တနေ့သောအခါ နိဂြောဓာရုံ ကျောင်း ရွှေသလွန်တော် ထက်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူ ပြီးအရှင်သာရိပုတ္တရာl အရှင်အာနန္ဒာ အစရှိတဲ့ သံဃာ အရေအတွက် ်ရှစ်ကျိပ်l သံဃာ အပါးရှစ်ဆယ် တို့ကို ဆုံးမသြဝါဒ တရားစကား ဟောကြားနေတဲ့ အချိန်မှာ မိထွေးတော် ဂေါတမီ ကပန်းနံ့သာ အမွှေး နံ့သာများစွာ လက်၌စွဲလျက် ရွှေသ င်္ကန်း အဝတ်တစုံ ထည့်ထားတဲ့ ပတ္တမြားကြုတ်ကို ခေါင်းပေါ်ရွက် ဆွမ်းစသောလှူဖွယ်ပစ္စည်းမျိုးစုံနဲ့ တံခွန် ပန်းနံ့သာ များကို လက်မှာစွဲ ပြီးသာကီဝင် မင်းသားမင်းသမီး ငါးရာခြံရံလျက် ဘုရားရှိရာ နိဂြောဓာ ရုံကျောင်းတော်ကို သင်္ကန်းစ သော လှူဖွယ်ပစ္စည်း လှူဒါန်းဖို့ရာ လာကြတယ်။ မိထွေးတော် ဂေါတမီဟာ မြတ်စွာ ဘုရားကို ရွှေသင်္ကန်း လှူဖို့ရာ အတွက် ကိိုုယ်တိုင် ရက်လုပ်ပြီး လှူတာ။ ဂေါတမီကိုယ်တိုင် နီလှစွာ သော ရွှေတို့ဖြင့် ရွှေဖျဉ်းတို့ကို လုပ်ပြီး ရွှေမှုန်ဖြင့် မြေတွေကိုရောပြီး တော့ ရွှေဖျဉ်း တို့ကိုထည့်l ဝါစေ့တွေကို လက်နဲ့ကိုင်ပြီး ရွှေဝါပင် ပေါက်ပါ စေသတည်းဟု အဓိဋ္ဌာန် လိုက်တော့ ရွှေဖျဉ်းထဲမှာ ရွှေဝါပင်တွေ ပေါက်လာတယ်။

ပေါက်လာတဲ့ ရွှေဝါပင်တွေက မဟာ လှေကားပွင့်နဲ့ တူတယ်။ ဝါအသီးတွေက မြအဆင်းနဲ့ တူတယ်။ ဂေါတမီက ဝါသီးတွေကို လက်နဲ့ ကောက် ရွှေလင်ပန်းထဲမှာ ထည့်l လက်နဲ့ကိုယ်တိုင် ဖန်ပြီးတော့ ဝါဂွမ်း ဖြစ်အောင် ကြိတ်ပြီး လိပ်ရတယ်။ နူးည့ံသိမ်မွေ့စွာ ချည်ငင်ပြီး သိမ်မွေ့တဲ့ ယက္ကန်းသည်ကို ခေါ်ပြီး တော ့ထမင်းအဖျော် စတဲ့ပျားတင်လဲ ထောပတ် တွေကိုစားl အဝတ်တန်ဆာ သန့်ရှင်းအောင်ဝတ်l ယက္ကန်းဇရပ် ကိုလည်း အမွှေးနံ့သာ တွေကြဲl ယက္ကန်းဇရပ် ကိုလူ အစောင့်အကြပ် အမြဲထားပြီးတော့ ့ရွှေသင်္ကန်းကို ဂေါတမီကိုယ်တိုင် ယက်တာ အလျားတစ်ဆယ့် လေးထောင် အနံ ခုုနစ်ထောင် ရှိတဲ့ ပုဆိုးနှစ်ထည် ကိုရတယ်။ မိထွေးတော် ဂေါတမီက မြတ်စွာဘုရား ကျောင်းတော်ကို ရောက်တဲ့အခါ မြတ်စွာဘုရားကို မနီးမဝေး ကနေ ရှိခိုးပြီးတော့ ပတ္တမြားကြုတ်က်ုိဖွင့်l ရွှေသင်္ကန်း တစုံကို လက်က ကိုင်ထားပြီးတော့ ဘုန်းတော်ကြီး သော မြတ်စွာဘုရား တပည့်တော် ရဲ့ လက်ထဲမှာရှိတ ဲ့ရွှေအဝတ် ပုဆိုး တစုံ (နှစ်ထည်) က တပည့်တော် ကိုယ်တိုင် ယက်လုပ်ထားတဲ့ သင်္ကန်း ဖြစ်ပါတယ် ဘုရား။တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သော အားဖြင့် ဤရွှေ သင်္ကန်းကို အလှူခံတော်မူပါ ဘုရားလို့ လျှောက်ထား ပြီးတော့ လှူဒါန်းပါတယ်။ မြတ်စွာဘုရားက နှစ်ထည်စလုံး အလှူမခံဘူး။ တစ်ထည်ကိုသာ အလှူခံပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကို ကျန်နေတဲ့ ပုဆိုးတထည်ကို ငါဘုရားရှေ့မှာ ထိုင်နေတဲ့ သံဃာတွေကို လှူလိုက်ပါလို့ ပြောပါတယ်။ မြတ်စွာဘုရားက လှူခိုင်းတော့ မိထွေးတော် ဂေါတမီက မြတ်စွာဘုရားဘက် မျက်နှာလွှဲပြီး သံဃာပရိတ်သတ် ဘက်ကိုလှည့်၍ လက်အုပ်ချီ ပြီးတော့ တပည့်တော်ရဲ့ ရှေ့မှောက်မှာ ထင်ရှားရှိနေတဲ့ သံဃာ အရှင်မြတ် တို့ဘုရားl တပည့်တော် လက်၌ ရှိသော ဤအဝတ်ပုဆိုး ရွှေသင်္ကန်း တော်ကို ဘုရားတပည့်တော် ကိုသနား စောင့်ရှောက် ချီးမြှောက်သော အားဖြင့် အလှူခံတော် မူကြပါဘုရားလိ့ု လျှောက်ထားတော့ သံဃာအပါး (၈၀) မည်သူမျှ ထပြီးအလှူ မခံဝံ့ကြဘူး။ ဘာဖြစ်လို့ အလှူမခံ ဝံ့တာတုန်း ဆိုရင် တစ်ထည်ကို မြတ်စွာဘုရား ဝတ်၍ တထည်ကို ရုံထားမယ ်ဆိုရင် အလွန်တရာ တင်တယ့် သပ္ပါယ် ပေလိမ့်မယ် ဆိုတဲ့ စိတ်နှလုံးထားပြီး အလှူမခံပဲ နေကြတာ။

သံဃာ(၈၀) ထဲက သံဃာများရဲ့ အလယ်မှာ ထိုင်နေတဲ့ အဇိတ ရဟန်းက မြတ်စွာဘုရားဟာ မိထွေးတော် ဂေါတမီကို များစွာသော အကျိုးရှိသည်ကို လိုလားနှစ်သက်တော် မူသည်ကို မြင်တော်မူသည် ဖြစ်၍ သံဃာကို လှူခိုင်းနေတာ လို့စိတ်နှလုံး ထားပြီးတော့ ဂေါတမီလက်ထဲ မှာရှိတဲ့ သင်္ကန်းတထည်ကို ရဲဝင့် တည်ငြိမ်စွာ ဖြင့် ထပြီးတော့ အလှူခံ လိုက်တယ်။ အဇိတရဟန်း အလှူခံပြီး တဲ့အခါ ကျန်နေတဲ့ ရဟန်းတွေက အုတ်အုတ်ကျတ်ကျတ် ကျယ််စွာသော အသံတွေ ဖြင့် ပညာအရာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာl အရှင်အာနန္ဒာ အစရှိ တဲ့ ရဟန်းတော်တွေ တောင်မှ အလှူမခံဝ့ံတဲ့ သင်္ကန်းကို ဘာမဟုတ်တဲ့ အညတြ မထင်မရှား အသေးအ မွှားရဟန်းက အလှူခံရဲရ မလားလို့ ကဲ့ရဲ့သော စကားသံ မျိုးစုံနဲ့ ကဲ့ရဲ့နေကြတယ်။ ကဲ့ရဲ့ပြစ်တင် နေသော စကားသံတွေကို မြတ်စွာဘုရားက ကြားသိရတဲ့အခါ သံဃာ ပရိတ်သတ်နဲ့ဂေါတမီ အစရှိတဲ့ ပရိတ်သတ် တို့ရဲ့ ယုံမှားသံသယ ကိုပယ်ဖျောက် ဖို့ရာအတွက် ချစ်သားအာနန္ဒာl ငါဘုရားကို နတ်သား လေးယောက် လှူထားတဲ့ အနားလေးရစ်ရှိတဲ့ မြကျောက် သပိတ်ကို သွားပြီးတော့ ယူချေလို့ ယူခိုင်းလိုက်တယ်။ အာနန္ဒာ ယူလာတဲ့့ မြကျောက်သပိတ်ကို မြတ်စွာဘုရားက လက်ဝါးပေါ်တင် အဓိဋ္ဌါန်ပြီးတော့ ကောင်းကင်သို့ လွှတ်လိုက်တယ် ဆိုရင်ပဲ မြကျောက် သပိတ်ဟာ နိဂြောဓာရုံ ကျောင်းကနေ ကပိလဝတ်မြို့ သို့ဝဲပျံပြီး ဖြတ်ကျော်လျက် စကြာဝဋ္ဌာတိုက်ကို လေယဉ်ပျံတွေ မိုးပေါ်မှာ ပျံဝဲ သွားလာနေတဲ့ အတိုင်း ပျံဝဲသွားလာ နေပါတယ်။ ငါဘုရား အဓိဋ္ဌာန် လွှတ်လိုက်တဲ့ မြကျောက်သပိတ ်ကိုမှီအောင် လိုက်ပြီးတော့ ယူချေလို့ သံဃာအပါး ရှစ်ဆယ်ကို ယူခိုင်းတော့ ဘယ်သူမှ လိုက်မယူရဲ ကြဘူး။

အဲဒီအခါမှာ မြတ်စွာဘုရားက အဇိတ ရဟန်းကို ခေါ်ပြီး ငါဘုရား လွှတ်လိုက်တဲ့ သပိတ်ကို လိုက်ပြီးတော့ ယူချေ လို့ယူခိုင်းလိုက် တော့ အဇိတ ရဟန်းက မြသပိတ် ရှိရာရောက်ရာ အရပ်ကို ရှာဖွေပြီး တစ်ခဏ အတွင်းယူလာပြီး မြတ်စွာဘုရားကို ကပ်လှူပါတယ်။ အဲဒီ အဇိတ ရဟန်းဟာ အဇာတသတ်မင်း ကဥ္စနဒေဝီ မိဖုရားသား။ အဇိတ ဆိုတာ တည်ကြည်ခြင်း လို့ အဓိပါယ်ရတယ်။ အဇာတသတ် မင်းကြီးဟာ ဖခင်ဗိမ္ဗိသာရ မင်းကြီးကို သတ်ပြီးနောက်ပိုင်းမှာ မြတ်စွာဘုရားကို အရမ်းကြည်ညိုတာ။ ငါကြည်ညို လေးစား ကိုးကွယ် အားထား နေရတဲ့ မြတ်စွာဘုရားရဲ့ အမွေ ဆက်ခံဖို့ရာ ရာဇဂြိုလ်ပြည် ဝေဋ္ဌုဝန်ကျောင်းမှာ အဇိတမင်းသား ၁၆နှစ်အရွယ် အခြံအရံမင်းသား ငါးရာနဲ့အတူ ရဟန်းဝတ်ပေး ထားတာ။ အဲဒီအချိန်မှာ သံဃာ ပရိတ်သတ်က အပါးရှစ်ဆယ်l မိထွေးတော် ဂေါတမီနှင့် အခြံအရံ သာကီဝင်မင်းသား မင်းသမီးငါးရာ ပေါင်းလိုက်တော ့ငါးရာရှစ်ဆယ်သော ပရိတ်သတ် တွေကို သင်ချစ်သားတို့ ထင်ကြသလို မြင်ကြသလို အညတြ သာမညရဟန်း မဟုတ်ဘူး။ ၁။ တိမ်ဖုံးသော နေနဲ့ တူတယ်။ ၂။ ပြာဖုံးသော မီးခဲနဲ့ တူတယ်။ ၃။ မြေမှုန်ဖြင့် ဖုံးအုပ် ထားခံရသော ပတ္တမြား ရတနာနဲ့ တူတယ်။ ၄။ မြေ၌မြှုတ်ထား ခံရသော ရွှေအိုးနဲ့ တူတယ်။ ၅။ ပွင့်လုနီးသော ကြာပန်းနဲ့ တူတယ်။ ၆။ ယုဂန္ဓိုရ်တောင်နှင့် နီးနေသော နေလုလင်နဲ့ တူတယ်။ ၇။ ဘုရားဖြစ်ဖို့ရန် မျိုးစေ့နဲ့ တူတယ်။ အညွှန့်နဲ့ တူတယ်။ ပါရမီီ ပြည့်ပြီးသော ဘုရားလောင်း ယောက်ျားစစ် ယောက်ျားမြတ် ဖြစ်၍ နောင်သောအခါ (အရိမေတ္တာယျ ) အမည်ဖြင့် ဘုရားစင်စစ် ဖြစ်လိမ့်မယ် လို့ဗျာဒိတ် စကားမိန့်ကြား တော်မူပါတယ်။

ချစ်သားတို့ အဇိတရဟန်းဟာ ရှေးလွန်လေပြီးသော အတိတ်ဘဝ ပဒုမ အမည်ရသော စကြာဝတေးမင်း ဘဝတုန်းက သုမိတ္ထ မြတ်စွာဘုရားကို ကျောင်း သင်္ကန်း ဆီမီးစသည် တို့ဖြင့် ပူဇော်ခဲ့တယ်။ ဗြဟ္မဘာဝီ မည်သော မင်းဖြစ်သော အခါတုန်းကလည်း မတ္တေယျ ့မြတ်စွာဘုရားကို ရတနာမဏ္ဌပ် တို့ဖြင့် ပူဇော်ခဲ့တယ်။ အဲဒီအချိန်မှစ၍ ၁၆သင်္ချေနှင့် ကမ္ဘာတသိန်း ထက်မှာ ပွင့်တော်မူကြတဲ့ မုဟုတ ္တမြတ်စွာဘုရား ထက်မှာ ပဘာဝန္တ စကြာဝတေးမင်း ဖြစ်ပြီးတော့ စကြာဝတေးမင်း အဖြစ်ကို စွန့်l မုဟုတ္တဘုရား ထံမှာ ရတနက မထေရ်ရဟန်း အမည်ဖြင့် ပါရမီဖြည့်၍ ဘုရားဆု ပန်ခဲ့တယ်။ အဲဒီမုဟုတ္တဘုရား လက်ထက် ရတနက မထေရ်ဘဝက စပြီး ဘုရားဆုပန်l အတိုင်းမသိသော ပါရမီ အဆောက်အဦးတို့ကို ဖြည့်ကျင့်ခဲ့တယ်။ တဏှင်္ကရာ ဘုရားစသော ၂၇ ဆူကုန်သော ဘုရားတို့ထံမှာ ပါရမီများစွာ ဖြည့်ကျင့် ဆည်းပူးပြီး ဗျာဒိတ်ခံခဲ့ရ၍ ယခုအခါ အဇာတသတ်မင်း ကဥ္စနဒေဝီ သားအဇိတ မင်းသားအဖြစ် ဖြင့်ငါဘုရားရဲ့ သာသနာတော်၌ ရဟန်းပြု၍ အဇိတရ ဟန်းအဖြစ် သီလ သမာဓိ ပညာ အကျင့်တို့ကိုဖြည့်ကျင့် စေလျက် ပါရမီ အပေါင်းကို ဆည်းပူးဖြည့်ကျင့် နေသော ဘဝတလျှောက် ခရီးအကြား၌ အညတြရဟန်း စသည့်ဖြင့် မထီမဲ့မြင် မပြုကြနှှင့် လို့ ဗျာဒိ်တ်စကား မိန့်ကြားတော် မူပါတယ်။ မြတ်စွာဘုရားရဲ့ ဗျာဒိတ်စကား ပြောကြားပြီးတဲ့ အဆုံးမှာအဇိတ ရဟန်းက အားရ ဝမ်းသာစွာ နဲ့မြတ်စွာဘုရားကို လက်အုပ်ချီပြီးတော့ မ်ိထွေးတော် ဂေါတမီထံက ရထား တဲ့ရွှေသင်္ကန်း အဝတ်ပုဆိုး တစ်ထည်ကို မြတ်စွာဘုရားရဲ့ ဂန္ဓကုဋိ ကျောင်းဆောင် အတွင်းမှာ မျက်နှာကျတ် အဖြစ် လှူဒါန်းပါတယ် ဘုရား။

ဤကဲ့သို့ လှူဒါန်းရသော ကုသိုလ် ကောင်းမှုကြောင့် တပည့်တော် ဘုရား ဖြစ်သောအခါ ရွှေပန်း ဆိုင်းl ငွေပန်းဆိုင်းl သန္တာပန်းဆိုင်းl ပုလဲပန်းဆိုင်း တို့ဖြင့်တန်ဆာ ဆင်လျက်ရတနာ ၇ ပါးနှင့် ပြည့်စုံပြီး တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းတဲ့ ဗိတာန် မျက်နှာကျတ် ဖြစ်ရပါလို၏ ဘုရားလို့ ဆုတောင်းပြီး ဘုရားရှင် ကိုဦးချကာ သူ့နေရာသူပြန် ထိုင်နေတယ်။ မြတ်စွာဘုရားက ဗျာဒိတ်ပေးခြင်း အဇိတရဟန်းလည်း ရွှေသင်္ကန်း ကပ်လှူခြင်းl ဆုတောင်းခြင်းပြီးတဲ့ အခါ အရှင်သာရိပုတ္တရာ က အရိမေတ္တာယျဘုရား အကြောင်းကိုသိ ချင်နေကြတဲ့ ရဟန်းတို့ရဲ့ အလို အဇ္စျာသယကို သိသဖြင့် အရှင်ဘုရား အဇိတရဟန်း ဘယ်သောအခါ ဘယ်သို့သော အခြင်းအရာဖြင့် အရိမေတ္တယျ ဘုရားဖြစ်မယ် ဆိုတဲ့ အကြောင်းကို လျှောက်ကြားတဲ့ အခါမြတ်စွာ ဘုရားက အရဟတ္တဖိုလ် စျာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂါတ် ကာလမှာ အရိမေတ္တယျဘုရား ဖြစ်တော်မူ မည့်အကြောင်းကို ဟောကြား တော်မူပါတယ်။ ချစ်သားသာရိပုတ္တရာl ငါဘုရား ပရိနိဗ္ဗာန်စံ့ပြီး ကာလကြာသော် တဖြည်းဖြည်းနဲ့ သာသနာ ဆုတ်ယုတ်လာ ပြီးတော့သာသနာအ နှစ် ငါးထောင်ပြည့်တဲ့ အခါမှာ ငါဘုရားရဲ့ သာသနာတော်ကြီး ကွယ်ပျောက်လိ်မ့်မယ်။

ချစ်သား သာရိပုတ္တရာ သာသနာကွယ်ပြီး တဲ့နောင်ကာလ ကြာရင်လူတွေဟာ မကောင်းမှု တွေသာပြု ကျင့်ကြလို့ လူတို့ရဲ့ အသက်တမ်း တွေက တစ်ရာကနေ ကိုးဆယ်l ကိုးဆယ်မ ှရှစ်ဆယ်l ရှစ်ဆယ်မှ ခုုနှစ်ဆယ်l ခုနှစ်ဆယ်မှ ခြောက်ဆယ်l ခြောက်ဆယ်မှ ငါးဆယ် အစဉ်အတိုင်း အသက်တမ်း ယုတ်လျော့ကုန် ပြီးတော့ သက်တမ်းငါးနှစ် အရွယ်ရောက်တဲ့ အခါ ငါးနှစ်အရွယ ်ယောင်္ကျား မိန်းမတွေက အိ်မ်ထောင်တွေပြုl ယောက်ျားတွေရ မိန်းမတွေရနဲ့ သားတွေသမီး တွေနဲ့ ဖြစ်ကြလိမ့်မယ်။ ခြောက်နှစ် ခုနှစ်နှစ်တွေက မြေးတွေ မြစ်တွေနဲ့ ဖြစ်ကြလိမ့်မယ်။ အဲဒီအခါကြရင် ကပ်ကြီးသုံးပါး ပေါ်ပေါက် လာလိမ့်မယ်။ သတ္တန္တရကပ် လက်နက်ကြောင့် သေကြရတဲ့ ပုဂ္ဂိုလ်တွေ ငရဲပြည်သို့ ရောက်ကြ လိမ့်မယ်။ ဒုဗ္ဘိက္ကန္တရကပ်l ငတ်မွတ် ခေါင်းပါး အစာ မစားရလို့သေတဲ့ပုဂ္ဂိုလ် တွေက ပြိတ္တာဘုံသို့ ရောက်မယ်။ ရောဂန္တရကပ် အနာရောဂါဖြစ်ပြီး သေကြတဲ့ ပုဂ္ဂိုလ်တွေက ငါတို့ရော ဂါဘယ တွေဖြစ်ရလို့ ကိုယ်စိတ်နှစ်ပါး ဒုက္ခဆင်းရဲတွေ ခံကြရသလို သူတပါးတွေလည်း ငါတို့လို ဆင်းရဲ ဒုက္ခတွေ မဖြစ်ကြပါစေနဲ့ ဆိုပြီး မေတ္တာစိတ်နဲ့ သေတဲ့အတွက်် ကြောင့်နတ်ပြည်ကို ရောက် လိ်မ့်မယ်။ အဲဒီကပ်သုံးပါး ဆိုက်ရောက်နေ ကြရတဲ့ အချိန်အခါမှာ ဝိသကြုံနတ် သားက လူ့ပြည်ကို ဆင်းလာပြီးလူ တွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတာကို မကြည့်မမြင်ရက်လို့ သတိပေး လိမ့်မယ်။ အိုလူသားတို့ ဒီကနေ့ကစ ရရက်အတွင်း လူသားတွေ အပြစ်မရှိအပြစ်ရှာl အချင်းချင်း တယောက်နဲ့တယောက် သားငါးအမှတ်ဖြင့် သတ်ကြဖြက်ကြ ခုတ်သတ်ကြ လိမ့်မယ်။ အဲဒီဘေးအန္တရယ်မှ လွတ်မြောက် ချင်ကြလို့ရှိရင် (၇) ရက်စာရိက္ခာ အပြည့်အစုံယူပြီး တစ်ယောက်ချင်း သာ တောမြောင် ချောက်ခြားသို့ လူချင်းမတွေ့အောင် ပုန်းအောင်း နေပြီး (၇) ရက် ကျော်လွန်မှသာ လျှင်ပြန်လာခဲ့ကြပါ။ ယုံကြည်ကြ တဲ့သူတွေက (၇) ရက် စာရိက္ခာယူ ပြီးတော့ တောတောင် ချောက်ခြား သို့သွား၍ ပုန်းနေကြတယ်။

မယုံကြည်ကြတဲ့ ပုဂ္ဂိုလ်တွေက အ ချင်းချင်း သတ်ကြဖြတ်ကြလို့ အရိုးအသားတွေပြည့်လျှံl အရိုးတွေ သွေးတွေနဲ့ ဖြစ်ကုန်ကြတဲ့ အခါမိုး ကြီးရွာချl အရိုးအသားတွေ မျောကုန် ကြလိမ့်မယ်။ တောမြောင် ချောက်ခြား ပုန်းအောင်းနေကြတဲ့ လူတွေ ၇ ရက် ပြည့်လို့ပြန်လာ ကြတဲ့အခါ လူတွေ မတွေ့ရမမြင်ရ လို့အချင်းချင်းရိုင်းပင်း ကူညီ lကု သိုလ် ကောင်းမှုတွေပြုl မေတ္တာ စိတ်တွေ ဖြစ်ပေါ်လာကြလိမ့်မယ်။ အဲဒီလို မေတ္တာစိတ်l ကုုသိုလ်စိတ် တွေဖြစ်ပေါ်ပေါက် လို့ကုသိုလ် ကောင်းမှုတွေ ပြုတဲ့အခါ ဆယ်နှစ် နေကြရသူတွေကအသက်နှစ် ဆယ်lအသက်နှစ်ဆယ်မိဘတွေ ကမွေးဖွားတဲ့သားသမီးတွေက အသက်လေးဆယ်။အဲဒီလိုအစဉ် အတိုင်းလူတို့ရဲ့အသက်တမ်းဟာ ွှရှည်ရှည်ပြီးတက်သွားမှာ။ကိုယ့် အသက်ကိုမရေမတွက်နိုင်အောင် အသင်္ချေယျထိဖြစ်သွားလိမ့်မယ်။

သက်တမ်းမရေမတွက်နိုင်အောင် ရှည်တဲ့အသင်္ချေယျခေတ်မှာ အနိစ္စ ဒုက္ခ အနတ္တတရားတွေ အလွယ်တကူမမြင်နိုင်တော့ဘူး။ အိုခြင်း နာခြင်း သေခြင်းတရား တွေမမြင်နိုင်။ဘယ်မြင်နိုင်ပါ့မလဲ။ လူတယောက်အိုဖို့နာဖို့သေဖို့ဆို တာတော်တော်ကြာအောင်စောင့် နေရမှာ။ အိုတဲ့သူတွေ့ရင်အထူးအဆန်း ုဖြစ်သွားပြီးနာတဲ့သူတွေ့ရင်လည်း အထူးအဆန်းဖြစ်ကုန်ပြီ။သေတဲ့ သူတွေ့ရင်တော့ဝိုင်းအုံကြည့်ရ တဲ့ခေတ်။ သက်တမ်းရှည်တဲ့ခေတ်မှာအိုနာသေခဏlခဏမ ပေါ်တော့သံဝေဂမဖြစ်။သံဝေဂမ ဖြစ်တော့အိုရမယ့်ဒုက္ခlနာရမယ့် ဒုက္ခသေရမှာကိုလည်းမကြောက် ကြတော့ဘူး။ မကြောက်ကြတော့ ကိုယ်ကျင့်တရားတွေပျက်ပြားပြီး အသင်္ချေယျသက်တမ်းမှတဖြည်း ဖြည်းဆုတ်ယုတ်၍သက်တမ်းတို လာလိမ့်မယ်။ ့တဖြည်းဖြည်းသက်တမ်းဆုတ် ယုတ်လာပြီးသက်တမ်းတစ်သိန်း ရောက်တဲ့အခါ ယခုငါဘုရားသီ တင်းသုံးနေတဲ့ဗာရာဏသီပြည် သည်အလျား ၁၂ ယူဇနာlအနံ ရယူဇနာကျယ်ဝန်းတဲ့ကေတုမ တီမည်သောမင်းနေပြည်တော် ဖြစ်လိမ့်မယ်။ အဲဒီကေတုမတီ ပြည်မှာသင်္ခစကြာဝတေးမင်းအုပ် ချုပ်၍မင်းလုပ်လိမ့်မယ်။ ရိုးရိုးဘုရင်မဟုတ်ဘူး။ စကြာဝ တေးမင်း။စကြာဝတေးမင်းရဲ့မိဖု ရားကဝိသာခါတဲ့။သင်္ခစကြာဝ တေးမင်းမှာတစ်ဖက်သောရန်သူ ကိုချေမှုန်းပြစ်နိူင်တဲ့သားပေါင်း တစ်ထောင်ဖြစ်ထွန်းလိမ့်မယ်။ ကေတုမတီမြို့နှင့်တကွမြို့ ပေါင်းရှစ်သောင်းလေးထောင်ရှိ လိမ့်မယ်။

ကေတုမတီမြို့လယ် ခေါင်မှာရတနာ ရပါးနှင့်ပြည်စုံပြီး တံတိုင်းအကာအရံနဲ့လူတွေရဲ့ မျက်စိနဲ့စူးစိုက် မကြည့်နိုင် ်လောက်အောင်သောအရောင်အ ဝါဖြင့်အထပ်တစ်ရာရှိတဲ့ပြသဒ် ယာဉ်ကြီးရှေးဘုန်းရှေးကံကြောင့် ပေါ်ပေါက်လာလိမ့်မယ်။ ရှေးဘုန်းကံကြောင့်ဆိုတာကို သိအောင်ပြောပြရမယ်ဆိုရင်ကေ တုမတီမြို့ဟာဟိုးရှေးအခါတုန်း ကမဟာပနာဒမင်းနေသွားခဲ့ဖူး တယ်။ အဲဒီမဟာပနာဒမင်းရဲ့ဘုန်း ကံနဲ့ယခုလက်ရှိသင်္ခစကြာဝတေး မင်းရဲ့ဘုန်းကံကိုပြောတာ။ သင်္ခစကြာဝတေးမင်းနဲ့မဟာပနာ ဒမင်းဟာအတိတ်ဘဝရှေးအခါက ကျူထရံသည်သားအဖနှစ် ယောက်ဖြစ်ခဲ့ဖူးစဉ်ကပစ္စေကဗုဒ္ဓါ အရှင်မြတ် ၈ ပါးကိုကျူရိုးသဖန်း သားတို့ဖြင့်သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးဘုရား တပည့်တော်တို့သားအဖနှစ် ယောက်ဘဝဖန်ခါသံသရာကြီးထဲ မှာကျင်လည်ကျတ်စားပြေးလွှား ကြသည်ရှိသော်မြင့်မြတ်သော ပုဂ္ဂိုလ်တို့နှင့်သာထိုက်တန်သော ဆန်းကျယ်သောဘုံဗိမာန်ကြီးကို ရပြီးတော့အဆုံးဘဝနောင်ကာလ ၌မဂ္ဂင်ဖေါင်ကြီးငြိမ့်ငြိမ့်စီးလျက် ဘေးအတန်တန်အေးငြိမ်းရာအ မှန်နိဗ္ဗာန်အောင်ခန်းမြို့တော်နန်း သို့ကူးမြောက်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရပါစေသားအရှင်မြတ်တို့ဘု ရားလို့ဆုတောင်းပြီးပစ္စည်းလေး ပါးဖြင့်အသက်ထက်ဆုံးလှူဒါန်းခဲ့ တယ်။ သားအဖနှစ်ယောက်သေတဲ့အခါ နတ်ပြည်မှာအတူတူဖြစ်ကြရ တယ်။ အဖကနတ်ပြည်မှာကျန်ခဲ့ တယ်။ သားကနတ်ပြည်မှစုတေပြီး လူ့ပြည်မှာသုရုစိမင်းသုမေဓာ၏ သားမဟာပနာဒမင်းဖြစ်တယ်။ အတိတ်ဘဝကပစ္စည်းလေးပါးဖြင့် ပစ္စေကဗုဒ္ဓ ၈ ပါးကိုကျောင်းလှူ ခဲ့တဲ့ကုသိုလ်ကံကြောင့်သိကြား မင်းကမဟာပနာဒမင်းနေဖို့ရာအ တွက်ဝိသကြုံနတ်သားကိုအမြင့် ၂၅ ယုဇနာlအကျယ် ၈ ယုဇနာ အထပ် ၁၀၀ ရှိတဲ့ပြဿဒ်ကိုဝိသ ကြုံနတ်သားကိုဖန်ဆင်းပေးခိုင်းတယ်။

မဟာပနာဒမင်းမရှိသောအခါပြ ဿဒ်ကြီးပျက်စီးမသွားပဲနတ် ပြည်မှာကျန်ခဲ့သောအဖနတ်သား အတွက်ဂင်္ဂါမြစ်ထဲမှာမြုပ်နေပြီး အရိမေတ္တယျဘုရားရှင်ပွင့်သော အခါမှဂင်္ဂါမြစ်ထဲမှထွက်ပေါ်လာ ၍ကေတုမတီမြို့လည်၌ သင်္ခ စကြာဝတေးမင်းစံမြန်း ဖို့ရန်အ တွက်ထွက်ပေါ်လာလိမ့်မယ်။ ထိုအခါအဖနတ်သားသည်နတ် ပြည်မှစုတေ၍ကေတုမတီပြည် သင်္ခစကြာဝတေးမင်းဖြစ်လျက် အတိတ်ဘဝကသားတော်စပ်ခဲ့ဖူး သောမဟာပနာဒမင်းစံမြန်းခဲ့ သော အထပ်တစ်ရာရှိသောပြဿဒ်ကြီး ၌စံမြန်းလျက်နေစဉ်လူ့ဘောင် လောကငြီးငွေ့လာသောအခါ ရ ဟန်းမဝတ်မှီမှာပင်ငါ့ရဲ့ပြဿဒ်ကြီး အစိတ်စိတ်အမွှာမွှာဖြစ်ပါစေ သတည်းဟုအဓိဋ္ဌာန်လျက် …အရိမေတ္တာယျဘုရားအကြောင်း သိကောင်းစရာများ(၅)ထိုပြဿဒ်ကိုရဟန်း ပုဏ္ဏား ဆင်းရဲသားအထီးကျန်သူတောင်း စားတို့အားအလှူပေး၍ဝိသာခါမိ ဖုရားနှင့်အတူအနီးအပါးခစားကုန် ကြသောကုဋေကိုးသောင်းကျော် သောလူအပေါင်းတို့သည်တစ် ယောက်မကျန်သင်္ခမင်းနဲ့အတူ ဧဟိဘိက္ခုရဟန်းများဖြစ်လိမ့်မယ် စကြာဝတေးမင်း၏ အတိတ်ဘဝကသားတော်စ သောမဟာပဒါနမင်းသည်လူ့ပြည် နတ်ပြည်တို့၌သာဖြစ်လျက် ဂေါ တမဘုရားပွင့်တော်မူသောအခါ ဘဒ္ဒိယသူဋ္ဌေးဖြစ်လျက်ပြဿဒ် သုံးဆောင်ကိုနွေမိုးဆောင်းသုံးရာ သီတို့၌တစ်လှည့်စီခံစားနေစဉ် မြတ်စွာဘုရား၏တရားတော်ကို နာကြားရ၍ဖစ်လေသည်။ ဘဒ္ဒိယရဟန္တာဖြစ်သောနေ့ မှာပင်ဘဒ္ဒိယရဟန်းဟူသောအ မည်ဖြင့်ရဟန်းဖြစ်လျက်မြတ်စွာ ဘုရားနှင့်အတူရေကြောင်းခရီး ကြွတော်မူစဉ်မြတ်စွာဘုရားက ဘဒ္ဒိယသည်ပုထုဇဉ်လော/ရဟန္တာလောဟုတခြားသော ရဟန်းများသံသယလွတ်ကင်းစေ ခြင်းငှာ ချစ်သားဘဒ္ဒိယlသင်အ တိတ်ဘဝကမဟာပနာဒမင်းဖြစ် ခဲ့စဉ်အခါတုန်းကစံမြန်းခဲ့သော ပြဿဒ်ကြီးဘယ်နားမှာလဲဟုမေး လိုက်သောအခါဘဒ္ဒိယရဟန္တာမ ထေရ်သည်စျာန်အဘိညာဉ်ဝင် စားပြီးပြဿဒ်ကြီး၏အထွဋ်ကို ခြေမဖြင့်ညပ်ယူ၍မလိုက်သောအ ခါပြဿဒ်ကြီးရေပေါ်၌ယူဇနာနှစ် ဆယ်အမြင့်သို့ရောက်လေသော ငါး လိပ် ပုဇွန် နဂါး မိကျောင်း စ သောသတ္တာဝါများပြုတ်ကျလာ သောအခါမြတ်ဘုရားက ချစ်သားဘဒ္ဒိယlအတိတ်ဘဝ တုန်းကအတူနေခဲ့တော်စပ်ခဲ့ သောမောင်းမမိဿံနှင့်တကွဆွေ မျိုးတွေပြဿဒ်ကြီးကိုစွဲလမ်းပြီး တိရိစ္ဆာန်တွေဖြစ်နေကြတာl

အခု ုပြုတ်ကျလို့မင်းဆွေမျိုးတွေပင် ပန်းကြကုန်ပြီlပြန်လွှတ်လိုက်ပါ တော့လို့မိန့်ကြားတော်မူသဖြင့် ပြဿဒ်ကြီးသည်နေမြဲတိုင်းနေရာ ဖြစ်သောမြစ်လယ်ခေါင်၌ပင်နစ် မြုတ်သွားလေသည်။ကျောင်းလှူ ခဲ့သောဆင်ရဲသားသားအဖနှစ် ယောက်သည်သားဖြစ်သူကဂေါတမမြတ်စွာဘုရာ း ထံမှာရဟန္တာ ဖြစ်lနိဗ္ဗာန်ကိုရတယ်။အဖဖြစ်သူ ကအရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူသောအခါမှာသင်္ခစ ကြာဝတေးမင်းဖြစ်လျက်ရဟန္တာ ုဖြစ်lနိဗ္ဗာန်ကိုရလိမ့်မယ်။ မဟာပနာဒမင်းဟာအတိတ်ဘဝ ရှေးအခါကကျူထရံသည်သားအ ဖနှစ်ယောက်ဖြစ်ခဲ့ဖူးစဉ်ကပစ္စေ ကဗုဒ္ဓါအရှင်မြတ်ကိုကျူရိုးသဖန်း သားတို့ဖြင့်သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးပစ္စည်း လေးပါးဖြင့်အသက်ထက်ဆုံးလှူ ဒါန်းခဲ့တယ်။ သားအဖနှစ်ယောက် သေတဲ့အခါနတ်ပြည်မှာဖြစကြရ တယ်။ အဖကနတ်ပြည်မှာကျန်ခဲ့ တယ်။ သားကနတ်ပြည်မှစုတေပြီး လူ့ပြည်မှာသုရုစိမင်းသုမေဓာ၏ သားမဟာပနာဒမင်းဖြစ်တယ်။ အတိတ်ဘဝကကျောင်းလှူခဲ့တဲ့ ကုသိုလ်ကံကြောင့်သိကြားမင်း ကမဟာပနာဒမင်းနေဖို့ရာအ တွက်ဝိသကြုံနတ်သားကိုအထပ် တစ်ရာရှိတဲ့ပြဿဒ်ကိုဝိသကြုံ နတ်သားအားဖန်ဆင်းပေးခိုင်း တယ်။ မဟာပနာဒမင်းမရှိတော့ပြ ဿဒ်ယာဉ်ပါပျောက်သွားပြီးကေ တုမတီပြည်သင်္ခစကြဝတေးမင်း စိုးမိုးအုပ်ချုပ်တဲ့အခါသင်္ခစကြဝ တေးမင်းအတွက်ဂင်္ဂါမြစ်ထဲမှပေါ် လာပြီးကေတုမတီမြို့လယ်ခေါင် မှာပေါ်ပေါက်လိမ့်မယ်။

ကေတုမတီမြို့ပတ်ဝန်းကျင် မှာလည်းရတနာတို့ဖြင့်ခြံရံ၍အ ရောင်ခုနှစ်မျိုးရှိသောတံတိုင်းခုနှစ် ထပ်lထန်းပင်စဉ်ခုနှစ်ထပ်ပေါ် ပေါက်၍ကာရံထားလိမ့်မယ်။မြို့ တံခါးလေးမျက်နှာမှာလည်းရွှေဇ ရပ်တွေပေါ်ပေါက်လိမ့်မယ်။မြို့ ထက်ဝန်းကျင်မှာရှိတဲ့ရှင်ဘုရင်ဥ ယျာဉ်တွေထဲမှာပန်းမျိုးစုံတို့ကမြ ရည်သွန်းသကဲ့သို့မွှေးပျံ့သင်း လှိုင်နေလိမ့်မယ်။ ကေတုမတီပြည် ၏မြို့အလယ်ခေါင်၌၄င်းlပြဿဒ် အယာမ်lတံတိုင်းအယာမ်တို့မှာ အဖြူlအနီlအဝါlအရွှေlအစိမ်းlအ မည်းlအကြောင်အကြားlပြိုးပြိုး ုပြတ်ရှိသောနတ်ပုဆိုးတန်ဆာlတ ခြားတခြားသောတိုင်းနိုင်ငံတွေမှ ထွက်ပေါ်လာတဲ့အဝတ်ပုဆိုးlထ မင်းဘောဇဉ်lအဖျော်စသောလူ အများသုံးဆောင်စားသောက် ကောင်းသောအရသာဟူသမျှ တွေပဒေသာပင်မှာတွဲလဲစွဲလျက် ွှှိရှိကြလိမ့်မယ်။ အဲဒီအချိန်မှာအရိမေတ္တ ယျဘုရားလောင်းက ၁၆ သချေင်္ နှင့်ကမ္ဘာတစ်သိန်းပါရမီတွေဖြည့် ကျင့်ပြီး၍တုသိတာနတ်ပြည်မှာရှိ နေမယ်။ စကြာဝဋ္ဌာတိုက် တစ် သောင်းမှာနေထိုင်ကြတဲ့ နတ် ဗြဟ္မာအပေါင်းတွေကဘုရားအ လောင်းတော်နတ်သားကိုအ လောင်းတော်နတ်သားလူ့ပြည်ကို ဆင်း၍ဘုရားဖြစ်ဖို့ရန်အချိန်တန် ပါပြီ။ လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးငှာလူ့ပြည်ဆင်း၍ဘုရား ဖြစ်တော်မူပါလို့လျှောက်ထား တောင်းပန်ကြလိမ့်မယ်။ အလောင်းတော်နတ်သား ကလူ့ပြည်ဆင်း၍ပဋိသန္ဓေယူဖို့အရာအတွက်ဘု ရား အလောင်း တို့ရဲ့ထုံးတမ်းအစဉ်အလာဓမ္မတာ အရပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါးကိုအရင်ကြည့်ပြီး မှယူလေ့ရှိတယ်။ ၁။ဘုရားဖြစ်ဖို့ရာခေတ်အခါကာ လကိုကြည့်ရှုခြင်း ၂။ ဘုရားဖြစ်ပွင့်ရာကျွန်းကိုကြည့် ရှုခြင်း ၃။ ဘုရားဖြစ်ပွင့်ရာဒေသကိုကြည့် ရှုခြင်း ၄။ ဘုရားအလောင်းတို့ဖြစ်ရာ အ မျိုးကိုကြည့်ရှုခြင်း ၅။ဘုရားအလောင်းမယ်တော်၏ အသက်အပိုင်းအခြားကိုကြည့်ရှု ခြင်း ၁။ လူ့လောက၌ဘုရားအဖြစ်ပွင့် ရာအချိန်အခါတန်ပြီလောlမတန် သေးလောဟုရှေးဦးစွာကြည့်ရှုရ တဲ့ရည်ရွယ်ချက်က လူ့လောက၌သက်တမ်း တစ်သိန်းအထက်ကာလသည် ရှည်လျားလှသောအသက်တမ်း ကာလ၏ဖုံးလွမ်းကာကွယ်မှု ကြောင့်အနိစ္စဒုက္ခအနတ္တသဘော တရားတို့ကိုဟောကြားလျင်ကြား နာသူလူတို့သည်ဘာတွေများ ဟောကြားနေပါလိမ့်ဟူ၍မဝေနိုင် မခွဲနိုင်ဖြစ်ကာသက်ဝင်ယုံကြည် ကြလိမ့်မည်မဟုတ်။သံသရာဝဋ် မှထွက်မြောက်ခြင်းအကျိုးမပြီး အချည်းအနှီးသာဖြစ်၍ပဋိသန္ဓေ အိုနာသေဆင်းရဲတို့မထင်ရှား။မ သိမြင်နိုင်ကြသောကြောင့်အနှစ်တသိန်းထက်အ သ က်တမ်းရှည် လျားသောကာလသည်ဘုရားပွင့် ရာကာလမဟုတ်။ လူတို့၏သက်တမ်းအနှစ်တစ်ရာ တမ်းအောက်ဖြစ်ပွားကြသော သတ္တဝါတို့သည်ကိလေသာတ ရားမျာပြားထူပြောကြသဖြင့်ဟော ပြောပြသပေးဝေငှအပ်သောဘု ရားအဆုံးအမတော်သည်ရေပြင်၌ တုတ်ချောင်းဖြင့်ရေုးခြစ်အပ်သော အရေးအသားပမာရှည်လျားကြာ မြင့်စွာမတည်တံ့ပဲလျင်မြန်စွာ ပျောက်ပြယ်ကင်းကွယ်လေသကဲ့ သို့ဘုရားရှင်အဆုံးအမတရား တော်သည်လျင်မြန်စွာမေ့လျော့ ပျောက်ကွယ်သည်သာဖြစ်သော ကြောင့်အနှစ်တရာအောက်ကာ လသည်မြတ်စွာဘုရားများဖြစ် ပေါ်ပွင့်တော်မူရာအခါကာလမ ဟုတ်။ လူတို့၏သက်တမ်းအနှစ် တစ်သိန်းတမ်းနှင့်အနှစ်တရာ တမ်းlဤနှစ်တမ်းတို့အပါအဝင်အ ကြားဖြစ်သောအခါကာလသည် သာလျှင်မြတ်စွာဘုရားတို့ဖြစ်ပွင့် တော်မူကြရာကာလမည်သော ကြောင့်ဤအခါကားဘုရားဖြစ်ရန် လျော်ကန်လျောက်ပတ်လှသော အခါကာလပေတည်းဟုဘုရား ဖြစ်ရန်ကာလကိုကြည့်ရတယ်။ ၂။ ကျွန်းကြီးလေးကျွန်းထဲမှရှေးဘု ရားရှင်တို့ပွင့်တော်မူရာကျွန်းကို ကြည့်ရတယ်။ ဘုရားဖြစ်ရာကျွန်း ကိုကြည့်ရှုဆင်ခြင်ရာမှာကျွန်း ငယ်ငါးရာစီအခြံအရံရှိသောကျွန်း ကြီးလေးကျွန်းတို့အနက်ဇမ္ဗူ့သ ပြေပင်ပေါက်ရာဖြစ်၍ထိုဇမ္ဗူ့သ ပြေပင်ဖြင့်မှတ်သားခေါ်ဆိုအပ် သောဤဇမ္ဗူထိပ်ကျွန်းကြီး၌သာ လျင်ရှေးဘုရားတို့ပွင့်ကြ၏ဟုဘု ရားဖြစ်မည့်ကျွန်းကိုကြည့်ရတယ်။