ဗုဒ္မ္စဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုရင်သေသေချာချာသိထားသင့်သောအကြောင်းအရာလေးပါ။
ဘုရားတရားသံဃာ ရတနာသုံးပါးသည် ကိုးကွယ်ရာ အားထားရာဖြစ်သောကြောင့် သရဏ
မည်၍ ရတနာသုံးပါအပေါ်တွင် ယုံမှားတွေဝေမှုမရှိပဲ ကြည်ညိုလေးမြတ်ကိုးကွယ်ဆည်းကပ်သော
သဒ္မ္စါ ပညာ စသည့် ကုသိုလ်စိတ်များသည် သရဏဂုံတည်သည်မည်၏။
ယင်းသရဏဂုံသည် လောကီသရဏဂုံ၊လောကုတ္တရာသရဏဂုံ ဟူ၍အခြေခံအားဖြင့် နှစ်မျိုး
ရှိပါသည်။
လောကုတ္တရာ သရဏဂုံဆိုသည်မှာ အရိယာပုဂ္ဂိုလ်တို့အဖို့ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်သောအခိုက်ခဏမှာပင် ရနာသုံးပါးအပေါ်၌တွေဝေယုံမှားမှု မယုံကြည်မှုများကင်းပြတ်ပြီးဖြစ်သဖြင့်
အထူးဆောက်တည်ရန်မလိုတော့ချေ။ အလိုလိုသရဏဂုံတည်ပြီးဖြစ်သည်။

လောကီသရဏဂုံ (၄)မျိုးရှိပါသည်။
(၁)မိမိကိုယ်ကို ရတနာသုံးပါးအားအပ်နှင်း၍ သရဏဂုံဆောက်တည်ခြင်း
(အတ္ထိသန္တိယျာတနသရဏဂုံ)
(၂)မိမိကိုယ်ကိုရတနာသုံးပါးသာလျှင် ကိုးကွယ်လဲလျှောင်းရာရှိသည် အဖြစ်ကိုပြုခြင်း၊ရတနာသုံးပါးအပေါ်၌လုံးဝအားကိုထားခြင်း
(ကပ္မရာယဏသရဏဂုံ)
(၃)မိမိကိုယ်ကိုရတနာသုံးပါ၏တပည့်အဖြစ် ခံယူခြင်း(သိóဘဂူပန သရဏဂုံ)
(၄)ရတနာသုံးပါးအားဝတ်တွားခယ မိမိကိုယ်ကိုနှိမ်ချ၍ အလွန်ရိုသေသောအခြင်းအရာကိုပြသခြင်း
(ပဏိပါတ သရဏဂုံ)

ပဏိပါတသရဏဂုံတွင်……
(၁)သာကိီဝင်မင်းမျိုးတို့က ဘုရားရှင်အားဆွေမျိုးအဖြစ်ရှိခိုးခြင်း၊ခရီးဦးကြိုပြုခြင်း၊လက်အုပ်ချိီခြင်း
အရိုအသေပြုခြင်း မျိုးသည် သရဏဂုံဆောက်တည်ရာမရောက်ပေ။
(၂)အကြောက်တရားကိုအခြေခံ၍ ရှိခိုးခြင်း ခရီးဦးကြိုပြုခြင်း၊လက်အုပ်ချိီခြင်း
အရိုအသေပြုခြင်း မျိုးသည် သရဏဂုံဆောက်တည်ရာမရောက်ပေ။
(၃)ဘုရားရှင်အားလောကီလမ်းညွှန်အဆုံးအမ စကားကိုနာယူရသောကြောင့်ဆရာအဖြစ်မှတ်ယူ၍
ခရီးဦးကြိုပြုခြင်း၊လက်အုပ်ချိီခြင်းအရိုအသေပြုခြင်း မျိုးသည်သရဏဂုံဆောက်တည်ရာမရောက်ပေ။
(၄)သီလသမာဓိ ပညာဂုဏ်စသည်တို့ကို ရည်မှတ်၍ ခရီးဦးကြိုပြုခြင်း၊လက်အုပ်ချိီခြင်း
အရိုအသေပြုလျှင် ဒက္ခဏေယျပဏိပါတ ဖြစ်၍သရဏဂုံတည်သည်မည်၏။

` မှတ်ချက်။ ။ဘုရားတရားသံဃာ တို့ကိုမပြစ်ပါယ်ဘဲ လာဒ်လာဘရွှင်စေလို၍ နတ်ကိုပူဇော်ခြင်း၊နတ်ဖမ်းစားမည်ကိုစိုးရိမ်၍ ရိုးရာတင်မြှောက်ခြင်းတို့သည် သရဏဂုံ မပျက်ချေ၊သရဏဂုံတော့ညစ်နွမ်းပါသည်။
သို့ရာတွင် ရတနာသုံးပါးမှတစ်ပါးသော သီလသမာဓိ ပညာဂုဏ်ကြီးမြတ်မှုကိုရည်မှတ်လျှက်
အထက်တွင်ဖေါ်ပြခဲ့သောလောကီသရဏဂုံ ဆောက်တည်ပုံလေးမျိုးကို ပြုလုပ်လျှင်သော်၎င်း၊သရဏဂုံဆောက်တည်ထားသူ သေဆုံးလျှင်သော်၎င်း သုရဏဂုံလုံးဝပျက်စီးပါသည်။

ဘုရားကိုပစ်ပါယ်ပြီး နတ်ကိုဖြစ်စေ တခြားသော ဘုရားအလောင်း(အန်းကုုံး)ဘိုးတော်တို့ကို
ကိုးကွယ်ရာဟူ၍ ဆည်းကပ်မှုကားသရဏဂုံပျက်သည်မည်၏။
ရတနာသုံးပါး ဂုဏ်တော်များ၌ မသိနားမလည်ခြင်း ၊ရတနာသုံးပါးအပေါ်၌ တွေဝေခြင်း၊မှားယွင်းစွာယူဆခြင်း၊မရိုမသေမလေးမစား ပြုခြင်းတို့ကြောင့် ဆောက်တည်ထားသောသရဏဂုံ ညစ်
နွမ်းပါသည်။သို့ဖြစ်၍ သရဏဂုံ ညစ်နွမ်းခြင်း၊ပျက်စီးခြင်းမရှိရအောင် သတိဆောင်ကြရာ၏။

သရဏဂုံသည် ထေရဝါဒဗုဒ္မ္စဘာသာ၏ ပထမအသက်ဖြစ်ပါသည်။
အယူဝါဒပျက်စီးခြင်း
ထေရဝါဒဗုဒ္မ္စဘာသာဝင်သည်……ဘုရား၊တရား၊သံဃာ၊ကံ ကံ၏အကျိုး၊အကြောင်းနှင့်အကျိုးဆက်
သွယ်ဖြစ်မှု ၊အတိတ်ဘဝ အနာဂါတ်ဘဝ တို့ကိုယုံကြည်ရာ၌ ကံဟူသည် ကုသိုလ်ကံ (ကောင်းသောအလုပ်)နှင့် အကုသိုလ်ကံ (မကောင်းသောအလုပ်)ပင်ဖြစ်သည်။လောက၌မည်သူမဆို ကောင်းတာ
လုပ်လျှင်ကောင်းကျိုးခံစားရ၏ မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရ၏။ မိမိပြုလုပ်သော
ကံသည်မိမိ၏ကိုယ်ပိုင်ဥစ္စာ(ကမ္မóကာ)မည်ပါ၏။မိမိပြုလုပ်သောကံအရ ဆိုးမွေကောင်းမွေကိုခံယူ
ရမည်ဖြစ်၏။ဤသို့ယုံကြည်လက်ခံခြင်းကို `(ကမ္မóကတာသမာဒိဌိ) ဟုခေါ်ပါသည်။

ဗုဒ္မ္စဘာသာဝင်တစ်ဦးသည် ထိုသို့လက်ခံယုံကြည်နေက အမှန်ကိုလက်ခံယုံကြည်ခြင်းဖြစ်၍
အယူဝါဒမပျက်မစီးတည်နေသည်မည်၏။
ဤသို့ဘုရား၊တရား၊သံဃာ စသည်တို့ကို မယုံကြည်တော့ဘဲအောက်ပါတို့ကိုလက်ခံယုံကြည်
ပါကဗုဒ္မ္ဂဘာသာအဖြစ်ပျက်စီးရုံမက အယူဝါဒမှန်လည်း ပျက်စီသည် မိစ္ဆာဒိဌိ ဖြစ်သည်မည်၏။

(၁)လောက၌ ဖန်ဆင်းရှင်ရှိ၏ မြေကြီး၊ဟိမဝန္တာတောင် ၊စင်္ကြာဝဠာ၊မဟာသမုဒ္ဒယာနှင့်
သတ္တဝါအားလုံးတိုကို ဖန်ဆင်းရှင်ကဖန်ဆင်း၏ဟုမှားယွင်းစွာယူဆတတ်ကြသည်။(ဖန်ဆင်းရှင်ဝါဒ)

(၂)လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူ၍မရှိ ၊ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကု
သိုလ်မမည်၊မကောင်းမှုကိုပြုသော်လည်း မကောင်းမှု အကုသိုလ် မမည်ဟုယူဆတတ်ကြ၏၊ယင်းသို့
ယူဆခြင်းသည်အကြောင်းကိုပါယ်ခြင်းဖြစ်၍ အကိရိယဒိဌိ ဟုခေါ်ပါသည်။

(၃)တဖန် ကုသိုလ်ကံ အကုသိုလ်ကံ တို့၏အကျိုးတရားဟူ၍မရှိ ။ကုသိုလ်ကံ အကုသိုလ်ကံ
တို့ပြုလုပ်သော်လည်း မည်သည်ကောင်းကျိုးမကောင်းကျိုး ကိုမျှမခံစားရဟူ၍ ယူဆတတ်ကြသည်။
ယင်းသို့ယူဆခြင်းသည် အကျိုး ၀ိဘက် ကိုပါယ်ခြင်းဖြစ်၍ နတ္ထိကဒိဌိ ဟုခေါ်ပါသည်။

(၄)ထို့ပြင် ကုသိုလ်ကံ အကုသိုလ်ကံ ဟူ၍လည်းမရှိ ၊ကုသိုလ်ကံ အကုသိုလ်ကံ တို့၏အကျိုး
ဟူ၍လည်းမရှိ ဟုယူဆတတ်ကြသည်။ယင်းသို့ယူဆခြင်းသည် အကြောင်းအကျိုးကိုပါယ်ခြင်းဖြစ်၍
အဟေတုကဒိဌိ ဟုခေါ်ပါသည်။
ဤသို့ အယူမှား (မိစ္ဆာဒိဌိ)တစ်မျိုးမျိုးကို လက်ခံံယုံကြည်လိုက်လျှင် အယူမှန်(သမာဒိဌိ)
ပျက်စီးလေတော့သည်။ထေရဝါဒဗုဒ္မ္ဂဘာသာ အဖြစ်မှ အလိိုုလို ပျက်ပြယ်ပြီးဖြစ်ပါ၏။