဲ ဖြစ်လာတယ် ...
ပတ်ဝန်းကျင်မှာ မြင်ဘူးမှာပေါ့
သူများတွေက ဘဝအကျိုးပေးကောင်းလို ့
အဆင်ပြေနေတာတွေကို ကြည့်ကာ
အဆင်မပြေတဲ့ ကိုယ့်ဘဝကို အလိုမကျပြီး
ဝိစိကိစ္ဆာ ဆိုတဲ့ အကြောင်းအကျိုး
အပေါ်ကို ဉာဏ်မရှင်းပဲ
ဋ္ဌင်းဒဌက်လို ငေးမောနေတာတွေ ...

( ၄ ) ဝိတက်စိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါ
သွေးရောင်က ပဲပိဇာတ်ပြုတ်ရေလို
နီနောက်နောက် ဖြစ်လာတယ် ...
သူများတွေက အနာကင်း
အဆင်းလှ ဥစ္စာပေါ ရုပ်ချော
ပညာတတ်ကြီးတွေကို
မနာလိုဝန်တိုတဲ့ ဣဿာ
မစ္ဆရိယစိတ် အားကြီးလာတဲ့အခါ
သူများ စည်းစိမ် ဥစ္စာ တွေကို
မတရားလိုချင်တဲ့ အဘိဇ္ဈာစိတ်
အားကြီးစွာဖြစ်လာတဲ့အခါ
သူတစ်ပါးကို ပျက်ဆီး စေချင်တဲ့
ဗျာပါဒစိတ် အားကြီးလာတဲ့အခါ
သွေးရောင်ဟာ ညစ်နွမ်းလာပြီး ...
သံလိိုက်ဓါတ်နဲ ့တူတဲ့
အဘိဇ္ဈာ ဗျာပါဒ ဣဿာ မစ္ဆရိယ
တွေက ရောဂါ အမျိုးမျိုးတွေကို
ဆွဲယူတော့တာပဲဆိုတာတော့
အားလုံးကို သတိပေးချင်ပါတယ် ...

( ၅ ) သဒ္ဓါစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါ
သွေးရောင်က ဝါဖျော့ဖျော့ နေရာက
အဝါရင့်ရောင်ဖြစ်လာတယ် ...

( ၆ ) ပညာစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါ
သွေးရောင်က ဆွတ်ဆွတ်ဖြူရာမှ
မှန်ကဲ့သို ့ကြည်လင်လာပြီး
ပတ္တမြားလုံးတွေလို
အလင်းရောင်တွေ တောက်ပလာတယ် ...

စိတ် စိတ္တဇ ဥတုဇလေကြောင့်
နှလုံး သွေး ထွက်ရာဝင်ရာ အဝမှာ
အဆို ့ရှင်လိပ်ပြာတောင်ကလေး ၂ ခုဟာ
အချက်ကျကျ ခတ်ပေးလိုက်လို ့
ဒီသွေးတွေဟာ ဒိတ်ဒိတ် ဒိတ်ဒိတ် နဲ ့
အချက်ကျကျ တစ်ကိုယ်လုံးကို
ပျံ ့နှံ ့နေတယ် ...
ဒီစိတ်ဟာ နှလုံးသွေးကို မှီနေသောကြောင့်
ဒီနှလုံးသွေးဖောက်ရင် စိတ်လည်း
ဖောက်ပြန်လာတယ် ...

ဒီနှလုံးကညှစ်လွတ် လိုက်တော့
ဗဟိုသွေးကြောကနေ
တစ်ကိုယ်လုံး ပျံ ့နှံ ့သွားတာပေါ့
အဲ့ဒါကြောင့် ... ဒေါသစိတ် ဖြစ်နေတဲ့
သူဟာ ဒေါသသွေးများ
တစ်ကိုယ်လုံး ပျံ ့နှံ ့သွားပြီး
အသားတွေလဲ ဒေါသစိတ်
ဖြစ်လွန်းတော့ နီပြီးတုန်လာတာတွေ ့ရတယ်
နောက်တော့ ညိုပုပ်လာပြီး
မကောင်းတဲ့ အမှုမျိုးစုံကျူးလွန်တဲ့အထိ
ဖြစ်လာတော့တာပေါ့ ...

ဘုရား ရဟန္တာ များကြတော့
ပညာစိတ်ကြောင့် နှလုံးသွေးဟာ
အထူးကြည်လင်လိို ့
ကိုယ်ရောင် ကိုယ်ဝါ တွေဟာ
တစ်ကိုယ်လုံး တောက်ပလာပြီး
ရောင်ခြည်တော်လွတ်တဲ့
အထိဖြစ်ပေါ်လာရတယ် ...

ရူးသွားတာလဲ ဒီနှလုံးသွေးကြောင့်ပဲ
ကြောက်အားကြီးလာရင်
နှလုံးသွေးက အေးပြီး ပြစ်ချွဲသွားတော့
တစ်ကိုယ်လုံး အေးစက်လာတယ်
နောက်တော့ အအေးလွန် ပြစ်ချွဲလွန်ကာ
နှလုံးသွေးရပ် သေရတာပေါ့ ...

ထင်ရှားတဲ့ဥပမာလေး
တစ်ခုပြောပြပါ့မယ်
ဒေါသထွက်နေတဲ့ လူတစ်ယောက်ရဲ့
မျက်နာဟာ အေးချမ်း တည်ငြိမ် ကြည်လင်
နေတဲ့ ပုံစံအနေအထားမျိုး မဖြစ်နိူင်ပါဘူး
ဒေါသစိတ်ကြောင့် ဒေါသရုပ်ပဲထွက်မယ် ...